OnePlus 5 ကို ကာကွယ်ဖို့ ထွက်လာတဲ့ Night bundle Cover

အရောင်တောက်ပတဲ့ OnePlus 5 အသစ်ကို မှာယူလို့ရပါပြီ။အကောင်းမွန်ဆုံးစိတ်ကူးနဲ့ ဖန်တီးထုတ်လုပ်ထားမှုက ဖုန်းရဲ့ Device တွေကို ထိန်းသိမ်းဖို့အတွက် အသင့်တော်ဆုံးဖြစ်ပါတယ်။ သင့်ရဲ့ device တွေကို ကာကွယ်ပေးဖို့အတွက် Carbon Bumperနဲ့ သဲကျောက်အနုလေးတွေက ကြားခံနေပြီး ပြုတ်ကျမှုနဲ့ ထိခိုက်မှုတိုင်းမှာ Device တွေကို မထိခိုက်အောင် ကာကွယ်ပေးပါတယ်။

အရောင်အနေနဲ့ Carbon,Rosewood နဲ့ Ebony Wood အရောင်ဆိုပြီး သုံးရောင်ရှိပါတယ်။အစုံလိုက် ဝယ်ယူမယ်ဆိုရင် $44.91 ဖြစ်ပြီး မြန်မာငွေနဲ့ဆို 60000 ကျပ် ဝန်းကျင်လောက် ရှိမှာဖြစ်ပါတယ်။ သစ်သားရောင်က ပေါ်လွှင်လို့ လူကြိုက်များပြီး အော်ဒါအမှာလဲ သွက်ကြပါတယ်။တရုတ်နဲ့ အိန္ဒိယမှာတော့ market တိုင်းမှာ ဝယ်ယူရရှိနိုင်နေပြီဖြစ်ပါတယ်။

Protective Case ၊ OnePlus 5 3D Tempered Glass Screen Protector နဲ့  OnePlus Bullets earphones သုံးခုပေါင်းကို  $53.86 ရောင်းချမှုတွေလဲ ရှိပါတယ်။ မြန်မာငွေနဲ့ဆို ၇၄၀၀၀  ကျပ် နီးပါးသာ ရှိပါတယ်။

ဒီ bundle ကို အချိန် အကန့်အသတ်နဲ့ ထုတ်လုတ်ခဲ့တာဖြစ်ပြီး အကျိုးအမြတ်ကို အမြန်ဆုံးရရှိဖို့ ရည်ရွယ်ချက်နဲ့ ဖြစ်ပါတယ်။ OnePlus ရဲ့ အစုစပ်ရှယ်ယာထဲမှာ တရုတ်ပြည်က နာမည်ကြီး DJI Drone Company ပါ ပါဝင်ပြီး OnePlus နဲ့ ပတ်သက်သမျှထုတ်လုပ်မှုတိုင်းမှာ ပါဝင်နေပါတယ်။ရွေးခြယ်စရာ အများကြီးရှိနေပြီး လိုချင်တဲ့ပုံစံကို ဝင်ရောက်လေ့လာနိုင်တဲ့ အကြောင်း ဖော်ပြထားပါတယ်။

Ref : AndroidGuys

%d bloggers like this: