တိုယိုတာ က ၃၆၀ ဒီဂရီမြင်နိုင်မယ့် ကား တီထွင်လျက်ရှိ

ကားတိုင်းနီးပါးမှာ မှန်ဘေးပတ်လည်က ဘောင်တွေက အပြားကြီးသဏ္ဍာန် ခွေထားပြီး လေကာပုံစံလေး တင်ပေးထားတတ်ပါတယ်။ မှန်ကို ဘောင်ကွပ်ထားတဲ့ ဒီအပြားကြောင့် ဒရိုင်ဘာဟာ လမ်းကို 360 ဒီဂရီအပြည့် မမြင်နိုင်ပါဘူး။ အဆိုပါနေရာမှာ မြင်နိုင်မယ့်ပစ္စည်းကို အစားထိုးဖို့ Toyota က အစားထိုး ထုတ်လုပ်ခြင်းဖြစ်ပါတယ်။

ကားပတ်ပတ်လည်မှန်တွေက အလင်းကို ကွေးညွှတ်စေပြီး အရာဝတ္ထုတွေကို ဖြတ်လာခြင်းကြောင့် ဒရိုင်ဘာဟာ မြင်ရခြင်းဖြစ်ပါတယ်။ တီထွင်မှုတွေ အရ အရာဝတ္ထုနဲ အရာဝတ္ထုမျက်နှာပြင်က လာတဲ့ အလင်းဟာ အဆိုပါ အကာအကွယ်ကိရိယာနဲ့ သူ့ဝန်းကျင်မှာ ပုံရိပ်နဲ့ ပုံရိပ်သဏ္ဍာန် ပာင်းလဲပေးတယ်လိုက လေ့လာသူတွေက တွေ့ရှိခဲ့ပါတယ်။

ဒီအပတ်ထဲမှာပဲ အမေရိကန်ရဲ့ Trademark Office က အဆိုပါ အရာဝတ္ထုပစ္စည်းကို ဖောက်ထွင်းမြင်နိုင်တဲ့ ကိရိယာအဖြစ် Toyota အား မူပိုင်ခွင့်ပေးလိုက်ပါတယ်။ ၁၈၈၆ ခုနှစ် ကားတွေ ကို စတင်တီထွင်ထုတ်လုပ်ကတည်းက အဆိုပါ pillar လို့ ခေါ်တဲံ မှန်ကို ခွေထားတဲ့အပြားတွေပါလာခဲ့ပြီး ပိုကျယ်ပြန့်လာပါတယ်။ ဒါဟာ မှန်ကို မကွဲဖို့ အထိန်းပုံစံဖြစ်လို့ ဒီအပိုင်းကို မေ့မေ့ပျောက်ပျောက်ထားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့တီထွင်မှုမှာလဲ ထိုအနေရာက အဖုံးအကာပြားမှာ ကင်မရာနဲ့ အခြား ဈေးကြီးတဲ့ကိရိယာတွေ ပါဝင်ပါတယ်။ လေ့လာမှုအရ ပါဝင်ပစ္စည်းတွေရဲ့ အသုံးပြုပုံနဲ့ ဗီဒီယိုကင်မရာပေါင်းစပ်ပြီး screen display က pillar ပြားပေါ်မှာ တွေ့ရမှာ ဖြစ်ပြီး မြင်နိုင်စွမ်းကို ဖျက်စီးတဲ့အမှုံအမွှားတွေကို လျှော့ချပေးမှာ ဖြစ်ပါတယ်။

အဲဒီ ကိရိယာဟာ ကုန်းလမ်းပို့ဆောင်ရေးစနစ်မှာ ဒရိုင်ဘာမြင်ကွင်းကျယ်အတွက် အထောက်အပံ့ကြီးကြီးမားမားဖြစ်လာမှာဖြစ်ပြီး မထင်မှတ်တဲ့ အန္တရာယ်အချို့ကို လျှော့ချပေးသွားမှာ ဖြစ်ပါတယ်။

 

Ref : DM

%d bloggers like this: