BV 8000 Rugged ရဲ့ အနက်ပုံစံဒီဇိုင်းနဲ့ smartphone ကို ဒေါ်လာ 230 နဲ့ ဈေးလျှော့ရောင်းချ

Rugged smartphones ကို ဒီနေ့မှာ အထူးလျှော့ဈေးနဲ့ စတင်ရောင်းချလိုက်တာဖြစ်ပါတယ်။ အဲဒီ ဖုန်းဟာ IPv67 နဲ့ IPv68 ထောက်ခံချက်ရထားပြီး ဖုန်းဟာ ကြီးမားခြင်းနဲ့ အကာအကွယ်ထူထဲခြင်းတို့ကြောင့် ရုတ်တရက် ပြုတ်ကျခြင်းနဲ့ ထိခိုက်မှုတွေအတွက် ဖုန်းအနာအဆာကို လျှော့ချပေးမှာဖြစ်ပါတယ်။

Specs အနေနဲ့ 6+64 RAM/ROM နဲ့ 5” 1080p Gorilla Glass 3 Display အပြင် 4000mAh battery တို့ပါဝင် ဖြစ်ပါတယ်။နောက် ကင်မရာက 16 MP နဲ့ ရှေ့ကင်မရာက 8 MP ဖြစ်ပါတယ်။ MTK6757CD processor ဖြစ်ပြီး 2.3 GHz ဖြစ်ပါတယ်။

မူလဈေးက $278 ဖြစ်ပြီး ယခု ရောင်းချလိုက်တဲ့ဈေးမှာ $233 နဲ့ ရောင်းချပြီး coupon code BLV007 ကူပွန်ပေးပါတယ်။ ဒါဟာ သြဂုတ် ၃၁ ရက်နေ့ အထိသာ ဈေးလျှော့တဲ့ကာလဖြစ်ပါတယ်။ မူရင်းဈေးမှာ မြန်မာငွေနဲ့ဆို 383000 ကျပ် ဖြစ်ပြီး ဈေးလျှော့တဲ့ကာလမှာဆိုရင် ၃၂၀၀၀၀ ကျပ် ခန့်သာရှိပါတယ်။

အာရှ နဲ့ အရှှေ့ုတောင်အာရှဈေးကွက်မှာ ဝင်ရောက်လာတာ သိတ်မကြာသေးပေမယ့် ရှောင်မီလိုမျိုး လူကြိုက်များလိမ့်ဦးမယ် လို့ ခန့်မှန်းနေကြတဲ့ ဖုန်းအမျီုးအစားတစ်လုံးလည်း ဖြစ်ပါတယ်။

Ref : AndroidPolice

%d bloggers like this: