သင့်Android ဖုန်းနဲ့ ဓာတ်ပုံအပျံစားတွေဘယ်လိုရိုက်မလဲ
ယခုခေတ်မှာ မိုဘိုင်းလ်ဖုန်းဆိုတဲ့ အရာလေးတွေဟာ လူတိုင်းရဲ့ အိတ်ကတ်ထဲမှာ အချိန်တိုင်းရှိနေတတ်တဲ့ အရာတစ်ခုလိုဖြစ်နေပါပြီ။ မိုဘိုင်းလ်ဖုန်းတွေကို ရွေးချယ်ဝယ်ယူရာမှာ အချက်အလက်တွေများစွာကို ကြည့်ကြတဲ့အထဲက ကင်မရာပိုင်းကလည်း အရေးကြီးတဲ့အပိုင်းတစ်ခုမှာအပါအဝင်ဖြစ်လာပါတယ်။ Selfie နဲ့ ဓာတ်ပုံလှလှလေးတွေအတွက် အဆင်ပြေပြေရိုက်နိုင်ဖို့အတွက် ဓာတ်ပုံကဏ္ဍက မရှိမဖြစ်အရေးပါလာတာအမှန်ပါပဲ။ ဒါပေမယ့်အရေးကြီးတဲ့အပိုင်းတစ်ခုအဖြစ်ပါလာတာကတော့ ဓာတ်ပုံကိုဘယ်လိုလှပအောင်ရိုက်မလဲဆိုတာပါပဲ။ အဲ့ဒီအတွက်အချက်အလက်အချို့ကိုမျှဝေပေးချင်ပါတယ်။
၁) သုံးချက်စည်းမျဉ်း
သင့်အနေနဲ့ ဘယ်လို ဓာတ်ပုံရိုက်ရိုက်သင့်အနေနဲ့ သိထားရမှာက သုံးချက်စည်းမျဉ်း (Rule Of Thirds) ပါပဲ။ တကယ်ကိုရိုးစင်းပါတယ်။ သင့်အနေနဲ့ သင်ရိုက်တဲ့ ပုံကိုတူညီတဲ့ အကွက်ကိုးကွက်ရရှိအောင် ဒေါင်လိုက်နဲ့ အလျားလိုက်မျဉ်းကြောင်း နှစ်ကြောင်းဆွဲပြီး ပိုင်းလိုက်ရမှာပါ။ ပုံထဲမှာ ပါစေချင်တဲ့ အဓိက အချက်အလက် (ပစ္စည်း) တွေကို အလယ်ကျကျမှာထားရမှာပါ။ အောက်ပါပုံအတိုင်းပေါ့။
တချို့ဖုန်းတွေမှာတော့ အဲ့လိုမျိုး သုံးချက်မျဉ်းကြောင်းလေးတွေပါတတ်ပါတယ်။
အော် လူတော်တော်များများလုပ်တတ်တဲ့ အမှားတစ်ခုကတော့ လူတွေဟာ သူတို့ရဲ့ပုံတွေထဲက ပုံရိပ်ကိုပြချင်ဇောနဲ့ မလိုအပ်ပဲ Space တွေထားပြီးတော့ ထောင့်တွေထဲမှာ ထည့်တတ်ပါတယ်။တကယ်တမ်းမလိုအပ်ရင်တော့ သုံးချက်စည်းမျဉ်းကို သုံးစရာမလိုပါဘူး။ သင်ပေးချင်တဲ့ Target Message ကတစ်ခုလောက်ပဲဆိုရင်တော့ မလိုအပ်ပါဘူး။
၂) မျဉ်းကြောင်းတွေအသုံးပြုပါ
နေရာတိုင်းမှာ မျဉ်းကြောင်းတွေရှိပါတယ်။ အဲ့ဒါတွေကို သင့်အတွက်အကျိုးရှိအောင် အသုံးချလို့ရပါတယ်။ သင့်ရဲ့ ရုပ်ဝတ္ထုပစ္စည်းကို ဦးဆောင်နိုင်အောင် အသုံးချလို့ရပါတယ်။ အမြဲတမ်းအသုံးပြုနေတဲ့ ဥပမာတစ်ခုကတော့ မီးရထားလမ်းတို့ လမ်းနဲ့ တံတားတို့ပါပဲ။ ဒါပေမယ့်တကယ်တော့ မျဉ်းကြောင်းတွေက နေရာတိုင်းမှာ ရှိပါတယ်။
၃) ရှုထောင့်
