127 Shares 52 Views

ရောဂါများ ရှာဖွေ ပေးမယ့် Smartphone Accessory

Aug 12, 2017
127 52

ကျန်းမာရေး နယ်ပယ်မှ သုတေသန ပညာရှင်များက တန်ဖိုးကြီးမားပြီး အရွယ်အစားကြီးမားတဲ့ ရောဂါ ရှာဖွေရေး စက်ပစ္စည်းများအစား တန်ဖိုးနည်း အရွယ်သေး ရောဂါရှာဖွေရေး ကိရိယာများကို တီထွင်နေပါတယ်။ အဲဒီ အရွယ်သေး တန်ဖိုးနည်း ရောဂါရှာဖွေရေး ကိရိယာငယ်များဟာ ဓါတ်ခွဲခန်းများ မရှိတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများမှ ဝေးလံခေါင်ဖျားတဲ့ အရပ်ဒေသများအတွက် အလွန် အသုံးဝင်ပါတယ်။ ဓါတ်ခွဲခန်း ပစ္စည်း ကိရိယာများ မစုံလင်တဲ့ ဆေးခန်း၊ ဆေးရုံများကလည်း တန်ဖိုးသက်သာတဲ့ အဲဒီ ကိရိယာကို အသုံးပြုနိုင်ပါတယ်။ ဓါတ်ခွဲခန်း မရှိတဲ့ နေရာဒေသများနဲ့ ဓါတ်ခွဲခန်းများသို့ မသွားနိုင်တဲ့ ဝေဒနာရှင်များဟာ အဲဒီ ကိရိယာဖြင့် နေအိမ်မှာသာ ရောဂါများ ရှာဖွေ စစ်ဆေးနိုင်မှာ ဖြစ်ပါတယ်။

အခုလည်း အီလီနွိုက်တက္ကသိုလ်မှ သုတေသနပညာရှင်များက ရောဂါဝေဒနာများကို ရှာဖွေ စစ်ဆေးနိုင်မယ့် စမတ်ဖုန်း Accessory တစ်ခုကို ဖန်တီးလိုက်ပါတယ်။ အဲဒီ ကိရိယာကို TRI Analyzer လို့ အမည်ပေးထားပြီး လက်ဖ၀ါးအရွယ်သာ ရှိပါတယ်။ ဒေါ်လာ ၅၅၀ လောက်သာ ရှိတဲ့အတွက် ဓါတ်ခွဲခန်းမှ ကိရိယာများထက် တန်ဖိုးနည်းပါးပါတယ်။

ပညာရှင်များက 3D Printer နဲ့ အင်ဂျင်နီယာနည်းပညာများကို အသုံးပြု၍ အဲဒီ ကိရိယာကို တီထွင်ခဲ့ခြင်း ဖြစ်ပါတယ်။ ကိရိယာက စမတ်ဖုန်း ကင်မရာနဲ့ Flash မှ ထွက်တဲ့ အလင်းရောင်ကို အသုံးပြု၍ သွေး၊ တံတွေးနဲ့ ဆီး နမူနာများကို စစ်ဆေးပေးနိုင်ပါတယ်။ သူ့ရဲ့ ခွဲခြမ်းစိတ်ဖြာမှုများဟာ အလွန် တိကျသေချာတယ်လို့သိရပါတယ်။

“ ကိရိယာဟာ အဓိက ရောဂါ ဝေဒနာ အမျိုးအစားများစွာကို စစ်ဆေးပေးနိုင်ပါတယ်။ ရောဂါပေါင်း ထောင်ဂဏန်းလောက်ကို စစ်ဆေးပေးနိုင်ပါတယ်။ “ လို့ စီမံကိန်း ဒါရိုက်တာ ဖြစ်သူ ပါမောက္ခ Brian Cunningham က ပြောပါတယ်။

ref : tnw

You may be interested

Android မှာ Camera Shutter Sound ကို ပိတ်နည်းများ
cameras, FEATURES, Softwares & Application
181 shares165 views

Android မှာ Camera Shutter Sound ကို ပိတ်နည်းများ

Ko Thuya - Aug 22, 2017

စမတ်ဖုန်းများမှာ ဓါတ်ပုံရိုက်လိုက်တဲ့ အခါမှာ Camera Shutter Sound ထွက်လာအောင် ဖန်တီးထားကြပါတယ်။ အဲဒီ အသံဟာ သင့်ကို စိတ်အနှောင့်အယှက် ဖြစ်စေတယ်ဆိုရင် ပိတ်နိုင်တဲ့ နည်းလမ်းများ ရှိပါတယ်။ ပိတ်နည်းများဟာ စမတ်ဖုန်း တစ်လုံးနဲ့ တစ်လုံး မတူညီကြပါဘူး။ သင့် ဖုန်းမှာ…

အမျိုးသမီးတွေ အတွက် အကောင်းဆုံး အဖော်မွန်ဖြစ်လာတော့မယ့် AI စက်ရုပ်တွေ
Knowledge, Others, Trends
220 shares101 views

အမျိုးသမီးတွေ အတွက် အကောင်းဆုံး အဖော်မွန်ဖြစ်လာတော့မယ့် AI စက်ရုပ်တွေ

zayarsan - Aug 22, 2017

AI တွေကို အမျိုးသမီးတွေရဲ့ မီးဖိုချောင်အကူကနေစပြီး အမျိုးသားတွေရဲ့ အားကစားပွဲတွေထိ ပါဝင်အောင် လိင်အမျိုးအစား ခွဲ၍ Train ပေးခဲ့ပြီး အချိန်ကာလများစွာ လေ့လာခဲ့တယ် လို့ သိရပါတယ်။ လေ့လာသူတွေရဲ့ နှစ်ရှည်စီမံကိန်းက ပုံတွေကို စုဆောင်းဖော်ပြခဲ့ရာမှ AI တွေကို လူသားတွေအတွက် လေ့ကျင့်မှု…

Google မှ နောက်ထွက်မယ့် Laptop design ကို မူပိုင်ခွင့်ပုံကြမ်း ထုတ်ဖော်ပြသ
Gadgets, Google, HUBS
126 shares78 views

Google မှ နောက်ထွက်မယ့် Laptop design ကို မူပိုင်ခွင့်ပုံကြမ်း ထုတ်ဖော်ပြသ

zayarsan - Aug 22, 2017

ကွန်ပျူတာ နဲ့ အိုင်တီ Cosumer ဈေးကွက်ကို တစ်ဆင့်ချင်း လာနေပြီဖြစ်တဲ့ Google ကုမ္ပဏီ ဟာ အရင်က လိုင်းဖုန်းတွေမှာ Chrome book, Pixel line လို့ လူသိများတဲ့ Chromebook လိုမျိုး ၂ မျိုး သုံး…

Leave a Comment

Most from this category