စိတ်ဝင်စားဖွယ်ရာ ကောင်းတဲ့ အခမဲ့ အွန်လိုင်း လက်ဖွဲ့ ဝန်ဆောင်မှု မိတ်ဆက်

စိတ်ဝင်စားဖွယ်ရာ ကောင်းလှတဲ့ ဝက်ဆိုဒ်တစ်ခု အနေနဲ့ အခု ရက်သတ္တပတ်မှာ မိတ်ဆက်ခဲ့တာ က ” မင်္ဂလာလက်ဖွဲ့ ” စာမျက်နှာပဲ ဖြစ်တယ် လို့ သိရပါတယ်။

မြန်မာနိုင်ငံရှိ မင်္ဂလာပွဲတိုင်းတွင် ကြုံတွေရမြဲဖြစ်သော အမျိုးအစားတူ လက်ဖွဲ့ပစ္စည်းများ လက်ခံရရှိခြင်းကို ဖြေရှင်းပေးနိုင်မည့် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော အခမဲ့အွန်လိုင်း လက်ဖွဲ့ဝန်ဆောင်မှုဝက်ဆိုက်ဒ် MingalarLetPhwet.com မိတ်ဆက်သည့် အခမ်းအနားကို ပြီးခဲ့တဲ့ သြဂုတ်လ ၁၇ ရက်၊ မနက်ပိုင်း မှာ ရန်ကုန်မြို့၊ နိုဗိုတယ်ဟိုတယ်ရှိ၊ Eureka  ခန်းမမှာ ကျင်းပပြုလုပ်ခဲ့တယ် လို့ သိရပါတယ်။

MingalarLetPhwet.com ဟာ မင်္ဂလာမောင်နှံတွေနဲ့ ဧည့်သည့်တွေ အတွက် ရာနှုန်းပြည့် အခမဲ့ဖြစ်ပြီး မင်္ဂလာပွဲနေ့တွင် လက်ခံရရှိမည့် လက်ဖွဲ့ပစ္စည်းများကို စိတ်ကြိုက်ကြိုတင်ရွေးချယ်နိုင်တဲ့ ဝက်ဆိုက်ဒ် ဖြစ်ပြီး မင်္ဂလာမောင်နှံများအနေဖြင့် မိမိလိုအပ်သော လက်ဖွဲ့ပစ္စည်းများကို ဧည်သည်တော်များထံ ကြိုတင်အသိပေးနိုင်ပြီး လက်ဖွဲ့ပစ္စည်းတစ်မျိုးတည်းကို တိုက်ဆိုင်တာ ၊ တူညီတာ ၊ ထပ်တာ တွေ မျိုးတွေ လို နှစ်ခါမရရှိအောင်လည်း ပြုလုပ်ထားနိုင်ခြင်းကြောင့် လက်ဖွဲ့ပစ္စည်းထပ်ခြင်းကို ဖြေရှင်းပေးနိုင်မယ် လို့ ဆိုပါတယ်။

“ ဧည့်သည့်တွေအနေနဲ့ မင်္ဂလာမောင်နှံတွေ ဘာလိုချင်လဲမသိတဲ့အခါ သူတို့လိုအပ်မယ် ထင်တဲ့ပစ္စည်းတွေကို မှန်းဆပြီး  ပေးတတ်ကြပါတယ်။ အဲ့ဒီမှာ ပစ္စည်းတစ်မျိုးတည်းကို နှစ်ခါရပြီး လက်ဖွဲ့ပစ္စည်းတွေ ထပ်နေတော့ အသုံးမဝင်ဘဲ ချောင်ထိုးထားရတာတွေ ဖြစ်လာတယ်။ အခုကျွန်တော်တို့ ဝန်ဆောင်မှုက မြန်မာပြည်မှာ  မင်္ဂလာမောင်နှံတိုင်း ကြုံတွေ့နေရတဲ့ ဒီစိတ်ရှုပ်စရာကိစ္စကို ဖြေရှင်းပေးပြီး သူတို့တကယ်လိုအပ်တဲ့၊ လိုချင်တဲ့ ပစ္စည်းတွေကိုပဲ လက်ဖွဲ့အဖြစ် ရရှိပိုင်ဆိုင်နိုင်အောင် ကူညီပေးမှာပါ။ ဧည့်သည့်တွေအနေနဲ့လည်း လက်ဖွဲ့ ပစ္စည်းတွေကို အွန်လိုင်းကနေ အလွယ်တကူ လက်ဆောင်ပေးနိုင်မှာဖြစ်လို့ လက်ဖွဲ့ပစ္စည်း လိုက်ရှာဝယ်ရတဲ့ ဒုက္ခကင်းဝေးစေပြီး အချိန်ကုန်၊ လူပင်ပန်းသက်သာစေမှာပါ ’’ ဟု MingalarLetPhwet.com ရဲ့ CEO ဖြစ်သူ Mr. Charles-Patrick Rowan က ပြောကြားသွားခဲ့ပါတယ်။

မင်္ဂလာမောင်နှံများအနေဖြင့် MingalarLetPhwet.com ဝက်ဆိုက်ဒ်တွင် မှတ်ပုံတင်ပြီးနောက် မင်္ဂလာပွဲနှင့် ပတ်သက်တဲ့ အကြောင်းအရာများ၊ Pre-wedding ဓာတ်ပုံများနှင့် လိုချင်တဲ့ လက်ဖွဲ့ပစ္စည်းစာရင်းကို မျှဝေနိုင်မယ့် မင်္ဂလာမောင်နှံနှစ်ဦးပိုင် အသေးစားဝက်ဆိုက်ဒ်တစ်ခုကို ရရှိမှာဖြစ်တယ် လို့ ဆိုပါတယ်။

အဲဒီနောက် မိမိလိုချင်တဲ့ မင်္ဂလာလက်ဖွဲ့ပစ္စည်းများကို စာရင်းပြုစုကာ အဆိုပါလက်ဖွဲ့ပစ္စည်းစာရင်းကို Facebook မှတဆင့် Link ပေးပို့ခြင်း၊ မင်္ဂလာဆောင်ဖိတ်စာတွင် ထည့်သွင်းခြင်းဖြင့် ဧည့်သည့်များထံ ဝေမျှနိုင်မယ် ဖြစ်ပါတယ်။ အဲဒီ MingalarLetPhwet.com ၏လက်ဖွဲ့စာရင်းမှာ မင်္ဂလာမောင်နှံများအနေဖြင့် မိမိလိုချင်သည့်၊ လိုအပ်သည့် အိမ်ထောင်ဦးပစ္စည်းများကို ဧည့်သည့်များအားပြောပြရန် အလွယ်ကူဆုံးနည်းလမ်းဖြစ်ပြီး မင်္ဂလာပွဲကျင်းပပြီးစီးပြီးနောက် ဧည့်သည့်တွေရဲ့ MingalarLetPhwet.com မှတဆင့် လက်ဖွဲ့ပေးထားတဲ့ လက်ဖွဲ့ပစ္စည်းများအား ပို့ဆောင်ခပေးချေရန် မလိုအပ်ဘဲ မင်္ဂလာမောင်နှံအိမ်သို့ MingalarLetPhwet.com မှ အခမဲ့တိုက်ရိုက် ပို့ဆောင်ပေးသွားမှာ ဖြစ်တယ် လို့ သိရပါတယ်။

 

Ref : MingalarletPhwet

 

 

%d bloggers like this: