130 Shares 27 Views

မောင်းသူမဲ့ ထရပ်ကားများကို စမ်းသပ်တော့မယ့် Tesla

Aug 12, 2017
130 27

Tesla ရဲ့ စီအီးအို ဖြစ်သူ Elon Musk က အီလက်ထရစ် ထရပ်ကားများကို ဖန်တီးနေတဲ့ အကြောင်းကို ၂၀၁၆ ခုနှစ် ဇူလိုင်လမှာ စတင် အသိပေးခဲ့ပါတယ်။ အခုတော့ ကုမ္ပဏီက မောင်းသူမဲ့ အီလက်ထရစ် ထရပ်ကားများကို စမ်းသပ်တော့မယ်လို့ သတင်းထွက်လာပါတယ်။ Tesla နဲ့ Nevada Department of Motor Vehicles တို့ အပြန်အလှန် ပေးပို့ထားတဲ့ အီးမေးများကနေ ဒီသတင်းကို ခြေရာခံနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ အဲဒီ ထရပ်ကားများဟာ ဦးဆောင် ထရပ်ကားများရဲ့ အနောက်ကနေ အလိုအလျှောက် လိုက်ပါ မောင်းနှင်နိုင်ပါတယ်။ California Deparmetn of Motor Vehicles မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြည်နယ် အာဏာပိုင်များဟာ လာမယ့် ဗုဒ္ဓဟူးနေ့မှာ မောင်းသူမဲ့ ထရပ်ကားများနဲ့ ပတ်သက်ပြီး Tesla မှ အရာရှိများနဲ့ ဆွေးနွေးမှာ ဖြစ်တယ်လို့ Reuters ကို ပြောပါတယ်။

Tesla ရဲ့ ထရပ်ကားများဟာ ခေါင်းဆောင် ထရပ်ကားရဲ့ အမြန်နှုန်း၊ ဘရိတ်အုပ်ခြင်း၊ လမ်းကြောင်းပြောင်းခြင်း စတဲ့ အပြုအမူများအတိုင်း အလိုအလျှောက် ထိန်းကျောင်းနိုင်မှာ ဖြစ်ပါတယ်။ ဒီနည်းပညာဟာ ထရပ်ကားများအတွက် ပိုမို စိတ်ချလုံခြုံစေပြီး စွမ်းရည်မြင့်မားပါတယ်။ Tesla အပြင် Volvo နဲ့ Daimler တို့ကလည်း လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကတည်းက ဥရောပမှာ ဒီလို ဦးဆောင် ထရပ်ကားအနောက်ကနေ လိုက်ပါမယ့် မောင်းသူမဲ့ ထရပ်ကားများကို စမ်းသပ်နေကြပါတယ်။

Tesla ရဲ့ ထရပ်ကားများမှာ အတိုင်းအတာ တစ်ခုအထိ အလိုအလျှောက် မောင်းနှင်နိုင်တဲ့ Hardware နဲ့ ဆော့ဖ်ဝဲများကို ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ Tesla က မောင်းသူမဲ့ ထရပ်ကားများကို အများသုံးလမ်းမများမှာ စမ်းသပ်ဖို့ကြိုးစားနေပေမယ့် စမ်းသပ်မယ့် နေ့ရက် အတိအကျကို မသိရသေးပါဘူး။

ref : mashable

You may be interested

OnePlus 5 နဲ့ 5T တို့ရဲ့ နောက်ဆုံးထုတ် OxygenOS Open Beta မှာ Google Lens ပါလာ
Android, HUBS, Mobiles & Tablets
0 shares0 views

OnePlus 5 နဲ့ 5T တို့ရဲ့ နောက်ဆုံးထုတ် OxygenOS Open Beta မှာ Google Lens ပါလာ

Ko Thuya - Jul 18, 2018

OnePlus 5 နဲ့ 5T တို့ရဲ့ ယခင်ထွက်ခဲ့တဲ့ OxygenOS Open Beta မှာ Project Treble ပါလာခဲ့ပါတယ်။ ယခုနောက်ဆုံးထုတ် ဗားရှင်းမှာလည်း လုပ်ဆောင်ချက် အသစ်များ ပါလာပါတယ်။ OnePlus 5 ရဲ့ OxygenOS Open…

လူတစ်ယောက်ရဲ့အသိဉာဏ်နဲ့ယှဉ်လာနိုင်တော့မယ့် AI နည်းပညာဆိုတာ?
FEATURES
134 shares30 views

လူတစ်ယောက်ရဲ့အသိဉာဏ်နဲ့ယှဉ်လာနိုင်တော့မယ့် AI နည်းပညာဆိုတာ?

Nwe Oo - Jul 18, 2018

[Zawgyi] Artificial Intelligence (AI) ကိုဖန်တီးရတာတော်တော်လည်းရှုပ်ထွေးတဲ့အလုပ်တစ်ခုဖြစ်သလို ကိုယ့်အနေနဲ့ အသေးစိတ်ကြီးနားလည်နေဖို့လည်းမလိုပါဘူး။ အခုရှိပြီးသား သိဉာဏ်တုနည်းပညာအများစုကတော့ လူတွေရဲ့ဦးနှောက်လိုပဲ ကောင်းကောင်းခန့်မှန်းတွက်ချက်နိုင်ပါတယ်။ ဒီလိုတွက်ချက်ဖို့အတွက် ဒေတာတွေမြောက်များစွာထည့်သွင်းရပြီး လူတွေသိတဲ့အရာတွေကနေ Model တစ်ခုတည်ဆောက်ခိုင်း၊ လူတွေမသိတဲ့အရာတွေကို ခန့်မှန်းခိုင်းလို့ရနိုင်ပါတယ်။ ဒီ AI နဲ့ တခြားကွန်ပျူတာပရိုဂရမ်တွေနဲ့ လုံးဝမတူတဲ့တစ်ချက်ကတော့…

မိုဘိုင်းဖုန်းများအတွက် 8GB LPDDR5 DRAM တွေကို ထုတ်လုပ်တော့မယ့် Samsung
Samsung
201 shares32 views

မိုဘိုင်းဖုန်းများအတွက် 8GB LPDDR5 DRAM တွေကို ထုတ်လုပ်တော့မယ့် Samsung

Tha Ra - Jul 18, 2018

[Zawgyi] Samsung အနေနဲ့ 8GB LPDDR5 DRAM Chip အကြောင်းတွေကို မနေ့ ညနေတုန်းက ကြေငြာခဲ့တာ ဖြစ်ပါတယ်။ 8GB LPDDR5 တွေဟာ ကုမ္ပဏီရဲ့ ပထမဦးဆုံး 10nm အမျိုးအစား Chip များ ဖြစ်သလို 5G…

Leave a Comment

Most from this category