0 Shares 40 Views

Samaungကပိုမိုပါးလွှာပေါ့ပါးသောNotebook9 ကိုကြေညာ

Samsung Notebook 9

Samsung ကုမ္ပဏီက သူတို့ရဲ့ Notebook မျိုးဆက်သစ် Notebook9 မော်ဒယ်နှစ်မျိုးကို CES 2016 ပွဲမှာ ကြေညာသွားခဲ့ပါတယ်။ Notebook9 ဟာဆိုက်နှစ်မျိုးနဲ့လာတာဖြစ်ပြီး Window 10 နဲ့အလုပ်လုပ်မယ့် ၁၃.၃လက်မနဲ့ ၁၅.၆လက်မ အရွယ်အစား အသီးသီးရှိတဲ့ လက်ပ်တော့ မျိုးဆက်သစ်တွေပါ။ မော်ဒယ်နှစ်မျိုးလုံးကို လာမယ့် မတ်လမှာ စတင်ရောင်းချသွားမယ်လို့သိရပေမယ့် ဈေးနှုန်းကိုတော့ ထုတ်ပြန်ထားခြင်းမရှိပါဘူး။

Samsung ရဲ့မော်ဒယ်သစ်လက်ပ်တော့တွေ ဟာအရွယ်အစား အနေနဲ့ မထူးခြားပေမယ့် အလေးချိန် ကတော့တော်တော်လေးကို ပေါ့ပါးနေတာတွေ့ရပါတယ်။ ၁၃.၃လက်မစခရင် လက်ပ်တော့ဟာ အထူ ၁၃.၄မီလီမီတာနဲ့ အလေးချိန် ၀.၈၄ကီလိုဂရမ်၊ ၁၅.၆လက်မ မော်ဒယ်ကတော့ အထူ ၁၄.၅မီလီမီတာနဲ့ ၁.၂၉ကီလိုအလေးချိန်ရှိမှာဖြစ်မှာတယ်။ မော်ဒယ်နှစ်မျိုးလုံးဟာ မက်ဂနီဆီယမ်သတ္တုစပ်နဲ့တည်ဆောက်ထားတာဖြစ်ပြီး ပလက်စတစ်ဒီဇိုင်းကို ပြန်လည်ပြင်ဆင်ထားတာဖြစ်ပါတယ်။

Notebook9 မော်ဒယ်နှစ်မျိုးလုံးဟာ 1080p display နဲ့ဖြစ်ပြီး Intel Skylake-U series processor နဲ့အလုပ်လုပ်မှာပါ။ အသုံးပြုသူတွေအနေနဲ့ RAM 4GB ကနေ 8GB အတွင်းရွေးချယ်လို့ရနိုင်မှာဖြစ်ပြီး Storage အနေနဲ့ 128GB ကနေ 256GB အထိရရှိနိုင်မှာပါ။

လက်ပ်တော့အမျိုးအစား နှစ်မျိုးစလုံးကို 1.5mm ကီးဘုတ်တပ်ဆင်ထားပြီး စာရိုက်ဖို့အဆင်ပြေစေနိုင်ပါတယ်၊ မော်ဒယ်နှစ်မျိုး လုံးမှာ USB 3.0 နှစ်ပေါက်ပါဝင်မှာဖြစ်ပါတယ်။ ၁၅.၆လက်မ မှာတော့ USB 3.1 Type C အမျိုးအစား ကိုထပ်မံဖြည့်သွင်းထားတာပြီး DisplayPort နဲ့ချိတ်ဆက်နိုင်မှာဖြစ်ပါတယ်။

Notebook 9 ဟာပါးလွှာပေါ့ပါး တဲ့လက်ပ်တော့တွေကို နှစ်သက်သူတွေအဆင်ပြေနိုင်ပါတယ်၊ ဒါပေမယ့် ဘက်ထရီပိုင်းမှာတော့အနည်းငယ် စွမ်းရည်ကျသွားပြီး ၁၃.၃လက်မမော်ဒယ်အတွက် ၃၀၀ပ် ဘက်ထရီ၊ ၁၅.၆လက်မ မော်ဒယ်အတွက် ၃၉၀ပ်ဘက်ထရီကိုအသီးသီးအသုံးပြုထားပြီး အရင် ၅၆၀ပ် ပတ်ဝန်းကျင်ရှိခဲ့တဲ့ Samsung လက်ပ်တော့မော်ဒယ်တွေနဲ့ နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။

Ref: Gadgets360

You may be interested

Redmi Y3 ရဲ့ ဗီဒီယို ထွက်လာ
Android, HUBS, Mobiles & Tablets
0 shares0 views

Redmi Y3 ရဲ့ ဗီဒီယို ထွက်လာ

Ko Thuya - Apr 21, 2019

Redmi India က Y3 ရဲ့ Teaser Video တစ်ခုကို မျှဝေလိုက်ပါတယ်။ ဖုန်းရဲ့ အနောက်ဘက်ဟာ အကွက်အပြောက် ဒီဇိုင်း ဖြစ်တာကို မြင်ရပါတယ်။ အနောက်ကင်မရာ ၂ လုံးနဲ့ လက်ဗွေရာ အာရုံခံ ကိရိယာ ပါပါတယ်။ မျက်နှာပြင်မှာ…

EMUI 9.1 ရမယ့် Huawei ရဲ့ Device ၄၉ လုံး
Android, Huawei, HUBS
0 shares0 views

EMUI 9.1 ရမယ့် Huawei ရဲ့ Device ၄၉ လုံး

Ko Thuya - Apr 21, 2019

Huawei ရဲ့ EMUI 9.1 မှာ Icon Design နဲ့ Gesture Control များကို အဆင့်မြှင့်ထားပါတယ်။ ဖိုင်စနစ် အသစ်လည်း ပါလာပါတယ်။ အခုတော့ ဟွာဝေးက EMUI 9.1 ရမယ့် Huawei နဲ့ Honor…

F-16 ထက် ပိုမြန်တဲ့ ဒေါ်လာ ၂.၅ သန်းတန် အီလက်ထရစ်ကား
Automobiles, NEWS, Tech Update
0 shares70 views

F-16 ထက် ပိုမြန်တဲ့ ဒေါ်လာ ၂.၅ သန်းတန် အီလက်ထရစ်ကား

Ko Thuya - Apr 21, 2019

မြင်းကောင်ရေ ၁၉၀၀ အားရှိတဲ့ ဒေါ်လာ ၂.၅ သန်းတန် အီလက်ထရစ်ကားကို နယူးယောက်ရဲ့ လမ်းမများမှာ မြင်ရတော့မှာပါ။ The Pininfarina Battista လို့ အမည်ပေးထားတဲ့ ကားဟာ တစ်နာရီလျှင် ၂၁၇ မိုင် ( ၃၅၀ ကီလိုမီတာ) အထိ…

Leave a Comment

Most from this category