ပစ္စည်းတစ်ခုရှေ့မှာ လူတစ်ယောက်ရပ်ပြီးရိုက်တာကို လူတိုင်းလိုလိုလုပ်တတ်ပါတယ်။ ဒါပေမယ့် ဒါကနည်းနည်းတော့ ရိုးစင်းပြီး ပျင်းဖို့ကောင်းတာပေါ့။ သင့်အနေနဲ့ မှန်ကန်တဲ့ ထောင့်အတိုင်းအတာကိုရှာဖွေရမှာပါ။ ပြီးတော့ တစ်ခါတစ်လေကျရင် မှန်ကန်တဲ့ထောင့်တွေက သမားရိုးကျအနေအထား ဖြစ်မနေတတ်ပါဘူး။ ကျောက်တုံးကြီးတစ်တုံးကိုမြင်ဖူးသလား။ သင့်အနေနဲ့အဲ့ဒီအပေါ်ကိုတက်ကြည့်လိုက်ရင် အရာဝတ္ထုတွေကို ဘယ်လိုမြင်ရသလဲ။ အောက်ကနေရော ပစ္စည်းတွေကို ဘယ်လိုမြင်ရသလဲ။ ဘယ်လိုဖြစ်ဖြစ်ပါ၊ သင့်အနေနဲ့ မှန်ကန်တဲ့ထောင့်အနေအထားကိုကြိုးစားရှာဖွေပြီးရိုက်တတ်ရင် ပုံကောင်းကောင်းတွေရလာပါလိမ့်မယ်။
၎) နောက်ခံ
သင့်ရဲ့ Subject မှာနောက်ခံ (Background) ကလည်းတကယ်ကိုအရေးကြီးတဲ့ အရာတစ်ခုပါပဲ။ နောက်ခံကတကယ်မိုက်နေဖို့လိုအပ်ပါတယ်။ မဟုတ်ရင် အနည်းဆုံးရိုက်ကူးမယ့်နေရာကသန့်ရှင်းနေဖို့လိုအပ်ပါတယ်။ အမှိုက်နဲ့ တခြားသိသိသာသာကွဲပြားသွားစေမယ့်အရာတွေ ရှိမနေဖို့လိုပါတယ်။ ရုပ်ထွက်မယ့်နေရာကနေကြည့်လိုက်ရင် ကြည့်ရှုတဲ့လူကို သင်ဦးတည်မယ့် Subject ကနေ အဝေးကို ရောက်သွားစေမယ့်အရာတွေပေါ့။
၅) အလင်း
ပရော်ဖက်ရှင်နယ်ဓာတ်ပုံဆရာတွေဟာ အလင်းကိုအထူးကျွမ်းကျင်ကြပါတယ်။ သင်အသုံးပြုမယ့်အလင်းပိုင်းနဲ့ ပတ်သက်ပြီး အကောင်းဆုံးဖြစ်နေရပါမယ်။ သင့်ရုပ်ဝတ္ထုပစ္စည်းကို ရိုက်မယ့်အလင်းအတိုင်း ဦးတည်ရာကို ပြောင်းလဲရမှာပါ။ Selfie ရိုက်သလိုပေါ့၊ မျက်နှာနဲ့ အလင်းကို ချိန်သားကိုက်အောင်အသုံးချတတ်ရင် မလှတဲ့လူတောင် ဓာတ်ပုံထဲမှာ အမိုက်စားဖြစ်နေတတ်ပါတယ်။
စမတ်ဖုန်းကင်မရာတွေရဲ့ ပြဿနာတစ်ခုက သူတို့ဆီမှာ အလွန်သေးငယ်တဲ့ ဆင်ဆာသာရှိခြင်းပါပဲ။ ဒါပေမယ့် နည်းပညာက သင့်ကို နေ့ဘက်မှာ ဘယ်လိုမျိုးဆုံမှတ်မှာမဆို ကောင်းမွန်တဲ့ဓာတ်ပုံတွေရရှိနိုင်အောင် ပြုလုပ်ပေးပါတယ်။ ဒါပေမယ့် သေးငယ်တဲ့ဆင်ဆာပဲပါရှိတာကြောင့် အလင်းရောင်နည်းသွားလေလေ သင့်ဖုန်းရဲ့ ကင်မရာလုပ်ဆောင်ချက်တွေနည်းသွားလေလေပါပဲ။ အဲ့ဒီအခါသင့်အနေနဲ့ သင့်ကင်မရာကို အကူအညီပေးဖို့လိုပါတယ်။ မီးမရှိတဲ့နေရာမှာ ရိုက်မယ်ဆိုရင် မီးဖွင့်လိုက်ပါ။ မီးအိမ်နဲ့ နီးနီးကပ်ကပ်မှာရိုက်ပါ။
၇) Flash မီးသိပ်မသုံးပါနဲ့
Flash နဲ့ ဓာတ်ပုံရိုက်ရင် သတိကြီးကြီးထားရပါတယ်။ လူတွေက ဖလက်ရှ်မီးကို ကြိုက်နှစ်သက်တတ်ကြပါတယ်။ တကယ်တမ်းကျတော့ ဖလက်ရှ်မီးက ဓာတ်ပုံကိုဖျက်ဆီးတတ်ပါတယ်။ အထူးသဖြင့် သင့်အနေနဲ့ ထောင့်တစ်ထောင့်ထဲကနေပြီး အရည်အသွေးနိမ့်တဲ့ ဖလက်ရှ်မီးနဲ့ ဓာတ်ပုံရိုက်မိရင် ဓာတ်ပုံမှာမလိုအပ်တဲ့ အရာတွေပိုမိုထင်ရှားလာပြီး အရိပ်တွေလည်း ပိုမိုထင်လာတတ်ပါတယ်။ သင့်အနေနဲ့ ဘယ်လိုမှ သဘာဝကျတဲ့ ပုံကောင်းတစ်ပုံမထွက်နိုင်တော့ပါဘူး။
၈) Manual ပဲလုပ်ကြပါစို့
စမတ်ဖုန်းတော်တော်များများက ကင်မရာမှာရှိတဲ့ ထောင့်အတိုင်းအတာတွေအားလုံး ဖော်ထုတ်တာကို ခွင့်မပြုပါဘူး။ ကောင်းပါပြီ၊ အဓိကဗဟိုချက်တစ်ခုကို ဓာတ်ပုံတစ်ပုံရိုက်ရင် သင့်အနေနဲ့ မှန်ကန်တဲ့ရှုထောင့်တွေကို ဖော်ထုတ်တော့မှာပါ။ မှန်ကန်တဲ့အလင်းပမာဏကိုရရှိနိုင်ဖို့အတွက် အချက်သုံးချက်လိုပါတယ်။ အလင်းဝင်ပေါက်၊ ရွက်ရှင်မြန်နှုန်း (Shutter Speed) နဲ့ ISO တို့ပါပဲ။အဓိကပြောချင်တာကတော့ သင့်ကင်မရာကို အကောင်းဆုံးထိန်းချုပ်နိုင်မယ့် App တွေရှိတယ်ဆိုတာပါ။
သင့်ကင်မရာအတွက်သင်ကိုယ်တိုင်ထိန်းချုပ်ချင်တယ်ဆိုရင်တော့ ကျွန်တော့်ရဲ့အကြိုက်ဆုံး App တွေကတော့ Manual Camera နဲ့ DSLR Camera Pro တို့ပဲဖြစ်ပါတယ်။ ဒီApp တွေက သင့်ကို ISO,Shutter Speed, Shooting Mood, White Balance နဲ့ တခြားထိန်းချုပ်မှုတွေကို ကိုယ်တိုင်ပြုလုပ်နိုင်အောင်ပြုလုပ်ပေးပါလိမ့်မယ်။ ဒါပေမယ့်တစ်ခုရှိတာက ဒီApp တွေက ပိုက်ဆံပေးဝယ်ရမယ့် App တွေဖြစ်နေတာပါပဲ။ တစ်ခုကို ၂.၉၉ ဒေါ်လာကျသင့်မှာဖြစ်ပါတယ်။
၉) HDR ကိုအသုံးပြုပါ
များစွာသောနောက်ဆုံးပေါ်စမတ်ဖုန်းတွေမှာ HDR လို့ခေါ်တဲ့ (High Dynamic Range) ပါနေပြီဖြစ်ပါတယ်။ ဒါပေမယ့် ဒါကဘာကိုရည်ညွှန်းတာလဲ။ ပုံမှန်အမြင်တွေမှာ၊ HDR ဟာ တူညီတဲ့ ဖရိန်တစ်ခုထဲမှာမြောက်များစွာသော ပုံရိပ်တွေကို မတူညီတဲ့ဖော်ထုတ်မှုအဆင့်တွေ၊ အရောင်အသွေးတွေနဲ့ ဖော်ထုတ်နိုင်ပါတယ်။ HDR မှာ ပြီးပြည့်စုံတဲ့ အလင်းကို ညီမျှအောင် ချိန်ညှိနိုင်ပါတယ်။ ပုံတစ်ခုထဲမှာမတူညီတဲ့အလင်းရောင်တွေကို ဖော်ထုတ်နိုင်ပါတယ်။ ဖုန်းတွေမှာတော့ အလုပ်လုပ်ပုံနည်းနည်းကွဲပါတယ်။ ဖုန်းတော်တော်များများကတော့ ဒီဂျစ်တယ်နည်းပိုင်းနဲ့အလုပ်လုပ်ကြတာပါ။ ဒါပေမယ့်ရလဒ်ကတော့ကောင်းမွန်ဆဲပါပဲ။ သင့်အနေနဲ့ HDR ကိုအသုံးပြုပြီး ကြီးမားကောင်းမွန်တဲ့ မတူညီတဲ့ ပုံရိပ်တွေကို ဖန်တီးနိုင်ပါတယ်။
Ref: Android Authority
You may be interested

သင့်ဖုန်းမှာ Always on Display ကို သုံးနိုင်မယ့် Always On AMOLED
Ko Thuya - Apr 19, 2018အချိန်၊ နေ့ရက်များ၊ ဘက်ထရီ အခြေအနေများကို သိနိုင်ဖို့အတွက် စမတ်ဖုန်းကို Unlock လုပ်ပြီး ကြည့်ကြရပါတယ်။ ဒါပေမယ့် Samsung Galaxy S7 , LG G5 တို့မှာတော့ Unlock လုပ်စရာမလိုဘဲ အဲဒီ သတင်းအချက်အလက်များကို စကရင်မှာ အမြဲတမ်းပြသပေးထားပါတယ်။…

Offline ဘာသာပြန်နိုင်စွမ်းမှာ Google Translate ထက်ပိုကောင်းတယ်ဆိုတဲ့ Microsoft
Nwe Oo Thant - Apr 19, 2018[Zawgyi] ပြည်ပနိုင်ငံတစ်ခုခုကို ခရီးသွားတဲ့အခါ ဒေသခံတွေရဲ့ပြောစကားတွေကိုနားမလည်တဲ့အခါ ဘာသာပြန်တဲ့ Translation App တွေကမဖြစ်မနေလိုအပ်လာပါပြီ။ ဒါပေမယ့် အင်တာနက်လုံးဝမရတဲ့နိုင်ငံတွေကိုသွားခဲ့ရင်တော့ ဒီ ဘာသာပြန် app တွေကလည်း အသုံးဝင်မှာမဟုတ်တော့ပါဘူး။ Google Translate အပါအဝင် ဘာသာပြန် app အများစုက cloud ကွန်ပျူတာတွေနဲ့ချိတ်ထားပါတယ်။…

6.1-inch iPhone တွေရဲ့ဈေးနှုန်းမှာ $550 လောက်ပဲရှိနိုင်
Nwe Oo Thant - Apr 19, 2018[Zawgyi] Apple ကတော့ သူ့ရဲ့ ၂၀၁၈ iPhone တွေနဲ့ပတ်သတ်ပြီးဘာမှ တိတိပပမပြောပြသေးပေမယ့် သတင်းတွေတော်တော်များများကတော့ ကြားခဲ့ပြီးပါပြီ။ လာမယ့် ထိပ်တန်း iPhone မော်ဒယ်လ်တွေက iPhone X လိုပဲဈေးကြီးမယ်ဆိုတာတော့ ဖြစ်နိုင်ပေမယ့် ဈေးသင့်တဲ့ iPhone သစ်တစ်လုံးဝယ်ချင်ကြတဲ့ user…
Most from this category

ဖုန်းအသစ်လဲသင့်ပြီဆိုတာပြနေတဲ့ အချက်၅ချက်
Nwe Oo Thant - Apr 19, 2018
Leave a Comment
You must be logged in to post a comment.