0 Shares 48 Views

BlackBerry နှင့် Nokia အပါအဝင် အခြား Android ဖုန်းအဟောင်းများတွင် ထောက်ပံ့မှုကို WhatsApp ရပ်နားမည်

WhatsApp ချက်တင် App ဟာ ဖုန်းမော်ဒယ်အဟောင်းတော်တော်များများမှာ ထောက်ပံ့မှုတွေကို လျှော့ချရပ်နားတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ BlackBerry ဖုန်းအားလုံး၊ Nokia နဲ့ အခြား Android ဖုန်းအဟောင်းတွေရဲ့ ထောက်ပံ့မှုတွေကို ဒီနှစ်ကုန်ပိုင်းမှာ အားလုံးကို ရပ်နားမှာဖြစ်တယ်လို့ ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။

“ဒီမိုဘိုင်းပစ္စည်းတွေဟာ ကျွန်တော်တို့ရဲ့ သမိုင်းမှာ အရေးပါတဲ့ အစိတ်အပိုင်းကနေ ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့်သူတို့ဟာ အနာဂါတ်မှာတော့ ကျွန်တော်တို့ချဲ့ထွင်ချင်နေတဲ့ အရာတွေကို လုပ်ဆောင်နိုင်တော့မှာ မဟုတ်တော့ပါဘူး” လို့ Blog တစ်ခုမှာ WhatsApp ကရေးသားခဲ့တာဖြစ်ပါတယ်။

ဒီဆုံးဖြတ်ချက်ဟာ အသစ်ထွက်ရှိထားတဲ့ BlackBerry 10 အပါအဝင် BlackBerry ဖုန်းတိုင်းကို ရိုက်ခတ်မှု ဖြစ်နိုင်တာလည်းဖြစ်ပါတယ်။ Nokia အနေနဲ့လည်း Nokia ရဲ့ Nokia S40 နဲ့ Nokia Symbian S60 တို့ပါဝင်မှာဖြစ်ပါတယ်။ Android ဖုန်းတွေမှာလည်း Android 2.1၊ 2.2 နဲ့ Windows 7.1 ဖုန်းတွေပါဝင်မှာ ဖြစ်ပါတယ်။

BlackBerry ဖုန်းကို တစ်ကမ္ဘာလုံးအသုံးပြုသူဟာ ၂၀၁၄ခုနှစ်မှာ ၇သန်းရှိပြီး ဒီဆုံးဖြတ်ချက်ကြောင့် ဖုန်းအသုံးပြုသူ ဆယ်သန်းခန့်ကို ရိုက်ခတ်နိုင်တာလည်းဖြစ်ပါတယ်။ ကုမ္ပဏီကတော့ ဒီလိုရိုက်ခတ်နိုင်တဲ့ဖုန်းတွေအနေနဲ့ ဒီနှစ်မကုန်ခင်မှာ ဖုန်းအသစ်ဝယ်သင့်တယ်လို့ အကြံပေးခဲ့ပါတယ်။

WhatsApp ဟာ ၂၀၁၀ခုနှစ် ဇန်နဝါရီလထဲမှာ Facebook Inc ကစတင်တည်ထောင်ခဲ့ပြီး သက်တမ်းခြောက်နှစ်အတွင်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက သုံးစွဲသူ တစ်ဘီလျံ(သန်းတစ်ထောင်) ပြည့်ခဲ့တာဖြစ်ပါတယ်။ WhatsApp ဟာ တခြား Chat App တွေလိုမဟုတ်ပဲ ဘယ်လို Mobile Device မှာမဆိုသုံးစွဲနိုင်တဲ့ App တစ်ခုအဖြစ်ရှိခဲ့ရာကနေ ယခုလိုဆုံးဖြတ်ချက် ပေါ်ထွက်လာတာလည်း ဖြစ်ပါတယ်။

Ref: Independent

You may be interested

ကျောက်သံပတ္တမြားများဖြင့် အလှဆင်ထားတဲ့ သိန်း ၅၀၀ ကျော်တန် iPhone X
Apple, HUBS, Mobiles & Tablets
0 shares0 views

ကျောက်သံပတ္တမြားများဖြင့် အလှဆင်ထားတဲ့ သိန်း ၅၀၀ ကျော်တန် iPhone X

Ko Thuya - Nov 21, 2017

Caviar က စမတ်ဖုန်းများကို ကျောက်သံပတ္တမြားများဖြင့် အလှဆင် ရောင်းချတဲ့ ရုရှား ကုမ္ပဏီ ဖြစ်ပါတယ်။ မကြာမီကလည်း ကုမ္ပဏီက နေရောင်ခြည် စွမ်းအင်ဖြင့် အားသွင်းနိုင်တဲ့ iPhone X နဲ့ ရွှေဖြင့် အလှဆင်ထားတဲ့ Nokia 3310 တို့ကို ရောင်းချပေးခဲ့ပါတယ်။…

မြန်မာဈေးကွက်ကို ဝင်ရောက်လာတော့မယ့် ASUS Zenfone 4 Series စမတ်ဖုန်းသစ်များ
ASUS, Mobiles & Tablets
60 shares11 views

မြန်မာဈေးကွက်ကို ဝင်ရောက်လာတော့မယ့် ASUS Zenfone 4 Series စမတ်ဖုန်းသစ်များ

Nwe Oo - Nov 21, 2017

လာမယ့် ဒီဇင်ဘာလမှာ ASUS ရဲ့ စမတ်ဖုန်းစီးရီးသစ်ဖြစ်တဲ့ Zenfone 4 Series စမတ်ဖုန်း ၅မျိုး မြန်မာနိုင်ငံကို ရောက်ရှိလာတော့မှာပါ။ ဒီတစ်ခေါက်မှာတော့ mid-range ဖုန်းတွေတင်မကဘဲ ဈေးနည်းနည်းမြင့်တဲ့ အမြင့်ပိုင်း flagship ဖုန်းတွေပါ ပါဝင်လာမယ်လို့လည်း သိရပါတယ်။ ဒီ ASUS…

V7 Gold color ကို မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရ
Vivo
49 shares30 views

V7 Gold color ကို မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရ

Nwe Oo - Nov 21, 2017

ပြီးခဲ့တဲ့ ရက်ပိုင်းက ရန်ကုန်မြို့မှာသာ ဝယ်ယူရရှိနိုင်တယ်ဆိုတဲ့ V7 Gold color တွေကို နိုဝင်ဘာလ ၂၀ ရက်နေ့ကစပြီး မြန်မာနိုင်ငံတစ်ဝန်းလုံးက Vivo Showroom တွေနဲ့ Vivo ကောင်တာရှိတဲ့ အရောင်းဆိုင်တိုင်းမှာ ဝယ်ယူနိုင်ပြီလို့ သိရပါတယ်။ Vivo ဟာ သူတို့ရဲ့…

Leave a Comment

Most from this category