အူရီဒူးမြန်မာ (၃)နှစ်ပြည့်အထိမ်းအမှတ်ကို တန်ဖိုးထားရသည့် သုံးစွဲသူများနှင့်အတူဆင်နွှဲ

အူရီဒူး ရဲ့ (၃)နှစ်ပြည့်အထိမ်းအမှတ် Facebook ပို့စ် ကို Like လုပ်ပြီး Share ခြင်းဖြင့် ကျပ်၁၀,၀၀၀တန် ငွေဖြည့်လက်ဆောင် ကံထူးနိုင်မည့်အခွင့်အလမ်းကို စတင်နေပြီ ဖြစ်တယ် လို့ သိရပါတယ်။

အူရီဒူးမြန်မာအနေဖြင့် “မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးအော်ပရေတာတစ်ခုအဖြစ် ဝန်ဆောင်မှုပေးနိုင်ခဲ့ခြင်းအတွက် ပျော်ရွှင်စရာကောင်းသော ၃နှစ်ပြည့်အထိမ်းအမှတ်ဖြစ်ပါစေ”ဟု မြန်မာပြည်သူပြည်သားများအားလုံးအတွက် ဆုမွန်ကောင်းတောင်းလိုက်ပြီး ၃နှစ်ပြည့်အထိမ်းအမှတ်ကို ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် Facebook Like and Share အစီအစဉ်တစ်ခုကို ပြုလုပ်ပေးလိုက်တယ် လို့ ဆိုပါတယ်။

“အူရီဒူးမြန်မာအစပြုခဲ့တဲ့ (၃)နှစ်ပြည့်အထိမ်းအမှတ်ကို သုံးစွဲသူအားလုံးနဲ့ အတူတူဆင်နွှဲလိုက်ရအောင်” ဟူသည့် ခေါင်းစဉ်ဖြင့် Facebook ပို့စ်တခုကို အူရီဒူးပေ့ချ်တွင် ပြုလုပ်ပေးထားပြီး ဝန်ဆောင်မှုကို အသုံးပြုသူများအနေဖြင့် အဆိုပါ ပို့စ်ကို Like လုပ်ပြီး #Ooredoo3Years ဆိုသည့် စာသားနှင့်အတူ Public တွင် Share ပေးရခြင်းဖြင့် တန်ဖိုးငွေ ကျပ်၁၀,၀၀၀ နှင့်ညီမျှသော ငွေဖြည့်လက်ဆောင်ကံထူးခွင့်ရမှာဖြစ်တယ် လို့ သိရပါတယ်။

အဲဒီ ၃နှစ်ပြည့်အထိမ်းအမှတ် Facebook အစီအစဉ်သည် ၂၀၁၇ခုနှစ်၊ သြဂုတ်လ ၂ဝ ရက်နေ့ ၂၃း၅၉း၅၉ နာရီမတိုင်ခင် Share ပေးရမှာဖြစ်ပါတယ်။ အူရီဒူးမြန်မာအနေဖြင့် ကံထူးရှင် အယောက် ၃၀ ကို ရွေးချယ်မည်ဖြစ်ပြီး ကံထူးရှင်၏ ပို့စ်အောက်တွင် ကံထူးသွားကြောင်းကို အသိပေးကြေညာပေးသွားမည်ဖြစ်ပါတယ်။ ကံထူးသွားသူများမှ #Ooredoo3Years စာသားနှင့်အတူ အူရီဒူးဆင်းနံပါတ်ကို သြဂုတ်လ ၂၃ရက်မတိုင်ခင် အူရီဒူးမြန်မာ၏ Facebook စာမျက်နှာ message box သို့ ပေးပို့ပေးရမည်ဖြစ်ပါတယ်။

“မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးအော်ပရေတာတစ်ခုအဖြစ် ဝန်ဆောင်မှုပေးနိုင်ခဲ့ခြင်းအတွက် ပျော်ရွှင်စရာကောင်းသော ၃နှစ်ပြည့်အထိမ်းအမှတ်ဖြစ်ပါစေ လို့ မြန်မာပြည်သူပြည်သားများ အားလုံးအတွက် ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ အူရီဒူးအပေါ် ယုံကြည်စွာ အသုံးပြုတဲ့အတွက် အူရီးက သုံးစွဲသူတွေရဲ့ အားပေးမှုတွေကို အထူးကျေးဇူးတင်ရှိပါတယ်။ အခုဆိုရင် မြန်မာ ပြည်သူပြည်သားတွေရဲ့ နေ့စဉ်ဘဝရဲ့ အဓိကနေရာမှာ ပါဝင်ခွင့်ရတာဟာ ၃နှစ်ရှိခဲ့ပါပြီ။ ဒါကြောင့် သုံးစွဲသူတွေအတွက် ပေးရတာနဲ့တန်တဲ့ ဆန်းသစ်ပြီး အရည်အသွေးပြည့်ဝတဲ့ ဝန်ဆောင်မှုတွေကို ဆက်လက်ပေးအပ်နိုင်ဖို့အတွက် ကြိုးစားသွားမှာဖြစ်ပါတယ်။” လို့ အူရီဒူးမြန်မာ ရဲ့ Chief Marketing Officer ဖြစ်သူ Ms. Charity Safford က ပြောကြားခဲ့ပါတယ်။

Ref : OoredooMyanmar

%d bloggers like this: