132 Shares 179 Views

Meizu က ယခုလ ၂၃ ရက်နေ့မှာ M6 Note ကို မိတ်ဆက်မည်

Aug 12, 2017
132 179

Meizu ရဲ့ ယခုလ ၂၃ ရက်နေ့မှာ ကျင်းပမယ့် စမတ်ဖုန်း မိတ်ဆက်ပွဲရဲ့ ဖိတ်စာများ တရုတ် လူမှုကွန်ရက် ၀ီဘိုကနေ ပေါက်ကြားထွက်ပေါ်လာပါတယ်။ အဲဒီပွဲမှာ ကုမ္ပဏီက M6 Note ကို မိတ်ဆက်မယ်လို့ မျှော်လင့်ရပါတယ်။ ဖိတ်စာမှာ Can you go faster? ဆိုတဲ့ မေးခွန်းကိုလည်း ရေးသားထားတဲ့အတွက် M6 Note မှာ Helio P25 လို လျှင်မြန်တဲ့ Chipset ကို ထည့်သွင်းထားမယ်လို့ ထင်ရပါတယ်။ ဖိတ်စာမှာ ကြီးမားတဲ့ ပိုစတာတစ်ခုနဲ့ STAY TRUE ဆိုတဲ့ စာသားကို ရိုက်နှိပ်ထားပါတယ်။

Meizu M6 Note ရဲ့ Specifications များ ယခင်က ပေါက်ကြားထွက်ပေါ်ခဲ့ဖူးပါတယ်။ အဲဒီ သတင်းများအရ Meizu M6 Note မှာ ၅.၅ လက်မ စကရင် တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ 4000mAh Battery ပါလာနိုင်ပါတယ်။ ယခုနှစ်ထုတ် စမတ်ဖုန်းများရဲ့ ဒီဇိုင်းအတိုင်း အနောက်ကင်မရာ နှစ်လုံး တပ်ဆင်ထားမယ်လို့ ပြောပါတယ်။ RAM / Storage အပိုင်းမှာ မတူညီတဲ့ မော်ဒယ်နှစ်ခု ထုတ်လုပ်ပေးထားမှာ ဖြစ်ပါတယ်။ Meizu M6 Note ကို တရုတ်ယွမ် ၁၅၉၉ ဖြင့် ရောင်းချနိုင်ပြီး ၂၄၀ ဒေါ်လာဝန်းကျင် ကျသင့်နိုင်ပါတယ်။ မြန်မာငွေ အားဖြင့် ၃၂၀ ၀၀၀ ၀န်းကျင် တန်ကြေးရှိနိုင်ပါတယ်။

ယခင်ကတော့ Meizu M6 Note ကို စက်တင်ဘာလ ၆ ရက်နေ့မှာ မိတ်ဆက်မယ်လို့လည်း သတင်းထွက်ခဲ့ပါသေးတယ်။ စက်တင်ဘာလမှာ Apple ရဲ့ iPhone ထုတ်လုပ်ရောင်းချမှု ၁၀ နှစ်ပြည့် အထိမ်းအမှတ် အနေဖြင့် အထူးထုတ် iPhone 8 နဲ့အတူ iPhone မော်ဒယ် ၂ လုံးကို Apple က မိတ်ဆက်မယ်လို့ သတင်းထွက်နေပါတယ်။

ref : gsmarena

You may be interested

iPhone 8 ထက် iPhone 7 ကို ပိုမို ၀ယ်ယူနေကြ
Apple, HUBS, Mobiles & Tablets
0 shares0 views

iPhone 8 ထက် iPhone 7 ကို ပိုမို ၀ယ်ယူနေကြ

Ko Thuya - Oct 19, 2017

iPhone X ရောင်းချမယ့် နိုဝင်ဘာလ မတိုင်ခင်မှာ iPhone 7 ဟာ iPhone 8 ထက် ပိုမိုရောင်းကောင်းနေတယ်လို့ သုတေသနစစ်တမ်းက ဖော်ပြထားပါတယ်။ အမေရိကန် Carrier Store များရဲ့ ရောင်းအားကို အခြေပြု၍ စစ်တမ်းကို ကောက်ယူခဲ့ခြင်း ဖြစ်ပါတယ်။…

ကမ္ဘာ့ပထမဦးဆုံး ကမ်းလွန်လေဒဟတ်စီမံကိန်းကို စကော့တလန်စတင်
NEWS, Tech Update
88 shares14 views

ကမ္ဘာ့ပထမဦးဆုံး ကမ်းလွန်လေဒဟတ်စီမံကိန်းကို စကော့တလန်စတင်

Ko Thuya - Oct 19, 2017

ကမ္ဘာ့နိုင်ငံတွေဟာ လျှပ်စစ်စွမ်းအင်ကိုအပြည့်အဝအသုံးချနိုင်စေဖို့၊ လျှပ်စစ်မရရှိတဲ့နေရာတွေမှာ အစားထိုးစွမ်း အင်တွေရရှိအောင် ပြလုပ်ပေးဖို့အတွက် နည်းလမ်းပေါင်းစုံနဲ့ကြိုးစားလာကြပါတယ်။ ယခုလည်း စကော့တလန် နိုင်ငံဟာ လေဒဟတ်စီမံကိန်းကို တခုကိုစတင်လိုက်ပါတယ်။ သူတို့ရဲ့လေဒဟတ်စီမံကိန်းနေရာဟာ လွင်ပြင် နဲ့တောင်ပေါ်မှာမဟုတ်ပါဘူး။ ကမ်းလွန်ပင်လယ်ပြင်မှာ ပေါလောပေါ်နေတဲ့ လေဒဟတ်တွေကို ကမ္ဘာ့ပထမဦးဆုံးအနေနဲ့ ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ စတော့တလန်နိုင်ငံမှာရှိတဲ့ အယ်ဘာဒီရှိုင်းယားရဲ့ကမ်းလွန်…

Android 8.0 Oreo ရရှိနိုင်မယ့် Device များအား Lenovo အတည်ပြု
HUBS, Lenovo, Mobiles & Tablets
142 shares26 views

Android 8.0 Oreo ရရှိနိုင်မယ့် Device များအား Lenovo အတည်ပြု

Ko Thuya - Oct 18, 2017

တရုတ်စမတ်ဖုန်းထုတ်လုပ်သူ Lenovo ကသုံးစွဲသူတွေအနေနဲ့ သူတို့ရဲ့ စမတ်ဖုန်းမော်ဒယ် ၃ မျိုးထဲက တခုကိုပိုင်ဆိုင်လျင်ပင် Android 8.0 Oreo ကိုရရှိနိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။ သူတို့ဆီကထုတ်လုပ်ထားတဲ့ စမတ်ဖုန်းတွေဖြစ်တဲ့ K8, K8 Plus နဲ့ K8 Note စမတ်ဖုန်းများကို နောက်ဆုံးထွက် Android…

Leave a Comment

Most from this category