မော်တေ်ာကား သတ်မှတ်မိုင်နှုန်းထက် ပိုမောင်းသူတွေအတွက် တရုတ် က ကွန်ယက်တစ်ခု နဲ့ ထိန်းချုပ်မည်

တရုတ်က ‘repression network’ တခုဖန်တီးထားပြီး အဲ့ဒီနက်ဝက ်ဟာ ကားရဲ့ speed ကို အခြေပြုပြီး နံပါတ်ပြားတွေထက် သေးငယ်တဲ့ ရောင်စုံကုတ်တွေဖော်ပေးမှာဖြစ်ပါတယ်။ တနေ့ကျရင် လူသားတွေ ယာဉ်မောင်းနှင်အတွက် အသုံးပြုရမယ့် ပင်မဒေါက်တိုင် တခုဖြစ်လာနိုင်ဖွယ်ရာ ရှိနေပါတယ်။

ယာဉ်မတော်တဆမှုဖြစ်ပြီးတဲ့အခါ နံပါတ်ပြားလဲပြီး မှုခင်းရှောင်မရအောင် ရဲတွေအကူအညီပေးမယ့် ကုတ်ဖော်တဲ့ ကင်မရာဖြစ်ပါတယ်။ ပီကင်း တက္ကသိုလ် နည်းပညာပိုင်းကလဲ လူတွေရဲ့ မျက်နှာကို မှတ်တမ်းယူရာမှာ အဲ့အရာအား အသုံးပြုလိမ့်မည်ဟု ပြောကြားပါတယ်။

နောက်လာမယ့် မျိုးဆက်သစ် spy camera တွေက အရှိန်ါပြင်းမောင်းနှင်တဲ့ ကားသမားတွေရဲ့ ကားက နံပါတ်ပြားမပါလဲ ကားအမျိုးအစားနဲ့ မောင်းသူရဲ့ ကုတ်ကို ဖော်ပြပေးပါလိမ့်မယ်။ နံပါတ်ပြားမတတ်ဘဲ ယာဉ်တိုက်မှုက လွတ်ကင်းတဲ့ ပုံစံကို တားဆီးနိုင်ပါလိမ့်မယ်။’

‘repression network’ ‘က AI လူလုပ် အသိဉာဏ်ဖြစ်ပြီး မတူညီတဲံ ကားအမျိုးအစားတွေနဲ့ မတူညီတဲ့ ရောင်စုံ code တွေကို သိုလှောင်ပေးထားမှာ ဖြစ်ပါတယ်။ သုတေသနပြုလုပ်သူတွေရဲ့ အဆိုရ နက်ဝက် ကို ပိုခေတ်မှီအောင် ပြုလုပ်နိုင်ရင် တချိန်မှာ လူတွေရဲ့ မျက်နှာကို ကုတ်ဖော်ရုံနဲ့ သူတို့ရဲ့ မှတ်ပုံတင်ထားတဲ့ သတင်းအချက်အလက်တွေ ထုတ်ဖော်နိုင်မှာ ဖြစ်တယ်လို့ ပြောထားပါတယ်။

လိုင်စင်ပြားတွေက ဖြုတ်ရလွယ်သလို အတုလုပ်ရလွယ်တာကြောင့် ပြဿနာတချို့မှာ နစ်နာမှုတွေရှိနေပါတယ်။ တခါတရံမှာ နံပါတ်ပြားက နံပါတ်တွေကို ဇဝေဇဝါဆုံးဖြတ်ချက် ချလိုက်ရတာမျိုးလဲ ရှိပါတယ်။အဲ့လို အခက်အခဲတွေကို ဖြေရှင်း့ ရည်ရွယ်တဲ့ ဒီ ‘‘repression network’ က အများကြီးအသုံးဝင်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီ နက်ဝက် ဟာ အစိုးရပိုင်းနဲ့ အဖွဲ့အစည်းကြီးတွေက ဆက်သွယ်ပြီး ဝယ်ယူအသုံးပြုနိုင်မှာဖြစ်တယ်လို့ ကြေငြာချက်တချို့ ထုတ်ပြန်ထားပါသေးတယ်။

 

Ref : DM

%d bloggers like this: