0 Shares 522 Views 2 Comments

Google မောင်းသူမဲ့ကားတစ်စီး ပထမဆုံးအကြိမ် ယာဉ်တိုက်မှုဖြစ်ပွား

Mar 01, 2016
0 522 2

Google က စမ်းသပ်လျက်ရှိတဲ့ နာမည်ကျော်မောင်းသူမဲ့ကားတွေထဲက တစ်စီးဟာ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ လမ်းကြောပြောင်းရင်းနဲ့ ဘတ်စ်ကားတစ်စီးကို ၀င်တိုက်မိခဲ့ကြောင်း Google ကုမ္ပဏီက တရားဝင် ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

ဒါဟာ Google မောင်းသူမဲ့ကားတွေရဲ့သမိုင်းတစ်လျှောက်မှာ ပထမဆုံးအကြိမ်အက်ဆီးဒင့်ဖြစ်ပွားတာဖြစ်ပြီး၊ မောင်းသူမဲ့ကားတွေရဲ့အနာဂတ်အပေါ်မှာလည်း အကြီးအကျယ်ရိုက်ခတ်မှုရှိလာနိုင်ပါတယ်။

Google ရဲ့ဖော်ပြချက်အရ၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ၊ Google မောင်းသူမဲ့ကားနည်းပညာတပ်ဆင်ထားတဲ့ Lexus 450 hybrid SUV ကားဟာ Google ရုံးစိုက်ရာ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ မောင်တိန်ဗျူးမြို့မှာ ဘတ်စ်ကားတစ်စီးနဲ့ ၀င်တိုက်မိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် အဆိုပါယာဉ်မတော်တဆမှုမှာ လူတစ်ဦးတစ်ယောက်မှ ဒဏ်ရာရရှိခဲ့ခြင်းမရှိဘူးလို့လည်း သိရပါတယ်။

မောင်းသူမဲ့ SUV ကားဟာ ညာဘက်ကွေ့ဖို့ အတွက် ညာကြောကိုယူလိုက်ချိန်မှာ၊ သဲအိတ်တွေခင်းထားတာကို ကားကနေ ဖမ်းယူသိရှိပြီး၊ အလယ်ကြောကို ပြန်အ၀င်မှာ ၊ နောက်က၀င်လာတဲ့ ဘတ်စ်ကားက မောင်းသူမဲ့ကားရဲ့ ဘယ်ဘက်ခြမ်းကို ၀င်ဆောင့်မိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“ ဒီလိုနားလည်မှုလွဲတာမျိုးက လူသားယာဉ်မောင်းတွေလည်း နေ့စဉ်ကြုံတွေ့နေရတာမျိုးပါ။ ကားမောင်းရာမှာ တစ်ဘက်နဲ့တစ်ဘက် နားလည်ညှိနှိုင်းမှုလိုတယ်ဆိုတာ ဒါကသက်သေပါပဲ။ အခုအခါ ကျွန်တော်တို့အနေနဲ့ ဒီလိုအဖြစ်အပျက်မျိုးကို ကြိုတင်ခန့်မှန်းနိုင်ဖို့ အစွမ်းကုန်ကြိုးစားနေပါတယ်” လို့ Google က ကြေငြာချက်မှာ ရေးသားထားပါတယ်။

အဆိုပါမတော်တဆမှုဖြစ်ပွားချိန်မှာ Google မောင်းသူမဲ့ကားစတီယာရင်နောက်မှာ လူသားယာဉ်မောင်း ပါဝင်လာပေမယ့်၊ ဘတ်စ်ကားက ယာဉ်ကြောပေးလိမ့်မယ်အထင်နဲ့ ဘာမှမပြုလုပ်ခဲ့ခြင်းဖြစ်သလို၊ ဘတ်စ်ကား ယာဉ်မောင်းအနေနဲ့လည်း Google ကားက ယာဉ်ကြောပေးမယ်အထင်နဲ့ အရှိန်မလျှော့ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ယာဉ်တိုက်မှုဖြစ်ပွားစဉ်မှာ Google မောင်းသူမဲ့ကားဟာ တစ်နာရီကို ၂ မိုင်နှုန်းမပြည့်တပြည့်နဲ့ မောင်းနှင်လာတာဖြစ်ပြီး၊ ဘတ်စ်ကားကတော့ တစ်နာရီ ၁၅ မိုင်နှုန်းနဲ့ မောင်းနှင်လာတာဖြစ်တယ်လို့လည်း သိရပါတယ်။

Ref: CNN

 

You may be interested

Amazon က ဈေးဝယ်သူများနောက်ကို လိုက်၍ ဖုန်း အားသွင်းပေးမယ့် စက်ရုပ်ကို ဖန်တီးနေ
NEWS, Tech Update
173 shares27 views

Amazon က ဈေးဝယ်သူများနောက်ကို လိုက်၍ ဖုန်း အားသွင်းပေးမယ့် စက်ရုပ်ကို ဖန်တီးနေ

Ko Thuya - Jul 22, 2017

Amzon က လေဆိပ်များ ၊ ဈေးဝယ်စင်တာများလို အများပြည်သူ နေရာများမှာ လူများရဲ့ နောက်သို့ လိုက်ပါ၍ ဖုန်းအားသွင်းပေးမယ့် စက်ရုပ် Patent ကို မှတ်ပုံတင်လိုက်ပါတယ်။ အဲဒီ စက်ရုပ်များမှာ အားသွင်းပေါက်များနဲ့ အားသွင်းကြိုးများကို တပ်ဆင်ပေးထားပါတယ်။ အချိန်အတော်ကြာ ဈေးဝယ်ထွက်သူများနဲ့ လေဆိပ်မှာ…

Walmart က ဈေးဝယ်သူများ စိတ်မကျေနပ်ဖြစ်ခြင်းကို သိနိုင်တဲ့ စမတ်ကင်မရာကို ဖန်တီးနေ
NEWS, Softwares & Application, Tech Update
93 shares15 views

Walmart က ဈေးဝယ်သူများ စိတ်မကျေနပ်ဖြစ်ခြင်းကို သိနိုင်တဲ့ စမတ်ကင်မရာကို ဖန်တီးနေ

Ko Thuya - Jul 22, 2017

ကမ္ဘာကျော် ဈေးဝယ်စင်တာ တစ်ခု ဖြစ်တဲ့ Walmart က ဈေးဝယ်သူများ စိတ်မကျေနပ်ဖြစ်ခြင်း၊ ဒေါသထွက်ခြင်းနဲ့ အခြား စိတ်မနှစ်မြို့ဖွယ်ရာ မျက်နှာ အမူအယာများကို ခွဲခြမ်းစိတ်ဖြာနိုင်တဲ့ စမတ် ကင်မရာ နည်းပညာကို ဖန်တီးနေပါတယ်။ အဲဒီ နည်းပညာကို ငွေရှင်းတဲ့ ကောင်တာများအနီးမှာ တပ်ဆင်ထားတဲ့…

Facebook က Modular Smartphone ကို တီထွင်နေသလား ?
Mobiles & Tablets, NEWS
459 shares247 views

Facebook က Modular Smartphone ကို တီထွင်နေသလား ?

Ko Thuya - Jul 22, 2017

ယခင် DARPA ရဲ့ ဒါရိုက်တာ ဖြစ်သူ Regina Dugan ဦးဆောင်တဲ့ Facebook ရဲ့ Building 8 ဟာ လျှို့ဝှက်ဌာန ဖြစ်ပြီး အစိတ်အပိုင်းများကို ဖြုတ်လဲနိုင်တဲ့ Modular Smartphone ကို တီထွင်နေတယ်လို့ Business Insider…

2 Responses

  1. Hello, Ko Kyaw Zeya. Your point is well taken and I’m truly sorry for the misleading article. Yes, it’s not first time Google’s autonomous car involved in road accidents. As of January 2016, Google autonomous cars had been involved in 17 crashes, but they were all caused by human error.
    But the accident that took place in Mountain View on Feb 14 is the first one caused by Google’s car.
    Thank you for pointing out my mistake.

  2. ပထမဆုံးအကြိမ် accident မဟုတ်ပါဘူး။ ပထမဆုံးအကြိမ် google car ဘက်က အပြစ်ရှိတဲ့ accident ပါ။

Leave a Comment

Most from this category