191 Shares 56 Views

တောင်ကိုရီးယားက စက်ရုပ်များကို အခွန်ကောက်မည်

Aug 13, 2017
191 56

တောင်ကိုရီးယားဟာ စက်ရုပ်များကို အခွန်ကောက်မယ့် ပထမဆုံး နိုင်ငံဖြစ်လာတော့မှာပါ။ စက်ရုပ်များကြောင့် လူသားများ အလုပ်အကိုင် နည်းပါးလာကြတဲ့အတွက် တိုင်းပြည်ရဲ့ အခွန်ငွေဟာလည်း လျော့နည်းလာပါတယ်။ အဲဒီအတွက် အစိုးရက စက်ရုပ်များအား အခွန်ကောက်ဖို့ ပြင်ဆင်နေခြင်း ဖြစ်ပါတယ်။

တောင်ကိုရီးယားဟာ ကမ္ဘာမှာ စက်ရုပ် အသုံးပြုမှု အများဆုံးဖြစ်ပြီး အလုပ်သမား ၁၀ ၀၀၀ လျှင် စက်ရုပ် ၅၃၁ ရုပ်ကို အသုံးပြုကြပါတယ်။ နိုင်ငံရဲ့ အလုပ်လက်မဲ့ နှုန်းဟာ ယခုနှစ်အစောပိုင်းမှာ ပိုမို မြင့်မားလာခဲ့ပြီး အလုပ်လုပ်မဲ့ ဦးရေ ၁.၁၇ သန်း ရှိနေပါတယ်။ အလုပ်လက်မဲ့ နှုန်းနဲ့ စက်ရုပ် အသုံးပြုမှုဟာ တိုက်ရိုက် ပတ်သက်နေသလားဆိုတာကိုတော့ ပြောဖို့ ခက်ခဲပါတယ်။

စက်ရုပ်များကို အခွန် ကောက်ဖို့ အိုင်ဒီယာဟာ တောင်ကိုရီးယား တစ်နိုင်ငံထဲမှာသာ ရှိတာ မဟုတ်ပါဘူး။ ဖေဖော်ဝါရီလမှာ Bill Gates က အလုပ်သမား အဖြစ် ခိုင်းစေတဲ့ စက်ရုပ်များကို လူသားများရဲ့ နှုန်းအတိုင်း အခွန် ကောက်သင့်တယ်လို့ ပြောခဲ့ပါတယ်။ “ လူတစ်ယောက်ဟာ စက်ရုံတစ်ခုမှာ ဒေါ်လာ ၅၀ ၀၀၀ နဲ့ ညီမျှတဲ့ အလုပ်ကို ပြုလုပ်ရင် သူ့ရဲ့ ၀င်ငွေကို အခွန် ကောက်ရပါတယ်။ စက်ရုပ်တစ်ရုပ်ကလည်း ဒီလို အလုပ်ကို ပြုလုပ်ရင် လူသား နှုန်း အတိုင်းပဲ စက်ရုပ်ကို အခွန်ကောက်သင့်ပါတယ်။ “ လို့ Bill Gates က Quartz သတင်း မီဒီယာကို ပြောပါတယ်။

တောင်ကိုရီးယားရဲ့ အခွန် ဥပဒေများဟာ ယခုနှစ်ကုန်မှာ သက်တမ်း ကုန်ဆုံးမှာ ဖြစ်တဲ့အတွက် စက်ရုပ်များကို အခွန်ကောက်မယ့် ဥပဒေဟာ ယခုနှစ်ကုန်မှာ ပေါ်ပေါက်လာနိုင်ပါတယ်။

ref : mashable

You may be interested

Android မှာ Camera Shutter Sound ကို ပိတ်နည်းများ
cameras, FEATURES, Softwares & Application
167 shares158 views

Android မှာ Camera Shutter Sound ကို ပိတ်နည်းများ

Ko Thuya - Aug 22, 2017

စမတ်ဖုန်းများမှာ ဓါတ်ပုံရိုက်လိုက်တဲ့ အခါမှာ Camera Shutter Sound ထွက်လာအောင် ဖန်တီးထားကြပါတယ်။ အဲဒီ အသံဟာ သင့်ကို စိတ်အနှောင့်အယှက် ဖြစ်စေတယ်ဆိုရင် ပိတ်နိုင်တဲ့ နည်းလမ်းများ ရှိပါတယ်။ ပိတ်နည်းများဟာ စမတ်ဖုန်း တစ်လုံးနဲ့ တစ်လုံး မတူညီကြပါဘူး။ သင့် ဖုန်းမှာ…

အမျိုးသမီးတွေ အတွက် အကောင်းဆုံး အဖော်မွန်ဖြစ်လာတော့မယ့် AI စက်ရုပ်တွေ
Knowledge, Others, Trends
200 shares100 views

အမျိုးသမီးတွေ အတွက် အကောင်းဆုံး အဖော်မွန်ဖြစ်လာတော့မယ့် AI စက်ရုပ်တွေ

zayarsan - Aug 22, 2017

AI တွေကို အမျိုးသမီးတွေရဲ့ မီးဖိုချောင်အကူကနေစပြီး အမျိုးသားတွေရဲ့ အားကစားပွဲတွေထိ ပါဝင်အောင် လိင်အမျိုးအစား ခွဲ၍ Train ပေးခဲ့ပြီး အချိန်ကာလများစွာ လေ့လာခဲ့တယ် လို့ သိရပါတယ်။ လေ့လာသူတွေရဲ့ နှစ်ရှည်စီမံကိန်းက ပုံတွေကို စုဆောင်းဖော်ပြခဲ့ရာမှ AI တွေကို လူသားတွေအတွက် လေ့ကျင့်မှု…

Google မှ နောက်ထွက်မယ့် Laptop design ကို မူပိုင်ခွင့်ပုံကြမ်း ထုတ်ဖော်ပြသ
Gadgets, Google, HUBS
119 shares74 views

Google မှ နောက်ထွက်မယ့် Laptop design ကို မူပိုင်ခွင့်ပုံကြမ်း ထုတ်ဖော်ပြသ

zayarsan - Aug 22, 2017

ကွန်ပျူတာ နဲ့ အိုင်တီ Cosumer ဈေးကွက်ကို တစ်ဆင့်ချင်း လာနေပြီဖြစ်တဲ့ Google ကုမ္ပဏီ ဟာ အရင်က လိုင်းဖုန်းတွေမှာ Chrome book, Pixel line လို့ လူသိများတဲ့ Chromebook လိုမျိုး ၂ မျိုး သုံး…

Leave a Comment

Most from this category