အမြန်လမ်းမကြီးတွေမှာ ဒရိုင်ဘာမဲ့ထရပ်ကားတွေ မောင်းနှင်နိုင်စေဖို့ ဗြိတိန် က နောက်နှစ်စမည်

ကိုယ်တိုင်မောင်းနှင်မယ့် ဒရိုင်ဘာမဲ့ထရပ်ကားတွေ နောက်နှစ်ထဲ ထွက်မယ်ဆိုတဲ့အပေါ်မှာ ကျွမ်းကျင်သူတွေက စိုးရိမ်မှုတွေရှိနေသော်လည်း အန္တရာယ်လျှော့ချနိုင်ရန် ဘေးကင်းမှုရှိစေရန် အထူးပြုလုပ်ထားကြောင်းသိရပါတယ်။

HGVs ဆိုတဲ့ wireless ထိန်းချုပ်မှု သုံးခုပါဝင်ပြီး သူ့လမ်းကြောင်းအရွေ့တွေကို ထိန်းသိမ်းခြင်း၊ယိမ်းထိုးမှု မဖြစ်ပေါ်စေခြင်းနဲ့ လိုအပ်တဲ့နေရာမှာ ဘရိတ်ကို ထိန်းချုပ်ပေးခြင်းလုပ်မှာဖြစ်ပါတယ်။ လမ်းမချော်ဖို့ ဘလော့ခ် တုံးတွေထားရှိမှာဖြစ်သလို လူလိုအမှားအယွင်းမဖြစ်ပေါ်ဖို့ နည်းပညာတိုးမြှင့်လုပ်ဆောင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးစီမံချက်နဲ့အတူ မောင်းသူမဲ့ ကားများ နောက်နှစ်မှာ လမ်းပေါ်ရောက်လာတော့မယ်လို့သိရပါတယ်။ မောင်းနှင်နေစဉ်မှာ အစောင့်အရှောက်တဦးပါရှိမှာဖြစ်ပြီး စွမ်းအင် အတက်အကျတချို့ကို ထုတ်လွှင့်ခြင်းများပြုလုပ်ပေးမှာ ဖြစ်ပါတယ်။HGVs လုပ်ဆောင်မှုက အမှောင်ထဲမှာဖြတ်သန်းမောင်းနှင်နေစဉ်မှာပင် အနီးအနားမှာရှိတဲ့ လမ်းသင်္ကေတဆိုင်းဘုတ်များကို မှတ်ပြီး အတိအကျ မောင်းနှင်ခြင်းကို ပြုလုပ်မှာ ဖြစ်ပါတယ်။

အဆိုပါ မောင်းသူမဲ့ယာဉ်ကို Three-Truck Platoon လို့ ပေးထားပြီး ပရီးယးလိဂ်ဖွဲ့စည်းပုံအတိုင်း ကာလရှည် စနစ်ဆွဲရမှာဖြစ်ပြီး လောင်စာအသုံးပြုမှုနဲ့လမ်းကြောရှုပ်ထွေးမှုကို လျှော့ချဖို့လို့ အဆိုပါအဖွဲ့အစည်းက Edmung King က ပြောကြားခဲ့ပါတယ်။

ထိုကဲ့သို့ ပုံစံမျိုးကို အမေရိကန်မှာ လုပ်ရန်ရှိသော်လည်း Edmund King က “အင်္ဂလန် လမ်းအနေအထားနဲ့ထွက်ပေါက်တွေအရ ဒီမောင်းသူမဲ့ကားတွေ ပြေးဆွဲခြင်းက အခက်အခဲမရှိသော်လည်း အရီဇိုးနားနဲ့ အမေရိကားရဲ့ လမ်းစနစ်အတွက် ဖြစ်နိုင်မှာမဟုတ်ဘူးလို့ပြောခဲ့ပါတယ်။ အဆိုပါ အစီအစဉ်သာထွက်ပေါ်လာခဲ့ရင် စီးပွားရေးအတွက်ရော အကျိုးအမြတ်ဖြစ်ထွန်းမှာဖြစ်သလို လမ်းပိုင်းဆိုင်ရာ အန္တရာယ်အတွက် ပိုထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။ဒါအပြင် လောင်စာ အစားထိုးကားတွေက သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်မှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

Ref : DM

%d bloggers like this: