0 Shares 63 Views

၂၀၁၆ ခုနှစ်၊ MWC ပွဲမှာ ပြသသွားတဲ့ အမိုက်စား အိမ်တွင်းနည်းပညာပစ္စည်းများ

Feb 29, 2016
0 63

ဖေဖော်ဝါရီလ ၂၁ ရက်နေ့ကစတင်ကာ၊ ၂၅ ရက်နေ့အထိ၊ ဘာစီလိုနာမြို့မှာ ကျင်းပပြုလုပ်သွားခဲ့တဲ့ ကမ္ဘာ့မိုဘိုင်းကွန်ဂရက် (MWC) ပွဲမှာ Samsung Galaxy S7 ၊ LG G5 စတဲ့ စမတ်ဖုန်းအသစ်တွေကို မိတ်ဆက်ပြသသွားခဲ့သလို၊ အမိုက်စား Gadget တွေကိုလည်း နည်းပညာကုမ္ပဏီအသီးသီးက မိတ်ဆက် ပြသသွားခဲ့ပါတယ်။

MWC ပွဲမှာ ပြသသွားတဲ့ နည်းပညာပစ္စည်းအများအပြားထဲမှာမှ၊ စိတ်ဝင်စားစရာအကောင်းဆုံးဖြစ်တဲ့ အိမ်တွင်းသုံး Gadget ပစ္စည်း (၉) မျိုးကို ရွေးချယ်ဖော်ပြလိုက်ပါတယ်။

၁။ FurniQi ကြိုးမဲ့အားသွင်းစားပွဲ

ခေတ်စားလာတဲ့ကြိုးမဲ့အားသွင်းစနစ်ကို အိမ်တွင်းသုံးပစ္စည်းအနေနဲ့ ပေါင်းစပ်ဖန်တီးထားတဲ့ စားပွဲဖြစ်ပါတယ်။ FurniQi ကြိုးမဲ့အားသွင်းစားပွဲဟာ သပ်ရပ်လှပတဲ့ဒီဇိုင်းရှိသလို၊ Qi (ချီ) ကြိုးမဲ့အားသွင်းနိုင်တဲ့အောက်ခံပြား ပါ စားပွဲမှာတပါတည်းပါရှိတာကြောင့်၊ Qi စနစ်သုံးလို့ရတဲ့ စမတ်ဖုန်းနဲ့ တခြားအီလက်ထရောနစ်ပစ္စည်းတွေကို စားပွဲပေါ်မှာတင်ပြီး ကြိုးမဲ့အားသွင်းနိုင်ပါတယ်။

Qi ကြိုးမဲ့အားသွင်းစနစ်ဟာ Samsung Galaxy S6 လို နောက်ဆုံးပေါ်စမတ်ဖုန်းတွေမှာ တပါတည်းပါပြီးသားဖြစ်သလို၊ Qi စနစ်သုံးလို့မရတဲ့ဖုန်းတွေအတွက်လည်း ကြိုးမဲ့အားသွင်းနိုင်တဲ့ adapter တွေကို ဈေးသက်သက်သာသာနဲ့ ၀ယ်ယူရရှိနိုင်ပါတယ်။

414865-furniqi-wireless-charging-side-table

၂။ LG ရဲ့ Rolling Bot

LG ရဲ့ Rolling Bot ဟာ ဘောလုံးပုံသဏ္ဍာန် စက်ရုပ်ကလေးဖြစ်ပြီး၊ ကင်မရာတပါတည်းပါရှိပါတယ်။ အလုပ်ထဲရောက်နေရင်တောင်၊ LG G5 စမတ်ဖုန်းကနေပြီး၊ ဒီစက်ရုပ်လေးကို ထိန်းချုပ်ကာ မိမိအိမ်ရဲ့ လုံခြုံရေးကို အမြဲမပြတ်စောင့်ကြည့်နေနိုင်ပါတယ်။ နောက်ထပ်မိုက်တဲ့တစ်ချက်ကတော့၊ ဒီစက်ရုပ်ဟာ လေဆာတန်းပစ်လွှတ်နိုင်တာကြောင့်၊ အိမ်ကကြောင်လေးတွေနဲ့လည်း အပျင်းပြေဆော့ကစားနိုင်ပါတယ်။

414866-lg-rolling-bot

၃။ Ivy Health စမတ်ပေါင်ချိန်

စပိန်နိုင်ငံအခြေစိုက် Ivy Health ကုမ္ပဏီက ထုတ်လုပ်ထားတဲ့ စမတ်ပေါင်ချိန်မှာ တိကျမှုမြင့်မားတဲ့ ဖိအားသိဆန်ဆာတွေကို တပ်ဆင်ထားပြီး၊ ခန္ဓာကိုယ်အလေးချိန်စံနှုန်း (BMI) ၊ ကြွက်သားအလေးချိန်၊ အရိုးအလေးချိန်၊ ခန္ဓာကိုယ်တွင်းရေဓာတ်ရာခိုင်နှုန်း၊ ၀မ်းဗိုက်အဆီ၊ ခန္ဓာကိုယ်အဆီ စတဲ့ ကျန်းမာရေးဆိုင်ရာ အချက်အလက်တွေကို စုံစုံလင်လင်တွက်ပေးနိုင်ပါတယ်။

414860-ivy-health-wireless-body-fat-scale

၎။ Oral-B Genius စမတ်သွားတိုက်တံ

Oral-B ကုမ္ပဏီထုတ် Genius စမတ်သွားတိုက်တံကို အသုံးပြုဖို့အတွက် အရင်ဦးဆုံး ရေချိုးခန်းမှန်ရှေ့မှာ စမတ်ဖုန်းကို ထောင်ထားတာဖြစ်ဖြစ်၊ စုပ်ခွက်နဲ့ ဖြစ်ဖြစ် ကပ်ထားပေးရပါမယ်။

Genius စမတ်သွားတိုက်တံဟာ လက်ကိုင်မှာပါဝင်တဲ့ဆန်ဆာတွေကနေ သင်သွားကိုအရမ်းဖိတိုက်နေလား၊ နေရာမှန်မှန်တိုက်ရဲ့လား၊ စသဖြင့် သွားတိုက်မှုနည်းစနစ်ကျမကျကို ဖုန်းထဲက app ကနေ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

oral-b-smart-toothbrush-genius-9000

၅။ ZTE ရဲ့ စမတ်လေအေးပေးစက်

လှပရိုးရှင်းတဲ့ဒီဇိုင်းနဲ့ ZTE ရဲ့ စမတ်လေအေးပေးစက်ဟာ အိမ်တွင်း၊အိမ်ပြင်ပ ကြိုက်တဲ့နေရာကနေ အပူအအေးပမာဏကို စမတ်ဖုန်း app ကနေ လှမ်းချိန်ညှိနိုင်သလို၊ စွမ်းအင်သုံးစွဲမှုလည်း သက်သာပါတယ်။

414869-zte-smart-air-conditioner

၆။ Sony ရဲ့ Xperia စမတ်ပရိုဂျက်တာ

Sony က ထုတ်ပြခဲ့တဲ့ စမတ်ပရိုဂျက်တာကလည်း ပွဲလာပရိတ်သတ်အကုန်လုံးကို မှင်တက်သွားစေခဲ့တဲ့ နည်းပညာပစ္စည်းတစ်ခုဖြစ်ပါတယ်။ touch ထိတွေ့ထိန်းချုပ်နိုင်တဲ့ပုံရိပ်ကို မျက်နှာပြင်မရွေး ထိုးပြနိုင်ပြီး၊ နံရံကနေ ဗီဒီယိုဖုန်းခေါ်တာ၊ စားပွဲပေါ်မှာဂိမ်းဆော့တာ စတဲ့ သိပ္ပံရုပ်ရှင်ကားဆန်ဆန်လုပ်ဆောင်ချက်တွေကို လုပ်ဆောင်နိုင်ပါတယ်။

414864-sony-xperia-home-projector

၇။ Sony ရဲ့ Xperia Agent

Xperia Agent ဟာ အိမ်ထဲက စမတ်ပစ္စည်းအကုန်လုံးကို ထိန်းချုပ်နိုင်မယ့်ပစ္စည်းတစ်ခုဖြစ်ပြီး၊ အသံနဲ့ စမတ်တီဗီဖွင့်ဖို့ စေခိုင်းတာ၊ လက်အမူအရာနဲ့ မီးအဖွင့်အပိတ်လုပ်တာတွေပြုလုပ်နိုင်ပါတယ်။ ပရိုဂျက်တာလည်း တပါတည်းပါရှိပြီး၊ အသုံးပြုသူသိချင်တဲ့ သတင်းအချက်အလက်တွေကို နေရာမရွေး ပုံရိပ်ထိုးဖော်ပြနိုင်ပါတယ်။

414862-sony-xperia-agent

၈။ Bagel စမတ်ပေကြိုး

တိုင်းတာမှုရလဒ်တွေကို LED မျက်နှာပြင်ပေါ်မှာ ဖော်ပြပေးပြီး၊ ခလုတ်တစ်ချက်နှိပ်လိုက်ရုံနဲ့ မိမိတိုင်းတာထားတာတွေကို save လုပ်ထားနိုင်ပါတယ်။ ဒီ့အပြင် အလင်းထိုးတိုင်းစနစ်အသုံးပြုပြီး အဝေးကအရာဝတ္တုတွေကိုပါ အကွာအဝေးလှမ်းတိုင်းနိုင်ပါတယ်။

414863-bagel-smart-tape-measure

၉။ Panasonic Nubo

Panasonic Nubo ဟာ ကမ္ဘာ့ပထမဆုံး 4G အိမ်တွင်းလုံခြုံရေးကင်မရာတစ်ခုဖြစ်ပြီး၊ တခြားကင်မရာတွေနဲ့ မတူတဲ့တစ်ချက်ကတော့၊ Wi-Fi စနစ်မှာတင် အလုပ်လုပ်တာမဟုတ်ပါဘူး။ ကိုယ်ခရီးထွက်တဲ့အခါ ဒီကင်မရာကို အိမ်မှာထားခဲ့ပြီး၊ အင်တာနက်လိုင်းရှိရုံနဲ့ မိမိအိမ်တွင်းအခြေအနေကို Nubo ကင်မရာကနေ အမြဲမပြတ်စောင့်ကြည့်နေနိုင်ပါတယ်။

414861-pansonic-nubo

Ref: PC Mag

 

 

 

 

You may be interested

iPhone 7 ပိုင်ရှင်များ iPhone 8 မ၀ယ်ယူသင့်တဲ့ အကြောင်းအရင်း
cameras, FEATURES, Mobile & Tablets
0 shares0 views

iPhone 7 ပိုင်ရှင်များ iPhone 8 မ၀ယ်ယူသင့်တဲ့ အကြောင်းအရင်း

Ko Thuya - Sep 21, 2017

ဒီနေ့ခေတ်မှာ iPhone ၀ယ်ဖို့ အတွက် ရွေးချယ်စရာများစွာ ရှိပါတယ်။ ၃၅၀ ဒေါ်လာတန် iPhone SE ကနေ ဒေါ်လာ ၁၀၀၀ တန် iPhone X အထိ အစားစား ရှိပါတယ်။ ဘယ်ဖုန်းဟာ သင်နဲ့ သင့်တော်သလဲဆိုတာတော့ မသိပါဘူး။…

iOS 11 ရဲ့ အကောင်းဆုံး Features များ
Apple, FEATURES, HUBS
50 shares25 views

iOS 11 ရဲ့ အကောင်းဆုံး Features များ

Ko Thuya - Sep 21, 2017

Apple က iOS 11 ကို တစ်ကမ္ဘာလုံးအတွက် ဖြန့်ချီပေးလိုက်ပါပြီ။ အဲဒီအတွက် iOS 11 ရဲ့ အကောင်းဆုံး စွမ်းဆောင်ချက်များကို ဖော်ပြပေးလိုက်ပါတယ်။ Control Center ကို Customize ပြုလုပ်ခြင်း။ iOS 10 ရဲ့ Control…

Motorola ၏ မကြာမီ လပိုင်းအတွင်းထွက်ရှိလာတော့မယ့် Moto X4
Google, Mobiles & Tablets, Motorola
83 shares27 views

Motorola ၏ မကြာမီ လပိုင်းအတွင်းထွက်ရှိလာတော့မယ့် Moto X4

Zar Ni Nyein Tun - Sep 21, 2017

Android ဖုန်းတလုံးဖြစ်တဲ့ Motorola Moto X4 ကို အမေရိကန်မှာ မကြာခင်ရောင်းချတော့မယ်လို့ သိရပါတယ်။Google နဲ့ Motorola ရဲ့ ပေါင်းစပ်မှုဖြစ်တဲ့ Moto X4 ဟာ Google Project Fi wireless system ပါဝင်ပါတယ်။ X4…

Leave a Comment

Most from this category