HUAWEI P10 အတွက် EISA Awards ထပ်မံရရှိခဲ့ပြီး Huawei က EISA Awards ငါးနှစ်ဆက်တိုက် ရရှိ

ယနေ့တွင် Huawei Consumer Business Group (CBG) မှ European Image and Sound Association (EISA) က ချီးမြှင့်ခဲ့သည့် ဆုအသစ် (၂)ဆု ကို ထပ်မံသိမ်းပိုက်နိုင်ခဲ့တယ် လို့ သတင်း ရရှိပါတယ်။

HUAWEI P10 ကို “၂၀၁၇-၂၀၁၈ အတွက် EISA စမတ်ဖုန်းကင်မရာဆု (EISA Smartphone Camera 2017-2018)” အဖြစ် သတ်မှတ်ခြင်းခံခဲ့ရပြီး ယခုဆုသည် Huawei P စီးရီးအနေဖြင့် ငါးနှစ်ဆက်တိုက် ဆုချီးမြှင့်ခံခဲ့ရခြင်းဖြစ်ပါတယ်။ အဲဒီအပြင် HUAWEI WATCH 2 သည်လည်း “၂၀၁၇-၂၀၁၈ အတွက် EISA ဝတ်ဆင်နိုင်သောကိရိယာ (EISA Wearable Device 2017-2018)” အဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတယ်။ ယခုဆုများသည် Huawei ၏ အရည်အသွေး၊ ဒီဇိုင်းနှင့် လုပ်ဆောင်ချက်တို့နှင့်ပတ်သက်ပြီး ဆန်းသစ်တီထွင်မှုအပေါ် အသိအမှတ်ပြုသည့်ဆုဖြစ်သည့်အပြင် ကုမ္ပဏီ၏ စတိုင်လ်ကျလှသော၊ အားအင်ပြည့်ဝသော၊ ဆုများသိမ်းပိုက်နိုင်သော ထုတ်ကုန်များအဖြစ် တည်ဆောက်နိုင်ခဲ့သည့် ဆုဖြစ်တယ် လို့ ဆိုပါတယ်။

EISA ၏ အဖွဲ့ဝင်များဖြစ်သူ ကမ္ဘာတစ်ဝှမ်းရှိ လူသုံးကုန်အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်ပြီး ကျွမ်းကျင်လှသော မီဒီယာများက Huawei ၏ အကောင်းဆုံးအဆင့်ဝင်ထုတ်ကုန်များကို ချီးကျူးဂုဏ်ပြုခဲ့ကြပြီး ၂၀၁၃ခုနှစ်၊ HUAWEI P6 မှ စတင်ပြီး Huawei P စီးရီးများသည် အထင်ကြီးလောက်ဖွယ် ကောင်းမွန်လှသော လုပ်ဆောင်ချက်များ၊ လှပသောဒီဇိုင်းနှင့် သုံးစွဲသူများအတွက် သဘာဝကျလှသော user interface များကို ပေါင်းစပ်ထားသောကြောင့် “သုံးစွဲသူများအတွက် အကောင်းဆုံးစမတ်ဖုန်း (Best Consumer Smartphone)” များအဖြစ် လေးနှစ်ဆက်တိုက် ချီးမြှင့်ခြင်း ခံခဲ့ရတယ် လို့ ဆိုပါတယ်။

၂၀၁၇ခုနှစ်တွင် Leica နှင့် ပူးပေါင်းဖန်တီးထားသော HUAWEI P10 ၏ ကင်မရာကို အထူးအသိအမှတ်ပြုသည့် အနေဖြင့် ပေးအပ်သည့် “၂၀၁၇-၂၀၁၈ အတွက် EISA စမတ်ဖုန်းကင်မရာဆု (EISA Smartphone Camera 2017-2018)” ဆုကို ပထမဆုံးအနေဖြင့် HUAWEI P10 မှ ရရှိခဲ့ပါတယ်။ သုံးစွဲသူများ ဖော်ပြချင်သည်ကို ဓါတ်ပုံပညာမှတဆင့် ဖန်တီးဖော်ပြနိုင်ရန်အတွက် Huawei P စီးရီး၏ ထူးချွန်ပြောင်မြောက်လှသော သုံးစွဲသူ အတွေ့အကြုံများကို အခြေခံကာ HUAWEI P10 ကို ဖန်တီးထားခြင်းဖြစ်သည်။ P10 ၏ အဓိကရင်နှစ်သည်းချာမှာ နောက်ဆုံးပေါ်အနောက်ကင်မရာ Leica ကင်မရာနှစ်လုံးနှင့် Leica ဖြင့် အားဖြည့်ထားသော အရှေ့ကင်မရာတို့ဖြစ်ပါတယ်။ အဲဒီ တန်ဆာပလာတွေကို နောက်ဆုံးပေါ် software များဖြစ်သည့် 3D facial detection နှင့် အမြဲလှပနေမည့် portraits နှင့် ထူးခြားသော ပုံများကို ဖန်တီးနိုင်ရန်အတွက် တောက်ပမှုတို့ဖြင့် ပေါင်းစပ်ဖန်တီးထားခြင်း ဖြစ်တယ် လို့ သိရပါတယ်။

Ref : HuaweiMyanmar

 

%d bloggers like this: