IFA 2017 မတိုင်ခင်မှာ သတင်း ပေါက်ကြားခဲ့တဲ့ Sony Xperia XZ1

Sony မှ ထွက်ပေါ်လာသော သတင်းအချို့အရ အသစ်ဖြစ်တဲ့ Xperia X1 နဲ့ XZ1 တို့ဟာ မေလထဲက အစီအစဉ်အချို့ ရှိခဲ့ပါတယ်။ Sony က အသစ်ထွက်လာတော့မယ် ကင်မရာနဲ့ ဗီဒီယိုပိုင်း တိုးမြှင့်ထားတဲ့ Xperia XZ1 မှာ 360 ဒီဂရီ ကင်မရာနဲ့ ဖုန်းက ရိုက်တဲ့ ပုံတစ်ချို့ကို မြင်ခဲ့ရပါတယ်။

မကြာမှီအချိန်အတွင်းမှာ ကျင်းပမယ့်  IFA 2017 မှာ WinFuture’s Roland Quandt ထုတ်မယ့် ပုံတွေမှာလည်း မြင်ရမှာ ဖြစ်ပါတယ်။ ယခုထွက်လာမယ့် Sony Xperia XZ1 ဟာ အမေရိကန်မှာဆို ဒေါ်လာ 643 ပတ်ဝန်းကျင်လောက်နဲ့ရောင်းချမှာ ဖြစ်ပါတယ်။ အရောင်အနေနဲ့ လေးရောင်ရှိပြီး အနက်၊အပြာ၊ငွေရောင်နဲ့ ပန်းရောင်တို့ပဲဖြစ်ပါတယ်။

လက်ရှိပုံက တိကျမှုမရှိသော်လည်း အများရဲ့ ခန့်မှန်းချက်အရ အဆိုပါ ဒီဇိုင်းနဲ့ ခပ်ဆင်ဆင်လာမယ်လို့ ပြောပါတယ်။ဖော်ပြပါပုံက လိမ္မော်သန်းပေမယ့် မိုဘိုင်းတွေရဲ့ အဖိုက်ဆုံးအရောင်ကတော့ ငွေရောင်ဖြစ်ပါတယ်။ဒီဇိုင်းအတိအကျနဲ့ အရောင်အတိအကျကိုတော့ နောက်နှစ်ပတ်အတွင်း ဖော်ပြပါလိမ့်မယ်။

Xperia XZ1 ရဲ့ specs နဲ့ feature တွေကတော့ 64 GB storage ဖြစ်ပြီး ဘေးပတ်ပတ်လည်ကို S-Force sound system ထည့်ထားပါတယ်။RAM 4GB နဲ့ Snapdragon 835 processor,ကင်မရာ Motion Eye က 19 MP နဲ့ 960 fps slo-mo အမျိုးအစားဖြစ်ပါတယ်။နောက် ကင်မရာက 13MP ဖြစ်ပြီး 1080p HDR video recording,3D Creator နဲ့ IP 68 rating ပါဝင်ပါတယ်။မြန်မာပြည်ကို ရောက်လာမယ်ဆိုရင် ကျပ်ငွေ 880000 ဝန်းကျင်ဖြင့် ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

Ref : AndroidAU

%d bloggers like this: