0 Shares 232 Views 2 Comments

Google Docs မှာ အသံနဲ့တင် စာရိုက်နိုင်ပြီ

Mar 02, 2016
0 232 2

ကွန်ပြူတာမှာ စာတွေအရမ်းရိုက်နေရလို့ လက်တွေညောင်းနေပြီလား။ မပူပါနဲ့။ နည်းပညာထွန်းကားလာတဲ့ ခေတ်ကြီးမှာ စာရိုက်ဖို့အတွက် သင့်လက်ချောင်းတွေကို အသုံးပြုစရာမလိုတော့ပါဘူး။

ရှာဖွေရေးအင်ဂျင်ကအစ၊ မောင်းသူမဲ့ကားတွေကိုပါ ထုတ်လုပ်တဲ့ နည်းပညာကုမ္ပဏီကြီး Google ဟာ အသံနဲ့တင် စာရိုက်နိုင်တဲ့စွမ်းဆောင်ရည်ကို Google Docs မှာ ထည့်သွင်းပေးလိုက်ပါပြီ။

ဒီ Voice Typing စနစ်ဟာ Google Docs မှာ စာရိုက်နိုင်ရုံတင်မက၊ စာပြင်တာ၊ ရေးထားတဲ့စာတွေကို စတိုင်ပြောင်းတာ၊ Smiley ထည့်တာ၊ စာပုဒ်ခွဲတာ စတာတွေကိုပါ အသံနဲ့တင် စေခိုင်းနိုင်ပါတယ်။

လက်ရှိမှာတော့ Chrome browser ကနေ Google Docs ကို ၀င်သုံးမှ အသံနဲ့စာရိုက်စနစ်ကို အသုံးပြုနိုင်မြှ ဖြစ်ပြီး၊ Google Sheets တို့ Slides တို့မှာတော့ အသံစာရိုက်စနစ်ကို သုံးနိုင်ဦးမှာမဟုတ်သေးပါဘူး။

Google Docs မှာ အသံစာရိုက်စနစ်ကိုအသုံးပြုဖို့အတွက်၊ ပထမဦးစွာ၊ Chrome browser ကနေ Google Docs ကို ၀င်ပါ။ Navigation ဘားမှာ ပြထားတဲ့ Tools ဆိုတာထဲဝင်ပြီး၊ ‘Voice Typing’ ကို ကလစ်နှိပ်လိုက်ရုံနဲ့၊ မိုက်ခရိုဖုန်းပုံလေးပေါ်လာမှာဖြစ်ပြီး၊ အသံနဲ့ စာရိုက်ခိုင်းနိုင်ပါပြီ။

အသံနဲ့ စာရိုက်ရာမှာ၊ မှန်ကန်တိကျမှုရှိရုံတင်မက၊ ပုဒ်ဖြတ်ပုဒ်ရပ်တွေ၊ စာလုံးတွေကို select လုပ်တာ၊ delete လုပ်တာ၊ bullet အမှတ်အသားတွေထည့်တာ စတာတွေကိုပါ အသံနဲ့တင် တိတိကျကျစေခိုင်းနိုင်တာကို တွေ့ရပါတယ်။

Ref: Wired

You may be interested

ဝန်ထမ်းတွေရဲ့ ကိုယ်ထဲကို Micro Chips တွေ ထည့်သွင်းခဲ့လို့ ဝေဖန်ခံနေရတဲ့ နည်းပညာကုမ္ပဏီ
Chipset, Knowledge, Mobiles & Tablets
360 shares568 views

ဝန်ထမ်းတွေရဲ့ ကိုယ်ထဲကို Micro Chips တွေ ထည့်သွင်းခဲ့လို့ ဝေဖန်ခံနေရတဲ့ နည်းပညာကုမ္ပဏီ

zayarsan - Jul 25, 2017

ဝန်ထမ်းဦးရေ အယောက် ၅၀ သာ ရှိပေမယ့် အမေရိကန်ကုမ္ပဏီလောကမှာတော့ ၀န်ထမ်းတွေရဲ့ ခန္ဓာကိုယ်ထဲကို MicroChips တွေ ကနဦး ထည့်သွင်းခဲ့တဲ့ ကုမ္ပဏီ ဖြစ်လာပြီး အခုအချိန်မှာတော့ အဲဒီ ကိစ္စရပ်အတွက် ဝေဖန်မှုပေါင်းများစွာ နဲ့ ရင်ဆိုင်နေရပြီး လူ့အခွင့်အရေး အဖွဲ့အစည်းများစွာကလည်း တရားစွဲဖို့အထိ…

Code ရေးနည်း သင်ပေးမယ့် အခမဲ့ ဂိမ်း (၉) ခု
FEATURES, Games, Softwares & Application
517 shares328 views

Code ရေးနည်း သင်ပေးမယ့် အခမဲ့ ဂိမ်း (၉) ခု

Ko Thuya - Jul 25, 2017

ဒီနေ့ခေတ်မှာ သင် ၀ါသနာ ပါတဲ့ ပညာရပ်များကို အွန်လိုင်းကနေ သင်ကြားနိုင်ပါပြီ။ Programming ကို လေ့လာချင်သူများအတွက်လည်း အွန်လိုင်းမှာ သင်တန်းများ၊ ၀က်ဆိုက်များစွာ ရှိနေပါပြီ။ ကုဒ်ရေးနည်း သင်ပေးတဲ့ အခမဲ့ ဂိမ်းများတောင် ပေါ်နေပါပြီ။ ဂိမ်းတစ်ခုထဲကနေ ကွန်ပြူတာ ဘာသာစကားများကို ပြည့်စုံအောင်…

ASUS က ZenFone 4 ရဲ့ ဓါတ်ပုံအရည်အသွေး ကို ၀င့်ဝင့်ကြွားကြွား ထုတ်ဖော်ပြခဲ့
ASUS, Gadgets, HUBS
274 shares197 views

ASUS က ZenFone 4 ရဲ့ ဓါတ်ပုံအရည်အသွေး ကို ၀င့်ဝင့်ကြွားကြွား ထုတ်ဖော်ပြခဲ့

zayarsan - Jul 25, 2017

ရုရှနိုင်ငံမှာ ZenFone 4 Max ကို စတင်လွှင့်ထုတ်ခဲ့ပြီးနောက် ASUS ဟာ သူရဲ့ ဗားရှင်း ZenFone 4 ရဲ့ ကင်မရာ အရည်အသွေးကို ၀င့်ဝင့်ကြွားကြွားပဲ ထုတ်ဖော်ပြသခဲ့တယ် လို့ ဆိုပါတယ်။ ထုတ်ဖော်ပြခဲ့တဲ့ ဓါတ်ပုံတွေအရ ZenFone 4…

2 Responses

  1. Google translate က မြန်မာလိုလဲ ရပါတယ်ခင်ဗျာ။

Leave a Comment

Most from this category