Note 8 လို Dual-Camera ပါရှိမည့် Samsung Galaxy S9

Note 8 ကို တကမ္ဘာလုံး ဖြန့်လိုက်ပြီဖြစ်သော်လည်း Samsung က ဘာတွေထပ်လာဦးမလဲဆိုတဲ့ မျှော်လင့်မှုတွေကတော့ ရှိနေတုန်းပါပဲ။အခုတဖန် အာရုံစိုက်ခံနေရတာတော့ Galaxy S9 ဖြစ်ပါတယ်။

တူညီတဲ့ feature အနေနဲ့ဆို Note 8 လို Dual Camera ပါမှာဖြစ်ပြီး focus ပိုင်းရွေးခြယ်လုပ်ဆောင်မှုနဲ့ ပုံတွေရဲ့ အရည်အသွေး နက်ရငိင်းကောင်မွန်မှုအတွက် ပြန်လည်အသုံးပြုခြင်းဖြစ်ပါတယ်။ KGI က Ming-Chi Kuo အဆိုအရ Apple က အမှားကင်းဖို့ စီစစ်ချက်တွေနဲ့ အတိအကျ လုပ်ဆောင်နေမှာ Samsung ကလည်းအရည်အသွေးကောင်းမွန်မှုအပေါ် ပိုအာရုံထားပြီး Note 8 က Dual Camera ကို S9 မှာ ထည့်ဖို့ ဖြစ်လာတာပါလို့ ပြောခဲ့ပါတယ်။

KGI က ကင်မရာရဲ့ နည်းပညာပိုင်းကို အသေးစိတ်လေ့လာမှုကို ဆက်လုပ်ဆောင်မှာဖြစ်ပြီး အရည်အသွေးကို မြှင့်လို့မရရင် လက်ရှိအကောင်းဆုံးဖြစ်တဲ့ Note 8 ရဲ့Camera အတိုင်းပဲသွားမယ်လို့ သိရပါတယ်။ Galaxy Note 8 ဟာ 12-Megapixal sensors နဲ့ ကင်မရာမှာ lenses အသီးသီးပါဝင်ပါတယ်။ဒုတိယ sensor က Telephoto ကို လုပ်ဆောင်ပေးမယ့် lens ဖြစ်ပြီး zoom က 2x optical zoom ဖြစ်ပါတယ်။

Galaxy S9 မှာလည်း fingerprint sensor ပါဝင်မှာဖြစ်ပြီး နောက်ကျောမှာ မြုပ်ဝင်နေတဲ့ ပုံစံထားရှိမှာဖြစ်ပါတယ်။ ယခု လက်ရှိထွက်ထားတဲ့ Note 8 မှာ ပြည်ပရောင်းချမှု 12 မှ 14 သန်းခန့်ရှိခဲ့ပြီး Galaxy S9 ကို ဒီထက်ပိုဖို့ လုပ်ဆောင်သွားမှာဖြစ်ကြောင်းသိရပါတယ်။

Ref : DM

%d bloggers like this: