116 Shares 104 Views

အရှေ့ ကင်မရာ နှစ်လုံးစီပါတဲ့ Asus Zenfone 4 Selfie နဲ့ Selfie Pro

Aug 12, 2017
116 104

Asus က သြဂုတ်လ ၁၇ ရက်နေ့မှာ စတုတ္ထမျိုးဆက် Zenfone Smartphone များကို မိတ်ဆက်တော့မှာ ဖြစ်ပါတယ်။ မိတ်ဆက်ဖို့ တစ်ပတ်ပဲ လိုတော့တဲ့ အချိန်မှာပဲ Asus အွန်လိုင်း စတိုးမှာ အဲဒီ စမတ်ဖုန်းများရဲ့ ဓါတ်ပုံများနဲ့ သတင်းအချက်အလက်များကို ပြသထားပါတယ်။ စမတ်ဖုန်းများရဲ့ အမည်များမှာ Asus Zenfone 4 Selfie နဲ့ Asus Zenfone 4 Selfie Pro တို့ ဖြစ်ကြပြီး ဖုန်းနှစ်လုံးစလုံးရဲ့ အရှေ့ဘက်မှာ Camera နှစ်လုံးစီ တပ်ဆင်ထားပါတယ်။

Zenfone 4 Selfie Pro မှာ 24MP+5MP Camera များနဲ့ Zenfone 4 Selfie မှာ 20MP+5MP Camera များ တပ်ဆင်ထားပါတယ်။ အရှေ့ဘက် ကင်မရာများဟာ ၁၂၀ ဒီဂရီ မြင်ကွင်းကျယ် ကင်မရာများ ဖြစ်ကြပြီး အရှေ့ဘက်မှာ Selfie Flash တစ်လုံးပါပါတယ်။ အနောက်ဘက်မှာ 16MP Camera တစ်လုံးစီ တပ်ဆင်ထားပါတယ်။

Zenfone 4 Selfie Pro မှာ ၅.၅ လက်မ Full HD Display , Octa-Core Snapdragon 625 , 4GB RAM, 64GB Storage , 3000mAh Battery များ တပ်ဆင်ထားပါတယ်။ Zenfone 4 Selfie မှာ ၅.၅ လက်မ HD Display , Octa-Core Qualcomm Snapdragon 430 , 4GB RAM, 64GB Storage , 3000mAh Battery များ ထည့်သွင်းထားပါတယ်။

Selfie Model ကို ဥရောပမှာ ယူရို ၃၀၀ နဲ့ Selfie Pro Model ကို ယူရို ၄၀၀ သတ်မှတ်ထားပြီး မြန်မာငွေ အားဖြင့် ၄၈၀ ၀၀၀ နဲ့ ၆၄၀ ၀၀၀ ကျသင့်မှာ ဖြစ်ပါတယ်။

ref : androidpure

You may be interested

iPhone 8 ထက် iPhone 7 ကို ပိုမို ၀ယ်ယူနေကြ
Apple, HUBS, Mobiles & Tablets
0 shares0 views

iPhone 8 ထက် iPhone 7 ကို ပိုမို ၀ယ်ယူနေကြ

Ko Thuya - Oct 19, 2017

iPhone X ရောင်းချမယ့် နိုဝင်ဘာလ မတိုင်ခင်မှာ iPhone 7 ဟာ iPhone 8 ထက် ပိုမိုရောင်းကောင်းနေတယ်လို့ သုတေသနစစ်တမ်းက ဖော်ပြထားပါတယ်။ အမေရိကန် Carrier Store များရဲ့ ရောင်းအားကို အခြေပြု၍ စစ်တမ်းကို ကောက်ယူခဲ့ခြင်း ဖြစ်ပါတယ်။…

ကမ္ဘာ့ပထမဦးဆုံး ကမ်းလွန်လေဒဟတ်စီမံကိန်းကို စကော့တလန်စတင်
NEWS, Tech Update
88 shares14 views

ကမ္ဘာ့ပထမဦးဆုံး ကမ်းလွန်လေဒဟတ်စီမံကိန်းကို စကော့တလန်စတင်

Ko Thuya - Oct 19, 2017

ကမ္ဘာ့နိုင်ငံတွေဟာ လျှပ်စစ်စွမ်းအင်ကိုအပြည့်အဝအသုံးချနိုင်စေဖို့၊ လျှပ်စစ်မရရှိတဲ့နေရာတွေမှာ အစားထိုးစွမ်း အင်တွေရရှိအောင် ပြလုပ်ပေးဖို့အတွက် နည်းလမ်းပေါင်းစုံနဲ့ကြိုးစားလာကြပါတယ်။ ယခုလည်း စကော့တလန် နိုင်ငံဟာ လေဒဟတ်စီမံကိန်းကို တခုကိုစတင်လိုက်ပါတယ်။ သူတို့ရဲ့လေဒဟတ်စီမံကိန်းနေရာဟာ လွင်ပြင် နဲ့တောင်ပေါ်မှာမဟုတ်ပါဘူး။ ကမ်းလွန်ပင်လယ်ပြင်မှာ ပေါလောပေါ်နေတဲ့ လေဒဟတ်တွေကို ကမ္ဘာ့ပထမဦးဆုံးအနေနဲ့ ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ စတော့တလန်နိုင်ငံမှာရှိတဲ့ အယ်ဘာဒီရှိုင်းယားရဲ့ကမ်းလွန်…

Android 8.0 Oreo ရရှိနိုင်မယ့် Device များအား Lenovo အတည်ပြု
HUBS, Lenovo, Mobiles & Tablets
142 shares26 views

Android 8.0 Oreo ရရှိနိုင်မယ့် Device များအား Lenovo အတည်ပြု

Ko Thuya - Oct 18, 2017

တရုတ်စမတ်ဖုန်းထုတ်လုပ်သူ Lenovo ကသုံးစွဲသူတွေအနေနဲ့ သူတို့ရဲ့ စမတ်ဖုန်းမော်ဒယ် ၃ မျိုးထဲက တခုကိုပိုင်ဆိုင်လျင်ပင် Android 8.0 Oreo ကိုရရှိနိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။ သူတို့ဆီကထုတ်လုပ်ထားတဲ့ စမတ်ဖုန်းတွေဖြစ်တဲ့ K8, K8 Plus နဲ့ K8 Note စမတ်ဖုန်းများကို နောက်ဆုံးထွက် Android…

Leave a Comment

Most from this category