490 Shares 149 Views

KFC မှာတောင် အလုပ်မရခဲ့တဲ့ ဂျက်မ

Aug 13, 2017
490 149

တရုတ်နိုင်ငံရဲ့ အကြီးမားဆုံး အွန်လိုင်း စီးပွားရေး လုပ်ငန်းစု အလီဘာဘာကို တည်ထောင်ခဲ့တဲ့ ဂျက်မဟာ ကမ္ဘာ့ အချမ်းသားဆုံး ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါတယ်။ သူဟာ ဒေါ်လာ ၃၆ ဘီလီယမ်လောက် ချမ်းသာတယ်လို့ Forbes က တွက်ချက်ထားပါတယ်။ ဒါပေမယ့် ဂျက်မဟာ တစ်ချိန်က KFC မှာ အလုပ်လျှောက်တာတောင် မရရှိခဲ့ပါဘူး။

ကောလိပ်ကျောင်းတက်ပြီးနောက်မှာ သူဟာ တရုတ်နိုင်ငံမှ သူ့ရဲ့မြို့တော် ဟန်ဇူးမှာ အလုပ်နေရာ ၃၀ တွင် အလုပ်လျှောက်ထားခဲ့ပေမယ့် တစ်ခုမှ မရရှိခဲ့ပါဘူး။ KFC မှာ လူ ၂၄ ယောက် အလုပ်လျှောက်ခဲ့ကြပြီး သူကလွဲ၍ ကျန် ၂၃ ယောက်ကို အလုပ်ခန့်ခဲ့ကြပါတယ်။ သူဟာ ရဲဝန်ထမ်းလျှောက်ခဲ့စဉ်ကလည်း ၅ ယောက်မှာ သူကလွဲ၍ ကျန် ၄ ယောက်ဟာ အလုပ်ရသွားခဲ့ပါတယ်။

“ ကျွန်တော်နဲ့ ၀မ်းကွဲ အစ်ကိုဟာ ကျွန်တော်တို့ မြို့မှ ကြယ်လေးပွင့် အဆင့် ဟိုတယ်မှာ စားပွဲထိုး အလုပ်လျှောက်ခဲ့ကြပါတယ်။ ကျွန်တော့် အစ်ကိုရဲ့ ကောလိပ်ကျောင်း ရမှတ်ဟာ ကျွန်တော့်ထက် နည်းပါတယ်။ ဒါပေမယ့် သူ အလုပ်ရသွားပြီး ကျွန်တော့်ကို ငြင်းပယ်ခဲ့ပါတယ်။ “ လို့ သူက ပြောပြပါတယ်။

ဟားဗတ် တက္ကသိုလ်က သူ့ကို ၁၀ ကြိမ်တိုင် ငြင်းပယ်ခဲ့ဖူးပါတယ်။ တစ်နေ့မှာ အဲဒီကျောင်းမှာ ဆရာဖြစ်အောင် လုပ်မယ်လို့ သူက အရွှန်းဖောက်ပြောပါတယ်။ သူက အရှုံးကို နေသားတကျရှိမှ အောင်မြင်နိုင်မယ်လို့ သူက နိုင်ရိုဘီ တက္ကသိုလ်မှာ ပြောကြားခဲ့ပါတယ်။

သူဟာ ၁၉၉၉ ခုနှစ်မှာ အွန်လိုင်း စီးပွားရေး ကုမ္ပဏီ အလီဘာဘာကို တည်ထောင်ခဲ့ပါတယ်။ အခုဆိုရင် အလီဘာဘာဟာ ဒေါ်လာ ၄၀၀ ဘီလီယမ်လောက် တန်ကြေးရှိတဲ့ ကုမ္ပဏီ ဖြစ်နေပါပြီ။

ref : cnbc

You may be interested

အနောက်ကင်မရာ သုံးလုံးပါမယ့် Huawei P11 ကို လာမယ့်နှစ် ပထမ သုံးလအတွင်းမှာ ရောင်းချမည်
Android, Huawei, HUBS
0 shares0 views

အနောက်ကင်မရာ သုံးလုံးပါမယ့် Huawei P11 ကို လာမယ့်နှစ် ပထမ သုံးလအတွင်းမှာ ရောင်းချမည်

Ko Thuya - Dec 15, 2017

Huawei ရဲ့ အရာရှိတစ်ဦးက P11 ကို လာမယ့်နှစ် ဖေဖော်ဝါရီလမှာ ကျင်းပမယ့် Mobile World Congress မှာ ကြေညာမယ်လို့ အရင်တုန်းက ပြောခဲ့ဖူးပါတယ်။ အခုတော့ ဂျာမနီမှာ ကျင်းပတဲ့ ပွဲတစ်ခုမှာ Huawei ရဲ့ တာဝန်ရှိသူများက လာမယ့်နှစ်…

မျက်မမြင်များကို လမ်းညွှန်ပေးတဲ့ Microsoft App ကို ကမ္ဘာအ၀န်းမှာ ဖြန့်ချီပြီ
HUBS, Microsoft, NEWS
44 shares3 views

မျက်မမြင်များကို လမ်းညွှန်ပေးတဲ့ Microsoft App ကို ကမ္ဘာအ၀န်းမှာ ဖြန့်ချီပြီ

Ko Thuya - Dec 15, 2017

ဥာဏ်ရည်တု နည်းပညာဟာ အနာဂတ်မှာ လူသားများရဲ့ အလုပ်အကိုင်များကို လုယူမယ်လို့ ပညာရှင်များက တွက်ချက်ထားကြပါတယ်။ ဒါပေမယ့်လည်း ဒီနည်းပညာဟာ လက်ရှိမှာတော့ လူသားများကို များစွာ အကျိုးပြုနေပါတယ်။ ဥပမာပြရရင်တော့ Microsoft Seeing AI ဖြစ်ပါတယ်။ သူဟာ Smartphone App ဖြစ်ပြီး…

၂၀၁၈ မှာ Meizu စမတ်ဖုန်းသစ် ၆မျိုးကို မိတ်ဆက်သွားဖွယ်ရှိ
Meizu, Mobiles & Tablets, NEWS
84 shares15 views

၂၀၁၈ မှာ Meizu စမတ်ဖုန်းသစ် ၆မျိုးကို မိတ်ဆက်သွားဖွယ်ရှိ

Nwe Oo - Dec 15, 2017

အစကတော့ Meizu M6S ကို နောက်တစ်ပတ် တရုတ်နိုင်ငံမှာ မိတ်ဆက်သွားဖို့စီစဉ်ထားကြပေမယ့် ကင်မရာပိုင်းမှာ နည်းနည်းပြဿနာရှိနေတာကြောင့် မိတ်ဆက်ပွဲကို ၂၀၁၈ ထိရွှေ့မယ်လို့ သိရပါတယ်။ ၂၀၁၈ ဇန်နဝါရီလကနေ ဇွန်လအတွင်း Meizu စမတ်ဖုန်းသစ် ၆လုံးကို တပြိုင်တည်းမိတ်ဆက်မှာက ဒါပထမဆုံးအကြိမ်ပါပဲ။ Meizu M6S…

Leave a Comment

Most from this category