533 Shares 186 Views

LG က V30 မှာ ကမ္ဘာ့ အကြည်လင်ဆုံး စမတ်ဖုန်း ကင်မရာ ပါမယ်လို့ ပြော

Aug 12, 2017
532 186

LG က ဘာလင်မှာ သြဂုတ်လ ၃၁ ရက်နေ့တွင် ကျင်းပမယ့် IFA Trade Show မှာ V30 စမတ်ဖုန်းကို မိတ်ဆက်မှာ ဖြစ်ပါတယ်။ အခုတော့ ပွဲမတိုင်ခင်မှာ အဲဒီ စမတ်ဖုန်းရဲ့ ကင်မရာ သတင်းအချက်အလက်အချို့ကို ပြောကြားလိုက်ပါတယ်။

LG က V30 မှာ အလင်းဝင်ပေါက် f/1.6 ပါတဲ့ ကင်မရာနဲ့ အနောက် ကင်မရာ နှစ်လုံး အတွဲအစပ်ရဲ့ တစ်စိတ်တစ်ပိုင်း အဖြစ် ဖန် Lens ကို တပ်ဆင်ထားမယ်လို့ ပြောပါတယ်။ LG က အလင်းဝင်ပေါက် f/1.6 ဟာ စမတ်ဖုန်းများမှာ တပ်ဆင်ထားဖူးသမျှ Aperture Lens တွေထဲမှာ အကြီးမားဆုံးလို့ ပြောပြီး သူ့ရဲ့ ကင်မရာဟာ ထွက်ဖူးသမျှ စမတ်ဖုန်းတွေထဲမှာ အကြည်လင်အတောက်ပဆုံးဖြစ်တယ်လို့ ပြောပါတယ်။

LG V30 ရဲ့ ကင်မရာဟာ f/1.8 Lens များထက် အလင်းရောင်ကို ၂၅ ရာခိုင်နှုန်း ပိုမို ဖမ်းယူပေးတဲ့အတွက် အလင်းရောင် နည်းပါးတဲ့ အခြေအနေများမှာတောင် စွမ်းဆောင်ရည်မြင့်မားပါတယ်။ ကင်မရာမှာ ပလတ်စတစ်အစား Clear Crystal Glass Lens ကို တပ်ဆင်ထားတဲ့အတွက် အလင်းရောင်ကို ပိုမို ဖမ်းယူနိုင်တယ်လို့ LG က ပြောပါတယ်။

V20 ရဲ့ မြင်ကွင်းကျယ် ဓါတ်ပုံများမှာ ထောင့်စွန်းများ မှုန်ဝါးခြင်းကို V30 မှာ ၃ ဆ အထိ လျှော့ချပေးထားပါတယ်။ V30 ရဲ့ ကင်မရာဟာ V20 ထက် အဖက်ဖက်မှာ သာလွန် ကောင်းမွန်ပါတယ်။ V30 ရဲ့ ကင်မရာဟာ V20 ထက် ၃၀ ရာခိုင်နှုန်း ပိုမို သေးငယ်ပါတယ်။ LG က ကင်မရာအသစ်ကို Laser Autofocus, OIS , EIS လို စွမ်းဆောင်ချက်များနဲ့ တွဲဖက် အသုံးပြုရင် ပိုမို လွယ်ကူစေတယ်လို့ ပြောပါတယ်။

ref : pocket-lint

You may be interested

iPhone 8 ထက် iPhone 7 ကို ပိုမို ၀ယ်ယူနေကြ
Apple, HUBS, Mobiles & Tablets
0 shares0 views

iPhone 8 ထက် iPhone 7 ကို ပိုမို ၀ယ်ယူနေကြ

Ko Thuya - Oct 19, 2017

iPhone X ရောင်းချမယ့် နိုဝင်ဘာလ မတိုင်ခင်မှာ iPhone 7 ဟာ iPhone 8 ထက် ပိုမိုရောင်းကောင်းနေတယ်လို့ သုတေသနစစ်တမ်းက ဖော်ပြထားပါတယ်။ အမေရိကန် Carrier Store များရဲ့ ရောင်းအားကို အခြေပြု၍ စစ်တမ်းကို ကောက်ယူခဲ့ခြင်း ဖြစ်ပါတယ်။…

ကမ္ဘာ့ပထမဦးဆုံး ကမ်းလွန်လေဒဟတ်စီမံကိန်းကို စကော့တလန်စတင်
NEWS, Tech Update
88 shares14 views

ကမ္ဘာ့ပထမဦးဆုံး ကမ်းလွန်လေဒဟတ်စီမံကိန်းကို စကော့တလန်စတင်

Ko Thuya - Oct 19, 2017

ကမ္ဘာ့နိုင်ငံတွေဟာ လျှပ်စစ်စွမ်းအင်ကိုအပြည့်အဝအသုံးချနိုင်စေဖို့၊ လျှပ်စစ်မရရှိတဲ့နေရာတွေမှာ အစားထိုးစွမ်း အင်တွေရရှိအောင် ပြလုပ်ပေးဖို့အတွက် နည်းလမ်းပေါင်းစုံနဲ့ကြိုးစားလာကြပါတယ်။ ယခုလည်း စကော့တလန် နိုင်ငံဟာ လေဒဟတ်စီမံကိန်းကို တခုကိုစတင်လိုက်ပါတယ်။ သူတို့ရဲ့လေဒဟတ်စီမံကိန်းနေရာဟာ လွင်ပြင် နဲ့တောင်ပေါ်မှာမဟုတ်ပါဘူး။ ကမ်းလွန်ပင်လယ်ပြင်မှာ ပေါလောပေါ်နေတဲ့ လေဒဟတ်တွေကို ကမ္ဘာ့ပထမဦးဆုံးအနေနဲ့ ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ စတော့တလန်နိုင်ငံမှာရှိတဲ့ အယ်ဘာဒီရှိုင်းယားရဲ့ကမ်းလွန်…

Android 8.0 Oreo ရရှိနိုင်မယ့် Device များအား Lenovo အတည်ပြု
HUBS, Lenovo, Mobiles & Tablets
142 shares26 views

Android 8.0 Oreo ရရှိနိုင်မယ့် Device များအား Lenovo အတည်ပြု

Ko Thuya - Oct 18, 2017

တရုတ်စမတ်ဖုန်းထုတ်လုပ်သူ Lenovo ကသုံးစွဲသူတွေအနေနဲ့ သူတို့ရဲ့ စမတ်ဖုန်းမော်ဒယ် ၃ မျိုးထဲက တခုကိုပိုင်ဆိုင်လျင်ပင် Android 8.0 Oreo ကိုရရှိနိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။ သူတို့ဆီကထုတ်လုပ်ထားတဲ့ စမတ်ဖုန်းတွေဖြစ်တဲ့ K8, K8 Plus နဲ့ K8 Note စမတ်ဖုန်းများကို နောက်ဆုံးထွက် Android…

Leave a Comment

Most from this category