ဈေးကွက်မှာ မှတ်ကျောက်တင်ခံနိုင်မယ့် Motorola ဖုန်းတွေကို ရွှေးချယ်ဝယ်ယူနိုင်ပြီ

ဒီနေ့ခေတ်မှာ လုပ်ငန်းဆောင်တာတွေကို အဆက်မပြတ် လုပ်နေရသူတွေအတွက် ဖုန်အားကိုမကြာခဏ အားသွင်းရန်လည်းမလိုဘဲ Power Bank တွေကိုလည်း အလေးခံပြီးသယ်စရာမလိုပဲ တနေ့တာလုံးစိတ်ချ လက်ချလုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်နိုင်ရန်အတွက် Motorola မှ မြန်မာပြည်သူ/  ပြည်သားများအတွက် အရည်အသွေးကောင်းမွန်သော Motorola Smartphone, Moto watch and Moto Mods များကို မိတ်ဆက်ပေးခဲ့ပါတယ်။

Moto Z smartphone အသစ်ဟာ ဓားသွားကဲ့သို့ပါးလွှာသော ၅.၁၉ မီလီမီတာ သာအထူရှိပြီး ကမ္ဘာအပါးဆုံး premium smartphone အဖြစ်ရပ်တည်နေတာဖြစ်ပါတယ်။ စစ်တပ်သုံး aircraft-grade အလူမီနီယံ နှင့် stainless steel တို့ကိုပေါင်း ဆပ်ထားပြီး ၅.၅ လက်မ အရွယ်အစားရှိတဲ့ Quad HD AMOLED ကြောင့် အထူး ကောင်းမွန်ပြီး သက်ဝင်လှုပ်ရှားသော ရုပ်ထွက်များကို ပေးစွမ်းနိုင်ပါသည်။ Water-repellant coating သုပ်လိမ်းထားတဲ့အတွက်မိုးရွာထဲမှာပဲဖြစ်ဖြစ်၊ ရေပန်းများ အောက်မှာပဲဖြစ်ဖြစ်ပူပင်စရာမရှိအောင် ကာကွယ် ပေးထားပါတယ်။ အရမ်းကောင်းတဲ့ ပုံတစ်ပုံအတွက်မည်သည့် အလင်းရောင်အခြေအနေမဆို ဖန်တီးပေးနိုင်ဖို့အတွက် Moto Z စမတ်ဖုန်း တွင် 13MP High-resolution နှင့်  Optical image stabilization, laser autofocus တို့ပါဝင်သော f1.8 ကင်မရာပါရှိပါသည်။ အရှေ့ကင်မရာမှာ 5MP ရှိပြီး အလင်းရောင်ကိုပံပိုးပေးမယ် မျက်နှာပြင် flash နဲ့ မီသားစု ၊ သူငယ်ချင်း များအတူ ညအမှောင်မှာပင် ပုံကောင်းကောင်းရိုက်နိုင်သည် wide angle lens တို့ပါရှိပါသည်။ မိမိဖုန်းကို မျက်စိတစ်မှိတ် အတွင်း unlock ပြုလုပ်ပေးနိုင်သည့် moto Z SmartPhone ရဲ့ လက်ဗွေစနစ်မှာ အထူးလျှင်မြန် ပြီး လွယ်ကူစွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

စွမ်းဆောင်ရည်အမြင့်ဆုံးဖြစ်တဲ့ Qualcomn Snapdragon 820 processor ကို 4GB RAM ၏အထောက်အပံ့ကြောင့် moto Z smartphone ဟာလျှင်မြန်သွက်လက်စေပြီး လုပ်ငန်းအများအပြားကို တစ်ပြိုင်တည်း ထမ်းဆောင်နိုင်မှာဖြစ်ပါတယ်။ Moto Z မှာပါဝင်တဲ့ 2600 mAh ဘက်ထရီက သင်ကို တစ်နေ့တာလုံး အနှောက်အလျှက်ကင်းစွာ အားပြန်သွင်းစရာမလိုပဲ ဆက်တိုက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။

အားပြန်သွင်းမည်ဆိုလျှင်လည်း ၁၅ မိနစ်သွင်းရုံနဲ့ ၇ နာရီအသုံးပြုနိုင်တဲ့ TurboPower charge နည်းပညာလည်းပါရှိပါသည်။ ဒေတာသိမ်းစည်းနိုင်ဖို့ 64GB internal storage ပါရှိပြီး   နောက်ထပ်တိုးချဲ့အသုံးပြုနိုင်ဖို့အတွက် အများဆုံး 2TB အထိထောက်ပံပေးနိုင်တဲ့ microSD card slot လည်းပါရှိမှာဖြစ်ပါတယ်။ နောက်ထပ်လည်း moto Z smartphone သည် နောက်ဆုံး နည်းပညာခံစားမှုများဖြစ်တဲ့ Moto Actions, Moto Voice နှင့် Moto Display များသည် အသုံးပြုသူရဲ့ မိုဘိုင်းသုံးစွဲမှူ အတွေ့အကြုံကို ပိုမိုပျော်ရွှင် လွယ်ကူစေမှာဖြစ်ပါတယ်။

Moto z2 Play: ကမ္ဘာအပါးဆုံး Premium Smartphone

Moto z2 Play smartphone အသစ်ဟာ ဓားသွားကဲ့သို့ပါးလွှာသော ၅.၉၉ မီလီမီတာ သာအထူရှိပြီး ကမ္ဘာအပါးဆုံး premium smartphone အဖြစ်ရပ်တည်နေတာဖြစ်ပါတယ်။ စစ်တပ်သုံး aircraft-grade အလူမီနီယံ နှင့် stainless steel တို့ကိုပေါင်း ဆပ်ထားပြီး ၅.၅ လက်မ အရွယ်အစားရှိတဲ့ Quad HD Super AMOLED ကိုအသုံးပြုထားသောကြောင့် အထူးကောင်းမွန်ကာ သက်ဝင်လှုပ်ရှားသော ရုပ်ထွက်များကို ပေးစွမ်းနိုင်ပါသည်။ Water-repellant nona-coating သုပ်လိမ်းထားတဲ့အတွက် မိုးရွာထဲမှာပဲ ဖြစ်ဖြစ်   ရေပန်းများ အောက်မှာ  ပဲဖြစ်ဖြစ် ပူပင်စရာမရှိရအောင် ကာကွယ်ပေးထားပါတယ်။

အရမ်းကောင်းတဲ့ ပုံတစ်ပုံအတွက်မည်သည့် အလင်းရောင်အခြေအနေမဆို ဖန်တီးပေးနိုင်ဖို့အတွက် Moto z2 Play စမတ်ဖုန်း တွင် 12MP High-resolution နှင့်  Optical image stabilization , laser autofocus တို့ပါဝင်သော f1.7 ကင်မရာပါရှိပါသည်။ အရှေ့ကင်မရာမှာ 5MP ရှိပြီး အလင်းရောင်ကိုပံပိုးပေးမယ့် မျက်နှာပြင် flash နဲ့ မိသားစု ၊ သူငယ်ချင်း များအတူ ညအမှောင်မှာပင် ပုံကောင်းကောင်းရိုက်နိုင်သည် wide angle 85 lens တို့ပါရှိပါသည်။ မိမိဖုန်းကို မျက်စိတစ်မှိတ် အတွင်း unlock ပြုလုပ်ပေးနိုင်သည့် moto z2 Play အထူးလျှင်မြန် တဲ့ လက်ဗွေ စနစ်မှာလည်း လွယ်ကူသက်သာစေမှာဖြစ်ပါတယ်။

စွမ်းဆောင်ရည်အမြင့်ဆုံးဖြစ်တဲ့ Qualcomn Snapdragon 626 processor ကို 4GB LPDDR3 RAM  ၏အထောက်အပံ့ကြောင့် moto z2 Play smartphone ကိုလျှင်မြန်သွက်လက်စေပြီး လုပ်ငန်းအများအပြားကို တစ်ပြိုင်တည်း ထမ်းဆောင်နိုင်မှာဖြစ်ပါတယ်။ Moto z2 Play မှာပါဝင်တဲ့  3000 mAh ဘက်ထရီက သင်ကို တစ်နေ့တာလုံး အနှောက်အလျှက်ကင်းစွာ အားပြန်သွင်းစရာမလိုပဲ ဆက်တိုက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အားပြန်သွင်းမည်ဆိုလျှင်လည်း ၁၅ မိနစ်သွင်းရုံနဲ့ ၇ နာရီအသုံးပြုနိုင်တဲ့ TurboPower charge နည်းပညာလည်းပါရှိပါသည်။

ဒေတာသိမ်းစည်းနိုင်ဖို့ 64GB internal storage ပါရှိပြီး နောက်ထပ်တိုးချဲ့အသုံးပြုနိုင်ဖို့အတွက် အများဆုံး 2TB အထိထောက်ပံပေးနိုင်တဲ့ microSD card slot လည်းပါရှိမှာဖြစ်ပါတယ်။ နောက်ထပ်လည်း moto z2 Play smartphone သည် နောက်ဆုံးပေါ်နည်းပညာခံစားမှုများဖြစ်တဲ့ Moto Actions, Moto Voice နှင့် Moto Display များသည် အသုံးပြုသူရဲ့ မိုဘိုင်းသုံးစွဲမှူ အတွေ့အကြုံကို ပိုမိုပျော်ရွှင် လွယ်ကူစေမှာဖြစ်ပါတယ်။

Moto E4 Plus ၅ လက်မခွဲမျက်နှာပြင်နှင့် အတူ အံသြဖွယ်ရာမာကြောသော Metal Body ဖြင့်မြင်တွေ့ရမည့် Moto E4 Plus ဟာဆိုရင်ဖြင့် Battery 5000 mAh ဖြစ်သောကြောင့် မကြာခဏအားသွင်းပေးရန်နှင့် သုံးနေရင်းအားကုန်သွား မည်ကိုပူပန်နေရန်မလိုဘဲ စိတ်ချစွားအသုံးပြုနိုင်မည်ဖြစ်ပါသည်။ မိနစ်ပိုင်းလေးအားသွင်းရုံဖြင့် နာရီပိုင်းတောင် အသုံးပြုနိုင်မည်ဖြစ်ပြီး အားသွင်းရာတွင်လည်း အချိန်အများကြီးပေးရန်မလိုသော Smartphone တစ်လုံးဖြစ် ပါသည်။ Fast Finger Print Reader ပါဝင်သောကြောင့်သင့်ရဲ့ဖုန်းကို လျှင်မြန်စွာဖွင့်ပိတ်ပြုလုပ်နိုင်မည်ဖြစ်ပါသည်။ 4G Internet Speed သုံးထားသောကြောင့် မိမိကြိုက်နှစ်သက်ရာ Website များ နှင့် Online Game ကိုလျှင်မြန်စွာတိုက်ရိုက်အသုံးပြုနိုင်မည်ဖြစ်ပြီး နောက်ဆုံးပေါ် Android 7.1 အသုံးပြုထားပေးထားပါသည်။

အလင်းရောင်အားနည်းသောနေရာများတွင် တောင်ကြည်လင်ပျက်သားသောပုံရိပ်များကိုတိကျစွာ ဖမ်းယူနိုင်ရန်အတွက်နောက်ကင်မရာ13MP နှင့် ရှေ့ကင်မရာ 5MP လည်းပါဝင်တယ်။

Moto E ၅ လက်မ မျက်နှာပြင်ရှိပြီး၊ လှပ သေသပ်သော design လေးရှိသည့် moto E ဟာဆိုရင်ဖြင့် ကိုင်ဆောင်သွားရတာလည်း အဆင်ပြေလှပါသည်။ quad-core processor နှင့် 4G speed network ကို အသုံးပြုထားသောကြောင့် လျှင်လျှင်မြန်မြန် ဖြင့် Facebook status များကို update လုပ်နိုင်မည့် အပြင်၊ online video များကိုလည်း လွယ်လွယ်ကူကူ ကြည့် ရှူ့နိုင်မှာ ဖြစ်ပါတယ်။ Snapshot ပုံရိပ်များကို တိကျထင်ရှားစွာဖမ်းယူနိုင်ရန်အတွက် 8MP autofocus နောက်ကင်မရာကို ပါရှိပြီ၊  ရှေ့ကင်မရာကိုလည်း 5MP နှင့်အတူလှပခမ်းနားသော Selfie ပုံရိပ်များကို အလင်းရောင်အနည်းငယ် ရှိနေရုံုဖြင့် တောင် ရယူနိုင်မည် ဖြစ်ပါသည်။ တစ်ခါအားသွင်းထား ရုံဖြင့် တစ်နေ့တာလုံး အတွက် ဖုန်းကို ကိုယ်အပြင်ရောက် နေချိန် phone အားသွင်းရန် အဆင်မပြေသော နေရာရောက်နေရင်တောင်မှ စိတ်ပူစရာမလိုတော့ပါဘူး။

Moto C Plus  ကို Battery 4000mAh နှင့် Super Battery Life နှင့်အတူ Customer များကို မိတ်ဆက်လိုက်ပါပြီ။ ၅ လက်မရှိသော မျက်နှာပြင်နှင့်အတူကြည်လင်ပျက်သားသော HD Movies များနှင့် Photo များကိုလည်းအံ့သြ ဖွယ်ကြည့်ရှု့ခံစားနိုင်မည်ဖြစ်ပါသည်။ မိမိတို့ရဲ့ အမှတ်တရပုံရိပ်များကို လည်းလှပစွာဖမ်းယူထားနိုင်ရန် အတွက်အရှေ့ကင်မရာ 2MP နှင့် နောက်ကင်မရာ 8MP ကိုလည်းထည့်ပေးထားပါသည်။

Moto C ကိုဆိုရင်ဖြင့် ယနေ့ခေတ် Smartphone Market တွင်အံ့သြဖွယ်ရာဈေးနှုန်းနှင့် Smart ကျကျ အဆင့်မြင့်မြင့်ဖြင့်ကိုင်ဆောင်အသုံးပြုနိုင်ရန်အတွက်ဖန်တီးပေးလိုက်ခြင်းဖြစ်ပါသည်။ ၅လက်မမျက်နှာပြင်နှင့်

အတူကြည်လင်ပြတ်သားပြီး ၊ အသေးစိတ်ကျသောပုံရိပ်နှင့်ရုပ်ရှင်များကို၊ ကြည့်ရှု့ခံစားနိုင်မည်ဖြစ်ပါသည်။ အလင်းရောင်အားနည်းသောအခြေအနေများ မှာတောင် Snapshot ပုံရိပ်များကိုတိကျထင်ရှားစွာ  ဖမ်းယူနိုင်ရန်အတွက် 5MP နောက်ကင်မရာကို LED Flash နှင့်အတူထည့်သွင်းထားပါပြီး ရှေ့ကင်မရာကိုလည်း 2MP Selfie Light နှင့်အတူလှပခမ်းနားသော Selfie ပုံရိပ်များကိုရယူနိုင်မည်ဖြစ်ပါသည်။ Battery 2350 mAh  ဖြစ်သောကြောင့် တနေ့တာလုံးအတွက် Battery ကုန်သွားမည်ကိုစိုးရိမ်စရာမလိုဘဲ အသုံးပြုနိုင်မည် ဖြစ်ပါသည်။ Dual SIM feature ဖြစ်သောကြာင့်မိမိနှစ်သက်သော Operator နှစ်မျိုးကိုရွေးချယ်  အသုံးပြုနိုင်မည့်ဖြစ်ပြီး နောက်ဆုံးပေါ် AndroidTM 7.1 ကိုလည်း အသုံးပြုထားပါတယ်။

Moto smartphones များဖြစ်သည့် Moto z, Moto Z2 Play, Moto X Style, Moto X Force, Moto X Play, Moto E4 Plus, Moto E4, Moto C Plus, Moto C, Moto watch and Moto Mods accessories တို့သည် ၊ယနေ့ခေတ်ကာလ နှင့် လျော်ညီအောင် ဆန်းသစ်တီထွင်ထားသောကြောင့် လူကြီး၊ လူငယ် မရွေး ကိုင်ဆောင် ပြီး အသုံးပြု နိုင်ပါသည်။ လူကြီးမင်း တို့ နှင့် သင့်တော်သော design၊ specification များကို ကြည့် ရှု၍ ရွေးချယ်ဝယ်ယူနိုင်ပါသည်။ Moto z, Moto Z2 Play, Moto X Style, Moto X Force, Moto X Play, Moto E4 Plus, Moto E4, Moto C Plus, Moto C, Moto watch and Moto Mods accessories များကို မြန်မာနိုင်ငံဧ။် Lenovo Authorized Center နှင့် retail ဆိုင်များ တွင် ရရှိနိုင်ပါသည်။ ဒါ့အပြင် သတင်းကောင်းအနေနဲ့ ဒီပွဲမှာလည်း Motorola မိုဘိုင်းဖုန်းများကို ၃၀ % အထိလျှော့ဈေးဖြင့် ရောင်းချသွားမှာပဲ ဖြစ်ပါတယ်။

Ref : motorola

%d bloggers like this: