362 Shares 793 Views

အဆ ၁၀၀ ပိုမို မြန်ဆန်တဲ့ ၀ိုင်ဖိုင် နည်းပညာ

Aug 14, 2017
362 793

လက်ရှိ အမြန်နှုန်းထက် အဆ ၁၀၀ ပိုမို လျှင်မြန်တဲ့ ၀ိုင်ဖိုင် နည်းပညာကို အမေရိကန်မှ သုတေသနပညာရှင်များက လေ့လာတွေ့ရှိခဲ့ပါတယ်။ သူတို့က သမားရိုးကျ Microwaves များအစား Terahertz ကို အသုံးပြု၍ ပထမဆုံးအကြိမ် ဗီဒီယို လှိုင်းများ ပေးပို့နိုင်ခဲ့ကြခြင်း ဖြစ်ပါတယ်။

Terahertz ဟာ မြင့်မားတဲ့ ရောင်စဉ်လှိုင်းဖြစ်ပြီး တစ်စက္ကန့်လျှင် 50 gigabits အမြန်နှုန်းဖြင့် ဒေတာများကို ပေးပို့နိုင်ပါတယ်။ ဒီ အမြန်နှုန်းဟာ လက်ရှိ အမြင့်ဆုံး အမြန်နှုန်းဖြစ်တဲ့ 500 megabytes ထက် အဆ ၁၀၀ ပိုမို မြန်ဆန်ပါတယ်။

Brown University မှ ပါမောက္ခ ဖြစ်သူ Daniel Mittleman က “ အမှားအယွင်း နည်းပါးစွာဖြင့် အလွန် လျှင်မြန်တဲ့ အမြန်နှုန်းမှာ Terahertz လှိုင်းများဖြင့် ဒေတာများကို ပေးပို့နိုင်တာကို ကျွန်တော်တို့ သက်သေပြနိုင်ခဲ့ပါတယ်။ “ လို့ ပြောပါတယ်။

လက်ရှိ အသံနဲ့ ဒေတာ ကွန်ရက်များဟာ လှိုင်းများကို ကြိုးမဲ့ သယ်ဆောင်ဖို့အတွက် Microwaves များကို အသုံးပြုကြပါတယ်။ ဒါပေမယ့် ဒေတာ လိုအပ်ချက်ဟာ Microwaves ကွန်ရက်များ စွမ်းဆောင်နိုင်တာထက် လျှင်မြန်စွာ ပိုမို များပြားလာပါတယ်။

Terahertz လှိုင်းများဟာ Microwaves များထက် ကြိမ်နှုန်း ပိုမို မြင့်မားတဲ့အတွက် ပိုမို ပမာဏများပြားတဲ့ ဒေတာများကို သယ်ဆောင်နိုင်ပါတယ်။ ဒါပေမယ့် သိပ္ပံပညာရှင်များဟာ Terahertz လှိုင်းကို စတင် စမ်းသပ်တဲ့ အဆင့်သာ ရှိသေးပြီး Terahertz ဆက်သွယ်ရေးအတွက် လိုအပ်တဲ့ အခြေခံ အစိတ်အပိုင်းများတောင် မတည်ရှိသေးပါဘူး။

Channel တစ်ခုထဲကနေ လှိုင်းများစွာကို ပေးပို့ဖို့အတွက် Terahertz ကို သုံးခြင်းဟာ ဒါ ပထမဆုံး အကြိမ် ဖြစ်ပါတယ်။ ဒါကို Multiplexing လို့ခေါ်ပြီး Cable ကြိုးတစ်ခုကနေ ရုပ်သံလိုင်းများစွာကို ကြည့်နိုင်ခြင်း ၊ ၀ိုင်ဖိုင် ကွန်ရက် တစ်ခုကို လူများစွာ အသုံးပြုနိုင်ခြင်းတို့လို နည်းပညာများနဲ့ တူညီပါတယ်။

ref : dailymail

You may be interested

OnePlus 5 နဲ့ 5T တို့ရဲ့ နောက်ဆုံးထုတ် OxygenOS Open Beta မှာ Google Lens ပါလာ
Android, HUBS, Mobiles & Tablets
0 shares0 views

OnePlus 5 နဲ့ 5T တို့ရဲ့ နောက်ဆုံးထုတ် OxygenOS Open Beta မှာ Google Lens ပါလာ

Ko Thuya - Jul 18, 2018

OnePlus 5 နဲ့ 5T တို့ရဲ့ ယခင်ထွက်ခဲ့တဲ့ OxygenOS Open Beta မှာ Project Treble ပါလာခဲ့ပါတယ်။ ယခုနောက်ဆုံးထုတ် ဗားရှင်းမှာလည်း လုပ်ဆောင်ချက် အသစ်များ ပါလာပါတယ်။ OnePlus 5 ရဲ့ OxygenOS Open…

လူတစ်ယောက်ရဲ့အသိဉာဏ်နဲ့ယှဉ်လာနိုင်တော့မယ့် AI နည်းပညာဆိုတာ?
FEATURES
134 shares30 views

လူတစ်ယောက်ရဲ့အသိဉာဏ်နဲ့ယှဉ်လာနိုင်တော့မယ့် AI နည်းပညာဆိုတာ?

Nwe Oo - Jul 18, 2018

[Zawgyi] Artificial Intelligence (AI) ကိုဖန်တီးရတာတော်တော်လည်းရှုပ်ထွေးတဲ့အလုပ်တစ်ခုဖြစ်သလို ကိုယ့်အနေနဲ့ အသေးစိတ်ကြီးနားလည်နေဖို့လည်းမလိုပါဘူး။ အခုရှိပြီးသား သိဉာဏ်တုနည်းပညာအများစုကတော့ လူတွေရဲ့ဦးနှောက်လိုပဲ ကောင်းကောင်းခန့်မှန်းတွက်ချက်နိုင်ပါတယ်။ ဒီလိုတွက်ချက်ဖို့အတွက် ဒေတာတွေမြောက်များစွာထည့်သွင်းရပြီး လူတွေသိတဲ့အရာတွေကနေ Model တစ်ခုတည်ဆောက်ခိုင်း၊ လူတွေမသိတဲ့အရာတွေကို ခန့်မှန်းခိုင်းလို့ရနိုင်ပါတယ်။ ဒီ AI နဲ့ တခြားကွန်ပျူတာပရိုဂရမ်တွေနဲ့ လုံးဝမတူတဲ့တစ်ချက်ကတော့…

မိုဘိုင်းဖုန်းများအတွက် 8GB LPDDR5 DRAM တွေကို ထုတ်လုပ်တော့မယ့် Samsung
Samsung
201 shares32 views

မိုဘိုင်းဖုန်းများအတွက် 8GB LPDDR5 DRAM တွေကို ထုတ်လုပ်တော့မယ့် Samsung

Tha Ra - Jul 18, 2018

[Zawgyi] Samsung အနေနဲ့ 8GB LPDDR5 DRAM Chip အကြောင်းတွေကို မနေ့ ညနေတုန်းက ကြေငြာခဲ့တာ ဖြစ်ပါတယ်။ 8GB LPDDR5 တွေဟာ ကုမ္ပဏီရဲ့ ပထမဦးဆုံး 10nm အမျိုးအစား Chip များ ဖြစ်သလို 5G…

Leave a Comment

Most from this category