Huawei က မြန်မာနိုင်ငံမှာ ရှေ့ဆက်မည့် လုပ်ငန်းစဉ်များကို ထုတ်ဖော်ကြော်ငြာ

Huawei ဟာ ၂၀၁၇ခုနှစ်မှာ Brand Z ရဲ့ ကမ္ဘာ့တန်ဖိုးအရှိဆုံးအမှတ်တံဆိပ် ၁၀၀ တွင် အဆင့် ၄၉ နေရာကိုလည်းကောင်း၊ Forbes မဂ္ဂဇင်း၏ ကမ္ဘာ့တန်ဖိုးအရှိဆုံးအမှတ်တံဆိပ်များတွင် အဆင့် ၈၈ နေရာကိုလည်းကောင်း၊ Brand Finance ၏ ကမ္ဘာ့တန်ဖိုးအရှိဆုံးအမှတ်တံဆိပ် ၅၀၀ စာရင်းတွင် အဆင့် ၄၀ နေရာကိုလည်းကောင်း ရရှိခဲ့ပြီး Fortune မဂ္ဂဇင်းမှ ထုတ်ပြန်သော၂၀၁၇ခုနှစ်အတွက် အကောင်းဆုံး Fortune ကုမ္ပဏီ ၅၀၀ စာရင်းတွင် အဆင့် ၈၃ နေရာသို့ ရောက်ရှိခဲ့တယ် လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ စမတ်ဖုန်းသုံးစွဲသူများ ဈေးကွက်ဝေစု ထက်ဝက်နီးပါး ကို ရယူထားတဲ့ Huawei ဟာ သုံးစွဲသူတွေတွက် after sales service များကိုလည်း လုပ်ဆောင်လျက်ရှိပြီး မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာ  Huawei Experience Store ပေါင်း (၁၂)ခု၊ Huawei Customer Service Center ပေါင်း (၁၃)ခုတို့ကို ဖွင့်လှစ်ထားပြီးဖြစ်တယ် လို့ ဆိုပါတယ်။ သုံးစွဲသူတွေ အနေဖြင့် ကိုယ့်ဖုန်းနဲ့ ပတ်သက်တဲ့ ပြဿနာအသေးအမွှားလေးများအတွက် Service Center သို့ သွားရောက်ရန်မလိုဘဲ အချိန်ကုန်၊ ငွေကုန်သက်သာစွာဖြင့် မိမိကိုယ်တိုင်ဖြေရှင်းနိုင်မယ့် Hi-Care Applications များကိုလည်း Huawei စမတ်ဖုန်းများတွင် ထည့်သွင်းထားတယ် လို့ ဆိုပါတယ်။

အဲဒီ Hi-Care Application တွေမှာ  သုံးစွဲသူတွေအတွက် Huawei Share အသုံးပြုခြင်း၊ မျက်လုံးသက်သာစေသော လုပ်ဆောင်ချက်အသုံးပြုခြင်း၊ SIM ကတ် PIN သတ်မှတ်ခြင်းစတဲ့ လမ်းညွန်တွေမှာ ဖော်ပြပေးထားခြင်း၊ ဝန်ဆောင်မှုနှင့်ပတ်သက်ပြီး Service Center ရှိသောမြို့များနှင့် တည်နေရာများ၊ အပိုပစ္စည်းဈေးနှုန်းများကဲ့သို့ သုံးစွဲသူများလိုအပ်နိုင်မည့် ဝန်ဆောင်မှုများကို တပါတည်း ထည့်သွင်းပေးထားတယ် လို့ ဆိုပါတယ်။

Huawei အနေဖြင့် ပြုပြင်ဖန်တီးထားသောမှတ်ဉာဏ် (Artificial Intelligence) ထုတ်ကုန်နဲ့  “စမတ်ခေတ် (smart era)” ကိုခေါ်ဆောင်သွားမည့် စက်ပစ္စည်းများကို ထုတ်လုပ်ခြင်းဖြင့် ဆက်လက်တိုးတက်မှုကို လုပ်ဆောင်သွားမှာ ဖြစ်ပြီး ဟွာဝေး Consumer Business Group ကလည်း  သုံးစွဲသူများ လိုအပ်ချက်ကို လက်ဦးဖြည့်ဆည်းနိုင်ပြီး လူသားများအလုပ်လုပ်မှုနှင့် နေထိုင်မှုကို သဘာဝကျကျအံဝင်ခွင်ကျဖြစ်စေမယ့် ထုတ်ကုန်တွေကို ထုတ်လုပ်သွားရန် ကတိပေးလုပ်ဆောင်လျက်ရှိတယ် လို့ ဆိုပါတယ်။

Huawei ဟာ ကမ္ဘာ့သုတေသနစင်တာ (၁၅)ခု နဲ့ ပေါင်းစပ်ဖန်တီးမှုစင်တာ (၃၆)ခုတို့ဖြင့် အာရုံခံဆင်ဆာ၊ ဒေတာစီမံမှုနှင့် ၎င်း၏ Kirin Chipset အဆင့်မြှင့်တင်မှုတို့ပါဝင်သည့် နည်းပညာအသစ်တွေကို ဈေးကွက်ထဲသို့ ပို့ဆောင်နိုင်ရန်အတွက် လုပ်ဆောင်လျက်ရှိပြီး Leica၊ Dolby၊ Microsoft၊ Intel နှင့် Google တွေလို နည်းပညာနယ်ပယ်မှာ အောင်မြင်လျက်ရှိတဲ့ အမှတ်တံဆိပ်များတွေနဲ့ ပူးပေါင်းပြီး ကိုယ်ပိုင်တီထွင် ဆန်းသစ်မှုများကို ပြုလုပ်လျက်ရှိတယ် လို့ သတင်းထုတ်ပြန်ကြေငြာခဲ့ပါတယ်။.

Ref : Huawei Myanmar

 

 

%d bloggers like this: