0 Shares 26 Views

လေးထောင့်ဒီဇိုင်းနဲ့ဖုန်းတွေကို သုံးရတာ ရိုးအီလာသူတွေအတွက် ဖုန်းအ၀ိုင်း

Mar 01, 2016
0 26

Microsoft ၀န်ထမ်းဟောင်းနှစ်ဦးဖြစ်တဲ့ Christina Cyr နဲ့ Linda Inagawa တို့နှစ်ဦးဟာ Microsoft ကုမ္ပဏီမှာ အလုပ်လုပ်ကတည်းက မိတ်ဆွေတွေဖြစ်ခဲ့ကြပြီး၊ နောက်တစ်ချိန်မှာ တစ်မူထူးခြားတဲ့ဒီဇိုင်းတွေကို ဖန်တီးဖို့စိတ်ကူးရခဲ့ကြပါတယ်။

အခုအခါမှာတော့ သူတို့နှစ်ဦးဟာ Dtoor ဆိုတဲ့ ကုမ္ပဏီကို တည်ထောင်ပြီး လက်ရှိစမတ်ဖုန်းတွေရဲ့ဒီဇိုင်းပိုင်း ကို အကြီးအကျယ်ပြောင်းလဲနိုင်မယ့် Cyrcle လို့ ခေါ်တဲ့ အ၀ိုင်းပုံစံမိုဘိုင်းဖုန်းကို ဖန်တီးလိုက်ပါတယ်။ Dtoor ဆိုတာ (Designing the opposite of rectangle) လို့ဖြစ်ပြီး၊ လေးထောင့်ဒီဇိုင်းရဲ့ဆန့်ကျင်ဘက်ကိုဖန်တီးခြင်း လို့ အဓိပ္ပါယ်ရပါတယ်။

Crycle ဖုန်းဟာ အိတ်ဆောင်နာရီတစ်လုံးလို အဖုံးဖွင့်သုံးရတဲ့ ဖုန်းအ၀ိုင်းတစ်မျိုးဖြစ်ပြီး၊ 3D ပရင်တာကို သုံးပြီး ထုတ်ထားတာဖြစ်ပါတယ်။ ဖုန်းတွင်းအစိတ်အပိုင်းတွေကိုတော့ Seed RePhone Kit ၀က်ဆိုဒ်က ထုတ်လုပ်ထားတဲ့ ပစ္စည်းတွေနဲ့ တပ်ဆင်ထားတာဖြစ်တယ်လို့ သိရပါတယ်။

Cyrcle ဖုန်းကို ပထမဦးဆုံးအနေနဲ့ 2G ဗားရှင်းသာထုတ်သွားမှာဖြစ်ပြီး။ တစ်လုံးကို ဒေါ်လာ ၁၀၀ ကျသင့်မှာဖြစ်ပါတယ်။ 4G ဗားရှင်းကိုတော့ ၂၀၁၇ ခုနှစ်မှာ ထုတ်သွားဖို့ မျှော်လင့်သွားပြီး၊ Android စနစ်နဲ့၊ လက်ဗွေရာစနစ်တွေပါ ပါဝင်လာဖို့ရှိတယ်လို့ သိရပါတယ်။

Ref: Cnet

 

You may be interested

ဝန်ထမ်းတွေရဲ့ ကိုယ်ထဲကို Micro Chips တွေ ထည့်သွင်းခဲ့လို့ ဝေဖန်ခံနေရတဲ့ နည်းပညာကုမ္ပဏီ
Chipset, Knowledge, Mobiles & Tablets
360 shares568 views

ဝန်ထမ်းတွေရဲ့ ကိုယ်ထဲကို Micro Chips တွေ ထည့်သွင်းခဲ့လို့ ဝေဖန်ခံနေရတဲ့ နည်းပညာကုမ္ပဏီ

zayarsan - Jul 25, 2017

ဝန်ထမ်းဦးရေ အယောက် ၅၀ သာ ရှိပေမယ့် အမေရိကန်ကုမ္ပဏီလောကမှာတော့ ၀န်ထမ်းတွေရဲ့ ခန္ဓာကိုယ်ထဲကို MicroChips တွေ ကနဦး ထည့်သွင်းခဲ့တဲ့ ကုမ္ပဏီ ဖြစ်လာပြီး အခုအချိန်မှာတော့ အဲဒီ ကိစ္စရပ်အတွက် ဝေဖန်မှုပေါင်းများစွာ နဲ့ ရင်ဆိုင်နေရပြီး လူ့အခွင့်အရေး အဖွဲ့အစည်းများစွာကလည်း တရားစွဲဖို့အထိ…

Code ရေးနည်း သင်ပေးမယ့် အခမဲ့ ဂိမ်း (၉) ခု
FEATURES, Games, Softwares & Application
517 shares328 views

Code ရေးနည်း သင်ပေးမယ့် အခမဲ့ ဂိမ်း (၉) ခု

Ko Thuya - Jul 25, 2017

ဒီနေ့ခေတ်မှာ သင် ၀ါသနာ ပါတဲ့ ပညာရပ်များကို အွန်လိုင်းကနေ သင်ကြားနိုင်ပါပြီ။ Programming ကို လေ့လာချင်သူများအတွက်လည်း အွန်လိုင်းမှာ သင်တန်းများ၊ ၀က်ဆိုက်များစွာ ရှိနေပါပြီ။ ကုဒ်ရေးနည်း သင်ပေးတဲ့ အခမဲ့ ဂိမ်းများတောင် ပေါ်နေပါပြီ။ ဂိမ်းတစ်ခုထဲကနေ ကွန်ပြူတာ ဘာသာစကားများကို ပြည့်စုံအောင်…

ASUS က ZenFone 4 ရဲ့ ဓါတ်ပုံအရည်အသွေး ကို ၀င့်ဝင့်ကြွားကြွား ထုတ်ဖော်ပြခဲ့
ASUS, Gadgets, HUBS
274 shares197 views

ASUS က ZenFone 4 ရဲ့ ဓါတ်ပုံအရည်အသွေး ကို ၀င့်ဝင့်ကြွားကြွား ထုတ်ဖော်ပြခဲ့

zayarsan - Jul 25, 2017

ရုရှနိုင်ငံမှာ ZenFone 4 Max ကို စတင်လွှင့်ထုတ်ခဲ့ပြီးနောက် ASUS ဟာ သူရဲ့ ဗားရှင်း ZenFone 4 ရဲ့ ကင်မရာ အရည်အသွေးကို ၀င့်ဝင့်ကြွားကြွားပဲ ထုတ်ဖော်ပြသခဲ့တယ် လို့ ဆိုပါတယ်။ ထုတ်ဖော်ပြခဲ့တဲ့ ဓါတ်ပုံတွေအရ ZenFone 4…

Leave a Comment

Most from this category