275 Shares 69 Views

အနာဂတ်တွင် ၀က်အင်္ဂါများကို လူသားများတွင် အစားထိုးနိုင်မည်

Aug 12, 2017
275 69

သိပ္ပံပညာရှင်များက CRISPR-Cas9 အမည်ရ မျိုးရိုးဗီဇ ပြုပြင်တဲ့ နည်းပညာကို အသုံးပြု၍ ၀က်အင်္ဂါများကို လူသားများတွင် အစားထိုးနိုင်မယ့် နည်းပညာအတွက် အဓိကကျတဲ့ ခြေလှမ်းကို လေ့လာတွေ့ရှိခဲ့ပါတယ်။ ဟားဗတ် တက္ကသိုလ်နဲ့ ဇီဝ နည်းပညာ ကုမ္ပဏီ eGenesis မှ သိပ္ပံပညာရှင်များဟာ လူသားများကို အန္တရာယ်ပေးတဲ့ ၀က်မှ ဗိုင်းရက်စ်များ မကူးစက်အောင် ၀က်များရဲ့ DNA မှ မလိုလားအပ်တဲ့ အစိတ်အပိုင်းများကို ဖယ်ရှားတဲ့ မျိုးရိုးဗီဇ ပြုပြင်တဲ့ နည်းပညာ အသစ် CRISPR-Cas9 ကို အသုံးပြုခဲ့ကြပါတယ်။

ပညာရှင်များက သူတို့ရဲ့ သုတေသနစာတမ်းမှာ လူသားများကို သေစေနိုင်လောက်အောင် အန္တရာယ်ပေးတဲ့ Porcine Endogenous Retroviruses (PERVs) မပါတဲ့ မျိုးရိုးဗီဇ ပြုပြင်ထားတဲ့ ၀က် ၃၇ ကောင်ကို ဖန်တီးခဲ့တဲ့ နည်းလမ်းကို ရေးသားထားပါတယ်။ သူတို့ရဲ့ နည်းပညာဟာ အနာဂတ်မှာ နှလုံး၊ အသည်းနဲ့ အဆုတ်များလို လူသားများရဲ့ ကိုယ်တွင်း အင်္ဂါ အစိတ်အပိုင်းများကို တိရိစ္ဆာန်များကနေ ရယူနိုင်အောင် ကူညီပေးတော့မှာ ဖြစ်ပါတယ်။

ဒီနည်းလမ်းဟာ တိရိစ္ဆာန်များမှာ လူကို သေစေနိုင်တဲ့ ဗိုင်းရက်စ်များကို ဖယ်ရှားပေးနိုင်ပေမယ့် ဒီနည်းလမ်းဖြင့် ကိုယ်တွင်း အင်္ဂါများ အစားထိုးမှုမှာ စိန်ခေါ်မှုများစွာ ရှိနေပါသေးတယ်။ အဲဒီအထဲမှာ ကိုယ်တွင်း အင်္ဂါ အစိတ်အပိုင်းများကို အစားမထိုးမီ ၀က်များရဲ့ အခြား မျိုးရိုးဗီဇကို ပြောင်းလဲရခြင်းနဲ့ အာဏာပိုင်များရဲ့ စမ်းသပ်စစ်ဆေးခြင်း ခံရခြင်းစတာတွေ ပါဝင်ပါတယ်။ အဲဒီအတွက် ၀က် အင်္ဂါများကို လူသားများမှာ အစားထိုးနိုင်မယ့် အချိန်ဟာ နှစ်များစွာ ကြာမြင့်ဦးမှာ ဖြစ်ပါတယ်။

ref : mashable

You may be interested

အနောက်ကင်မရာ သုံးလုံးပါမယ့် Huawei P11 ကို လာမယ့်နှစ် ပထမ သုံးလအတွင်းမှာ ရောင်းချမည်
Android, Huawei, HUBS
0 shares0 views

အနောက်ကင်မရာ သုံးလုံးပါမယ့် Huawei P11 ကို လာမယ့်နှစ် ပထမ သုံးလအတွင်းမှာ ရောင်းချမည်

Ko Thuya - Dec 15, 2017

Huawei ရဲ့ အရာရှိတစ်ဦးက P11 ကို လာမယ့်နှစ် ဖေဖော်ဝါရီလမှာ ကျင်းပမယ့် Mobile World Congress မှာ ကြေညာမယ်လို့ အရင်တုန်းက ပြောခဲ့ဖူးပါတယ်။ အခုတော့ ဂျာမနီမှာ ကျင်းပတဲ့ ပွဲတစ်ခုမှာ Huawei ရဲ့ တာဝန်ရှိသူများက လာမယ့်နှစ်…

မျက်မမြင်များကို လမ်းညွှန်ပေးတဲ့ Microsoft App ကို ကမ္ဘာအ၀န်းမှာ ဖြန့်ချီပြီ
HUBS, Microsoft, NEWS
44 shares3 views

မျက်မမြင်များကို လမ်းညွှန်ပေးတဲ့ Microsoft App ကို ကမ္ဘာအ၀န်းမှာ ဖြန့်ချီပြီ

Ko Thuya - Dec 15, 2017

ဥာဏ်ရည်တု နည်းပညာဟာ အနာဂတ်မှာ လူသားများရဲ့ အလုပ်အကိုင်များကို လုယူမယ်လို့ ပညာရှင်များက တွက်ချက်ထားကြပါတယ်။ ဒါပေမယ့်လည်း ဒီနည်းပညာဟာ လက်ရှိမှာတော့ လူသားများကို များစွာ အကျိုးပြုနေပါတယ်။ ဥပမာပြရရင်တော့ Microsoft Seeing AI ဖြစ်ပါတယ်။ သူဟာ Smartphone App ဖြစ်ပြီး…

၂၀၁၈ မှာ Meizu စမတ်ဖုန်းသစ် ၆မျိုးကို မိတ်ဆက်သွားဖွယ်ရှိ
Meizu, Mobiles & Tablets, NEWS
84 shares15 views

၂၀၁၈ မှာ Meizu စမတ်ဖုန်းသစ် ၆မျိုးကို မိတ်ဆက်သွားဖွယ်ရှိ

Nwe Oo - Dec 15, 2017

အစကတော့ Meizu M6S ကို နောက်တစ်ပတ် တရုတ်နိုင်ငံမှာ မိတ်ဆက်သွားဖို့စီစဉ်ထားကြပေမယ့် ကင်မရာပိုင်းမှာ နည်းနည်းပြဿနာရှိနေတာကြောင့် မိတ်ဆက်ပွဲကို ၂၀၁၈ ထိရွှေ့မယ်လို့ သိရပါတယ်။ ၂၀၁၈ ဇန်နဝါရီလကနေ ဇွန်လအတွင်း Meizu စမတ်ဖုန်းသစ် ၆လုံးကို တပြိုင်တည်းမိတ်ဆက်မှာက ဒါပထမဆုံးအကြိမ်ပါပဲ။ Meizu M6S…

Leave a Comment

Most from this category