144 Shares 91 Views

Coldplay ရဲ့ ဂီတပွဲကို VR ဖြင့် ပြသမယ့် Samsung

Aug 13, 2017
144 91

Coldplay ရဲ့ ဂီတပွဲကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကြည့်ရှုရသလို ခံစားနိုင်ဖို့အတွက် Virtual Reality နည်းပညာက ကူညီပေးနိုင်ပါတယ်။ Samsung က Live Nation နဲ့ ပူးပေါင်း၍ Coldplay ရဲ့ ဂီတပွဲကို VR ဖြင့် တိုက်ရိုက် ထုတ်လွှင့်ပေးမှာဖြစ်ပြီး ကမ္ဘာအ၀န်းမှ VR Headset ပိုင်ရှင်များက ကြည့်ရှုခံစားနိုင်မှာ ဖြစ်ပါတယ်။

Coldplay ရဲ့ ဂီတပွဲကို VR ဖြင့် ကြည့်ရှုနိုင်ဖို့အတွက် Gear VR Headset တစ်ခုနဲ့ Compatible ဖြစ်တဲ့ Samsung ရဲ့ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းတစ်လုံး လိုအပ်ပါတယ်။ အဲဒီ စမတ်ဖုန်းများထဲမှာ Galaxy S6 ကနေ မကြာခင်က ရောင်းချခဲ့တဲ့ Galaxy S8 စမတ်ဖုန်းများအထိ အကျုံးဝင်ပါတယ်။

ဂီတပွဲကို သြဂုတ်လ ၁၇ ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပြီး Samsung VR Service ကနေ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ Replay ကိုလည်း အချိန်အကန့်အသတ်ဖြင့် ပြသပေးမှာ ဖြစ်ပါတယ်။ Samsung America ရဲ့ ၀န်ဆောင်မှုဌာနမှ ဒုတိယဥက္ကဌ ဖြစ်သူ Michael Schmier က “ ကျွန်တော်တို့ရဲ့ ထိပ်တန်း VR Hardware နဲ့ နည်းစနစ်များနဲ့ဆိုရင် Samsung Gear VR Headset ပိုင်ရှင်တိုင်းအတွက် ၃၆၀ ဒီဂရီ မြင်ကွင်းကျယ်ဖြင့် တိုက်ရိုက် ဖျော်ဖြေမှုများကို ကြည့်ရှုခံစားနိုင်မှာ ဖြစ်ပါတယ်။ Live Nation နဲ့ Coldplay တို့ ပူးပေါင်းခြင်းဖြင့် ကမ္ဘာအ၀န်းမှ ဂီတချစ်သူများဟာ Gear VR ဖြင့် ပွဲကို ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။

ref : pocket-lint

You may be interested

အနောက်ကင်မရာ သုံးလုံးပါမယ့် Huawei P11 ကို လာမယ့်နှစ် ပထမ သုံးလအတွင်းမှာ ရောင်းချမည်
Android, Huawei, HUBS
0 shares0 views

အနောက်ကင်မရာ သုံးလုံးပါမယ့် Huawei P11 ကို လာမယ့်နှစ် ပထမ သုံးလအတွင်းမှာ ရောင်းချမည်

Ko Thuya - Dec 15, 2017

Huawei ရဲ့ အရာရှိတစ်ဦးက P11 ကို လာမယ့်နှစ် ဖေဖော်ဝါရီလမှာ ကျင်းပမယ့် Mobile World Congress မှာ ကြေညာမယ်လို့ အရင်တုန်းက ပြောခဲ့ဖူးပါတယ်။ အခုတော့ ဂျာမနီမှာ ကျင်းပတဲ့ ပွဲတစ်ခုမှာ Huawei ရဲ့ တာဝန်ရှိသူများက လာမယ့်နှစ်…

မျက်မမြင်များကို လမ်းညွှန်ပေးတဲ့ Microsoft App ကို ကမ္ဘာအ၀န်းမှာ ဖြန့်ချီပြီ
HUBS, Microsoft, NEWS
44 shares3 views

မျက်မမြင်များကို လမ်းညွှန်ပေးတဲ့ Microsoft App ကို ကမ္ဘာအ၀န်းမှာ ဖြန့်ချီပြီ

Ko Thuya - Dec 15, 2017

ဥာဏ်ရည်တု နည်းပညာဟာ အနာဂတ်မှာ လူသားများရဲ့ အလုပ်အကိုင်များကို လုယူမယ်လို့ ပညာရှင်များက တွက်ချက်ထားကြပါတယ်။ ဒါပေမယ့်လည်း ဒီနည်းပညာဟာ လက်ရှိမှာတော့ လူသားများကို များစွာ အကျိုးပြုနေပါတယ်။ ဥပမာပြရရင်တော့ Microsoft Seeing AI ဖြစ်ပါတယ်။ သူဟာ Smartphone App ဖြစ်ပြီး…

၂၀၁၈ မှာ Meizu စမတ်ဖုန်းသစ် ၆မျိုးကို မိတ်ဆက်သွားဖွယ်ရှိ
Meizu, Mobiles & Tablets, NEWS
84 shares15 views

၂၀၁၈ မှာ Meizu စမတ်ဖုန်းသစ် ၆မျိုးကို မိတ်ဆက်သွားဖွယ်ရှိ

Nwe Oo - Dec 15, 2017

အစကတော့ Meizu M6S ကို နောက်တစ်ပတ် တရုတ်နိုင်ငံမှာ မိတ်ဆက်သွားဖို့စီစဉ်ထားကြပေမယ့် ကင်မရာပိုင်းမှာ နည်းနည်းပြဿနာရှိနေတာကြောင့် မိတ်ဆက်ပွဲကို ၂၀၁၈ ထိရွှေ့မယ်လို့ သိရပါတယ်။ ၂၀၁၈ ဇန်နဝါရီလကနေ ဇွန်လအတွင်း Meizu စမတ်ဖုန်းသစ် ၆လုံးကို တပြိုင်တည်းမိတ်ဆက်မှာက ဒါပထမဆုံးအကြိမ်ပါပဲ။ Meizu M6S…

Leave a Comment

Most from this category