အသစ်ထွက်လာတဲ့ ရွှေရောင် Wireless Headphones Ghostek soDrop 2 အား စတင်ရောင်းချ

နားကိုဖုံးအုပ်တပ်ဆင်တဲ့ Wireless Headphones တချို့က  အကြိမ် အနည်းငယ် တပ်ဆင်ပြီးတာနဲ့ နောက်တစ်ကြိမ် ပြန်တပ်ချင်စိတ်မရှိအောင် တီးလုံးအသံထွက် ဆိုးဆိုးရွားရွားနိုင်ပါတယ်။ ဒီထက်အကြောင်းပြချက်တွေ အများကြီး ပိုနေဦးမှာပါ။

Ghostek soDrop2 လို့ ခေါ်တဲ့ ယခုအသစ်ထုတ်လုပ်ရောင်းချတဲ့ wireless headphones ဟာ လက်ဖျားခါရလောက်မယ့် ဘက်ထရီသက်တမ်းပါရှိပြီး HD sound quality ရဲ့ အမိုက်စား ကြည်လင်ပြတ်သားမှုအပြင် အနိမ့်သံကို သတ်တဲ့ ကြားခံကို ဖယ်ရှားပေးပါတယ်။ဈေးနှုန်းကလဲ တီးချက်တွေရဲ့ အသံထုတ်စနစ်ပိုင်းကလဲ အခြားဟာတွေနဲက နှိုင်းယှဉ်နိုင်တဲ့ model ဖြစ်ပါတယ်။ အမည်း နဲ့ ရွှေရောင်ပေါင်းစပ်ပြီးထုတ်လုပ်ထားလို့ ဆွဲဆောင်မှုအား အလွန်ကောင်းပါတယ်။ Amazon မှာ ဝင်ရောက်ကြည့်ရှုမှုများပြီး 4.5 star rating ရထားသလို မှာကြားဝယ်ယူမှုတွေကို လုပ်နိုင်ပြီလို့ သိရပါတယ်။

HD Crystal Sound ရဲ့ ကြည်လင်တဲ့အသံနဲ့ အပြင်းဆုံးအသံအနေအထားထိ မြှင့်လို့ရပြီး Headphones ရဲ့ အာရုံခံစနစ်က မြင့်မားပါတယ်။ Headphones ရဲ့ Feacture အနေနဲ့ တိုက်ရိုက်ဝင်ရောက်မှုအသံတွေ လျှော့ချပေးတဲ့ နည်းပညာနဲ့ CD quality အတိုင်း အသံကို နားထောင်ရမှာဖြစ်ပါတယ်။

ဘယ်သီချင်းအမျိုးအစားကို မဆို ပြည့်ဝတဲ့ အသံစနစ်ပေးမှာဖြစ်ပြီး Bluetooth 4.0 ပါရှိပါတယ်။ အကောင်းစားလယ်သာနဲ့အတူ aluminum metal တွေရဲ့ ဘောင်ခွေမှုက ပိုခမ်းနားစေပါတယ်။3.5 MM Audio Line Caple ပါပြီး ဖုန်းပြောချင်လဲ headphones ကို ချွတ်စရာမလိုပဲ အလွယ်တကူ ဆက်သွယ် ပြောဆိုနိုင်ပါတယ်။ ဈေးနှုန်းအနေနဲ့ $ 30 ရှိပြီး မြန်မာငွေနဲ့ဆို ကျပ် ၄၀၀၀၀ ကျော်လောက်ရှိမှာဖြစ်ပါတယ်။

Ref : Android AU

%d bloggers like this: