အင်္ဂလန် က Royal Mail စနစ်အတွက် Electric Vans ကားများစတင် ဖို့ ပြင်ဆင်

လျှပ်စစ်မော်တော်ယာဉ်တွေရဲ့ ကြီးကျယ်ခမ်းနားမှုဟာ သူတို့ရဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းပေးမှုပါပဲ။ သူတို့က လောင်စာဆီတွေကို စားသုံးပြီးသွားတဲ့ အရာမဟုတ်လို့ သယံဇာတရင်းမြစ်ကို ထိန်းနိုင်ပါတယ်။ အင်္ဂလန် ရဲ့ ရည်ရွယ်ချက်ကတော့ လျှစစ်စစ်မော်တော်ယာဉ်တွေ တွင်တွင်ကျယ်ကျယ် နေရာယူလာနိုင်ပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို လျှော့ချနိုင်ဖို့ဖြစ်ပါတယ်။

အခုတော့ ဒီရည်ရွယ်ချက်ဟာ အနီးကပ်ဆုံးအနေအထားကို ရောက်လာပါပြီ။ အင်္ဂလန်ရဲ့ ရဲ့ Royal mail ဝန်ဆောင်မှုအနေနဲ့ လျှစ်စစ်ကားတွေထွက်လာပြီး သယ်ယူပို့ဆောင်စနစ်ထဲ ဝင်လာပါပြီ။အခုလက်ရှိ အဆိုပါ ပိုပဆောင်ရေး ထရပ်ကား ၉ စီးကို လန်ဒန်မြို့လယ် ကားဂိတ်မှာထားပြီး မူလ Royal Mail စနစ်ကို လျှစ်စစ်ကားတွေနဲ့ပြောင်းပြီး စတင်မောင်းနှင်တော့မှာဖြစ်ပါတယ်။

Royal Mail ကားအစီး 100 လက်ဝယ်ရှိနေပြီး အဆိုပါကားတွေရဲ့ ဝန်ဆောင်မှုပိုင်းကို ဒီဇင်ဘာမှာ စတင်မယ်လို့ သိရပါတယ်။ကားတွေရဲ့ အားသွင်းမယ်နေရာ Delivery ရုံးနားမှာ ဆုံမှတ်ထားတယ်လို့သိရပါတယ်။

အဆိုပါ ယာဉ်များမှာ လက်ရှိအချိန်တွင် အနည်းငယ်သာ ဖြစ်သော်လည်း အစီးရေ ၄၀၀၀၀ ကျော်ထပ်ဝင်လာပြီး ယာဉ်စနစ်မှာ ပိုမိုကောင်းမွန်တဲ့ အရွေ့တခုအဖြစ် မြင်တွေ့လာရတော့မှာ ဖြစ်ပါတယ်။

Ref : DM

%d bloggers like this: