390 Shares 143 Views

အိန္ဒိယမှာ အလုံးရေ ၅ သန်းကျော် ရောင်းချနိုင်ခဲ့တဲ့ Xiaomi Redmi Note 4

Aug 14, 2017
390 143

Xiaomi Redmi Note 4 ဟာ အိန္ဒိယမှာ ရောင်းအား အကောင်းဆုံး စံချိန်ကို တင်နိုင်ခဲ့ပြီး ရှောင်မီက အိန္ဒိယမှာ အောင်ပွဲခံတဲ့ ပွဲအခမ်းအနားများ ကျင်းပနေပါတယ်။ Redmi Note 4 ဟာ ၆ လအတွင်းမှာ အလုံးရေ ၅ သန်းကျော် ရောင်းချနိုင်ခဲ့တယ်လို့ ရှောင်မီက ပြောပါတယ်။ Xiaomi က အဲဒီ စမတ်ဖုန်းကို အိန္ဒိယမှာ ယခုနှစ် ဇန်န၀ါရီလတွင် စတင် ရောင်းချပေးခဲ့ခြင်း ဖြစ်ပြီး အဲဒီ နိုင်ငံမှာတော့ အဲဒီ စမတ်ဖုန်းဟာ ရှောင်မီရဲ့ ရောင်းအား အကောင်းဆုံး စမတ်ဖုန်း ဖြစ်ခဲ့ပါတယ်။

Xiaomi India ရဲ့ အကြီးအကဲဖြစ်သူ Manu Kumar Jain က အလုံးရေ ၅ သန်းကျော် ရောင်းချရတဲ့ ကာလအပိုင်းအခြားဟာ ဇန်န၀ါရီလ ၂၃ ရက်နေ ဇူလိုင်လ ၂၃ ရက်နေ့အတွင်း ဖြစ်တယ်လို့ ပြောပါတယ်။ Redmi Note 4 ဟာ အိန္ဒိယ နိုင်ငံမှာ ပထမနဲ့ ဒုတိယ ကွာတား ( ဇန်န၀ါရီလမှ ဇွန်လ အထိ) အတွင်းမှာ ရောင်းအား အကောင်းဆုံး စမတ်ဖုန်း ဖြစ်လာပါတယ်။

Redmi Note 4 ဟာ ဒုတိယ ကွာတားဖြစ်တဲ့ ဧပြီလနဲ့ ဇွန်လအတွင်းမှာ အိန္ဒိယ စမတ်ဖုန်း ဈေးကွက်ရဲ့ ၇.၂ ရာခိုင်နှုန်းကို ပိုင်ဆိုင်ခဲ့ပြီး အဲဒီ ကွာတားမှာ ရောင်းချခဲ့တဲ့ စမတ်ဖုန်း ၄ လုံးမှာ ၁ လုံးဟာ Redmi Note 4 ဖြစ်ပါတယ်။ ရှောင်မီဟာ ယခုနှစ် ဇန်န၀ါရီလနဲ့ ဇွန်အတွင်းမှာ အိန္ဒိယမှာ Samsung ပြီးနောက် ဒုတိယ စမတ်ဖုန်း ရောင်းအား အကောင်းဆုံး ကုမ္ပဏီ ဖြစ်ခဲ့ပါတယ်။ ရှောင်မီက အိန္ဒိယမှာ ဈေးကွက်ချဲ့ထွင်ဖို့ ရည်ရွယ်၍ မြေပြင်အရောင်းဆိုင်များကိုပါ ဖွင့်လှစ်ပေးထားပါတယ်။

ref : indianexpress

You may be interested

အနောက်ကင်မရာ သုံးလုံးပါမယ့် Huawei P11 ကို လာမယ့်နှစ် ပထမ သုံးလအတွင်းမှာ ရောင်းချမည်
Android, Huawei, HUBS
0 shares0 views

အနောက်ကင်မရာ သုံးလုံးပါမယ့် Huawei P11 ကို လာမယ့်နှစ် ပထမ သုံးလအတွင်းမှာ ရောင်းချမည်

Ko Thuya - Dec 15, 2017

Huawei ရဲ့ အရာရှိတစ်ဦးက P11 ကို လာမယ့်နှစ် ဖေဖော်ဝါရီလမှာ ကျင်းပမယ့် Mobile World Congress မှာ ကြေညာမယ်လို့ အရင်တုန်းက ပြောခဲ့ဖူးပါတယ်။ အခုတော့ ဂျာမနီမှာ ကျင်းပတဲ့ ပွဲတစ်ခုမှာ Huawei ရဲ့ တာဝန်ရှိသူများက လာမယ့်နှစ်…

မျက်မမြင်များကို လမ်းညွှန်ပေးတဲ့ Microsoft App ကို ကမ္ဘာအ၀န်းမှာ ဖြန့်ချီပြီ
HUBS, Microsoft, NEWS
44 shares3 views

မျက်မမြင်များကို လမ်းညွှန်ပေးတဲ့ Microsoft App ကို ကမ္ဘာအ၀န်းမှာ ဖြန့်ချီပြီ

Ko Thuya - Dec 15, 2017

ဥာဏ်ရည်တု နည်းပညာဟာ အနာဂတ်မှာ လူသားများရဲ့ အလုပ်အကိုင်များကို လုယူမယ်လို့ ပညာရှင်များက တွက်ချက်ထားကြပါတယ်။ ဒါပေမယ့်လည်း ဒီနည်းပညာဟာ လက်ရှိမှာတော့ လူသားများကို များစွာ အကျိုးပြုနေပါတယ်။ ဥပမာပြရရင်တော့ Microsoft Seeing AI ဖြစ်ပါတယ်။ သူဟာ Smartphone App ဖြစ်ပြီး…

၂၀၁၈ မှာ Meizu စမတ်ဖုန်းသစ် ၆မျိုးကို မိတ်ဆက်သွားဖွယ်ရှိ
Meizu, Mobiles & Tablets, NEWS
84 shares15 views

၂၀၁၈ မှာ Meizu စမတ်ဖုန်းသစ် ၆မျိုးကို မိတ်ဆက်သွားဖွယ်ရှိ

Nwe Oo - Dec 15, 2017

အစကတော့ Meizu M6S ကို နောက်တစ်ပတ် တရုတ်နိုင်ငံမှာ မိတ်ဆက်သွားဖို့စီစဉ်ထားကြပေမယ့် ကင်မရာပိုင်းမှာ နည်းနည်းပြဿနာရှိနေတာကြောင့် မိတ်ဆက်ပွဲကို ၂၀၁၈ ထိရွှေ့မယ်လို့ သိရပါတယ်။ ၂၀၁၈ ဇန်နဝါရီလကနေ ဇွန်လအတွင်း Meizu စမတ်ဖုန်းသစ် ၆လုံးကို တပြိုင်တည်းမိတ်ဆက်မှာက ဒါပထမဆုံးအကြိမ်ပါပဲ။ Meizu M6S…

Leave a Comment

Most from this category