Selena Gomez ရဲ့ Instagram အကောင့်ကို Hack ပြီး Justin Bieber ရဲ့ ကိုယ်လုံးတီးဓါတ်ပုံများ တင်မှု ဖြစ်ပွား

Justin Bieber ရဲ့ကိုယ်လုံးတီး ဓါတ်ပုံများ တင်ပြီးနောက် တနင်္လာနေ့မှာ Selena Gomez ရဲ့ Instagram အကောင့်ကို ယာယီ ပိတ်သိမ်းမှု ဖြစ်ခဲ့ပါတယ်။ Gomez ရဲ့ အကောင့်ဟာ ဟက်ခံရခြင်း ဖြစ်တယ်လို့ အတည်ပြုထားပါတယ်။ အခုတော့ သူမ အကောင့်ကို ပြန်လည် အသုံးပြုနိုင်ပြီ ဖြစ်ပြီး ချစ်သူဟောင်း Justin Bieber ရဲ့ ကိုယ်လုံးတီး ဓါတ်ပုံများကိုလည်း သူမ အကောင့်ကနေ ဖျက်ပြီး ဖြစ်ပါတယ်။

Selena Gomez ဟာ Instagram လူမှုကွန်ရက်မှာ Follower ပေါင်း ၁၂၅ သန်း ရှိပါတယ်။ သူမ အကောင့်မှာ တင်ခဲ့တဲ့ ဓါတ်ပုံများဟာ ၂၀၁၅ ခုနှစ်မှ Justin Bieber ရဲ့ Bora Bora အလည်ခရီးမှာ ရိုက်ကူးထားခြင်း ဖြစ်ပါတယ်။ Bieber ကတော့ ကိုယ်လုံးတီးနေထိုင်ခြင်းဟာ သက်တောင့်သက်သာရှိစေတယ်လို့ ၂၀၁၅ ခုနှစ်က Access Hollywood ကို ပြောကြားခဲ့ဖူးပါတယ်။

Selena Gomez နဲ့ Justin Bieber တို့ ချစ်ကြိုးသွယ်နေတဲ့ သတင်းဟာ ၂၀၁၀ ခုနှစ်က စတင် ထွက်ပေါ်ခဲ့ခြင်း ဖြစ်ပြီး သူတို့ နှစ်ဦးဟာ ကာလရှည်ကြာစွာ တွဲခဲ့ကြပါတယ်။ သူတို့ဟာ Vanity Fair Oscars Party ကို အတူတွဲတက်ပြီးနောက် ၂၀၁၁ ခုနှစ်မှာ သူတို့ ချစ်သူများ ဖြစ်နေပြီဆိုတာကို လူသိရှင်ကြား အတည်ပြုခဲ့ကြပါတယ်။ ဒါပေမယ့်လည်း နောက်ပိုင်းမှာ သူတို့ ပြတ်စဲသွားကြပါတယ်။ အဲဒီအချိန်ကတည်းက သူတို့ နှစ်ယောက်ရဲ့ ဆက်ဆံရေးဟာ တွဲလိုက်၊ ပြတ်လိုက် ဖြစ်နေခဲ့ပေမယ့်လည်း လူသိရှင်ကြား မကြေညာခဲ့ပါဘူး။

ref : variety

%d bloggers like this: