ဗြိတိန် က လမ်းညွှန်နဲ့ စည်းကမ်းချက်အဖြစ်ပါ သုံးနိုင်မယ့် App ကို သုံးပြီး ယာဉ်မောင်းသူတွေကို ဒဏ်ရိုက်မည်

ယာဉ်မောင်းနေစဉ် ဖုန်းအသုံးပြုသူအား ပေါင် 200 မှ စ၍ ဒဏ်ရိုက်သွားမည်ဟု ရဲဘက်ဆိုင်ရာ အကြီးအကဲများမှ ပြောကြားခဲ့ပါတယ်။ အဲဒီ ဒဏ်ရိုက်မှုကိုလဲ navigate app ဖြစ် လုပ်ဆောင်သွားမှာ ဖြစ်ပြီး ယာဉ်မောင်းသူမှာ ယာဉ်မောင်းစဉ်အတွင်း ထို App အား လမ်းညွှန်အဖြစ်လည်း အသုံးပြုနိုင်မှာ ဖြစ်တယ် လို့ ဆိုပါတယ်။

ယာဉ်မောင်းနေစဉ်မှာ ထို App အားဖွင့်ထားရမှာဖြစ်ပြီး ယာဉ်မောင်းသူရဲ့ ကိုယ်ရေးအချက်အလက်နဲ့ လိုင်စင်တို့ကို စစ်ဆေးပေးပြီး စည်းကမ်းလိုက်နာမှုရှိဖို့ အသုံးပြုရခြင်းဖြစ်ပါတယ်။ လိုင်စင် 2 နှစ်နဲ့ သက်တမ်းရှိ/မရှိကို စစ်ဆေးမှာ ဖြစ်တဲ့ အပြင် လမ်းအသုံးပြုမှု ကျွမ်းကျင်လာအောင် ကူညီပေးမှာလည်း ဖြစ်ပါတယ်။

အပြည်ပြည်ဆိုင်ရာ ရဲအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “အဆိုပါ App အသုံးပြုခြင်းဟာ စည်းစနစ်ကျတဲ့ ယာဉ်မောင်းမှုစွမ်းရည်ပိုတိုးတက်လာစေဖို့ ယာဉ်မောင်းသူဟာ ကားကို ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ်ဖို့ဖြစ်ပါတယ်။အဲ့လိုမဟုတ်ပဲ စည်းကမ်းဖောက်ဖျက်မှု အတွက်ဆိုရင် ဘဏ်ပိတ်ရက်ဖြစ်နေပါစေ အဆိုပါ App ထဲ ပိုက်ဆံသွင်းပြီး ဒဏ်ငွေဆောင်ရမှာ ဖြစ်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

ယာဉ်မောင်းသူ အယောက် ၂၀ မှာ ၁ ယောက်လောက်ဟာ အရှိန်ပြင်းမောင်းနေကြပြီး အရှိန်လွန် မောင်းနှင်မှုမျိုးအတွက် ယာဉ်မောင်းရဲ့မျက်နှာအားမှတ်တမ်းအတိအကျယူဖို့ အဆိုပါ App ကို ထုတ်ခြင်းဖြစ်ပါတယ်။ အန္တရာယ်ဖြစ်စေနိုင်မယ့် အနေအထားတော်တော်များကိုလည်း လျှော့ချနိုင်မှာ ဖြစ်ကြောင်းပြောကြားထားပါတယ်။

၂၀၁၅ ခုနှစ် က ဗြိတိန်မှာ လူဦးရေ၂.၅ သန်းလောက်ဟာ ယာဉ်မောင်းစဉ် လမ်းညွှန် GPS ကို အသုံးပြုခဲ့တာ သိရပါတယ်။ အဲဒီ အဆိုပါ လမ်းညွှန်ကို မသုံးမနေရ ပုံစံထားရှိမှာဖြစ်ပြီး စည်းကမ်းပိုင်းဆိုင်ရာ တော်တော်များများကိုလည်း ထည့်သွင်းသွားမှာဖြစ်ပါတယ်။

Ref : DM

%d bloggers like this: