Samsung က တန်ဖိုးနည်း ဖုန်းများမှာ Infinity Display ထည့်ပေးမည်

Samsung က Infinity Display နည်းပညာကို Galaxy S8 , Galaxy S8 Plus , Galaxy Note 8 စမတ်ဖုန်းများမှာ ထည့်သွင်းပေးထားပါတယ်။ Samsung က အဲဒီ Bezel-less Screen Design ကို လာမယ့်နှစ်မှာ ရောင်းချမယ့် စွမ်းဆောင်ရည်သင့် တန်ဖိုးနည်း စမတ်ဖုန်းများမှာ ထည့်သွင်းပေးမယ့်ပုံပေါ်ပါတယ်။

တရုတ်မှ ထွက်ပေါ်လာတဲ့ သတင်းတစ်ခုအရ ၂၀၁၈ ခုနှစ်မှာ ထုတ်လုပ်ရောင်းချမယ့် Galaxy A Series များမှာ Infinity Display ကို တပ်ဆင်ထားမယ်လို့ သိရပါတယ်။ အဲဒီ သတင်း အရင်းအမြစ်ဟာ မှန်ကန်လေ့ရှိပြီး ဇူလိုင်လတုန်းကလည်း Galaxy Note 8 မှာ Infinity Display ထည့်သွင်းထားမယ်လို့ Twitter မှာ ရေးသားခဲ့ဖူးပါတယ်။ ဒါပေမယ့် အဲဒီ မျက်နှာပြင် ထည့်သွင်းထားမယ့် စမတ်ဖုန်းများရဲ့ သတင်းအချက်အလက် အသေးစိတ်ကို မသိရသေးပါဘူး။

Samsung Galaxy A Series များထဲမှာ A3, A5 တို့လို တန်ဖိုးနည်း စမတ်ဖုန်းများ ပါသလို A7, A9 တို့လို တန်ဖိုးကြီး စမတ်ဖုန်းများလည်း ပါဝင်ပါတယ်။ လာမယ့်နှစ်ထုတ် Galaxy A Series များ အားလုံးမှာ Infinity Display ပါလာမယ့်ပုံပေါ်ပါတယ်။

Samsung ဟာ ၂၀၁၇ ခုနှစ် အစောပိုင်းမှာ တန်ဖိုးနည်း Galaxy A Series များကို စတင် ထုတ်လုပ်ရောင်းချပေးခဲ့ခြင်း ဖြစ်ပါတယ်။ လာမယ့်နှစ် အစောပိုင်းမှာ ကျင်းပတဲ့ Consumer Electronics Show မှာ Infinity Display တပ်ဆင်ထားတဲ့ Samsung Galaxy A Seires များကို မြင်တွေ့ရနိုင်ပါတယ်။

ref : techradar

%d bloggers like this: