0 Shares 14 Views

ကလေးငယ်တွေအတွက် ရှာဖွေရေးအင်ဂျင်အသစ် ‘Kiddle’ ကို Google မိတ်ဆက်

Feb 29, 2016
0 14

အင်တာနက်နည်းပညာခေတ်ကြီးမှာ ကလေးငယ်တစ်ယောက်ကို ပြုစုပျိုးထောင်ရတာဟာ လွယ်ကူတဲ့ အလုပ်မဟုတ်ပါဘူး။

အင်တာနက်ဟာ ဗဟုသုတအကြောင်းအရာတွေကို အလွယ်တကူ သင်ယူလေ့လာနိုင်တဲ့ နေရာဖြစ်သလို၊ ကလေးငယ်နဲ့ မသင့်တော်တဲ့ဓာတ်ပုံတွေ၊ အကြောင်းအရာတွေ၊ ဗီဒီယိုတွေကို အင်တာနက်မှာ အလွယ်တကူရှာတွေ့နိုင်တာကြောင့် မိဘတွေအနေနဲ့လည်း ကိုယ့်ကလေး အင်တာနက်အသုံးပြုမှုကို အထူးဂရုစိုက်နေရတဲ့အချိန်မျိုးပါ။

ယခုအခါမှာတော့၊ အွန်လိုင်းနည်းပညာကုမ္ပဏီကြီး Google ဟာ မိဘတွေရဲ့ ပူပင်သောကတွေကို ဖြေဖျောက်ပေးမယ့်၊ ကလေးငယ်သုံးရှာဖွေရေးအင်ဂျင် ‘Kiddle’ ကို ထုတ်လုပ်ပေးလိုက်ပါတယ်။

Kiddle ရှာဖွေရေးအင်ဂျင်အသစ်ဟာ ကလေးငယ်တွေနဲ့အထူးသင့်လျော်မယ့်၊ search result တွေကိုသာ ဖော်ပြသွားမှာဖြစ်ပြီး၊ ညစ်ညမ်းကြမ်းတမ်းတဲ့ အကြောင်းအရာတွေပါတဲ့ ၀က်ဘ်ဆိုဒ်တွေကို ဖော်ပြသွားမှာမဟုတ်ပါဘူး။

Kiddle အင်ဂျင်မှာ Google safe search နဲ့ Kiddle အယ်ဒီတာတွေ အထူးရွေးချယ်ပေးထားတဲ့ အကြောင်းအရာတွေကိုသာ ဖော်ပြပေးသွားမှာဖြစ်တဲ့အပြင်၊ စာဖတ်တတ်စကလေးအရွယ်တွေအတွက် အဆင်ပြေစေရန်အတွက်၊ ရှာဖွေတဲ့အကြောင်းအရာတွေကို ပုံကြီးကြီးနဲ့ဖော်ပြပေးသွားမှာလည်း ဖြစ်ပါတယ်။

ဒီ့အပြင်၊ Kiddle အင်ဂျင်ဟာ အသုံးပြုရဲ့အချက်အလက်တွေကို စုဆောင်းသွားမှာမဟုတ်သလို၊ Kiddle အသုံးပြုမှုမှတ်တမ်းတွေကိုလည်း ၂၄ နာရီအတွင်း အလိုအလျောက်ဖျက်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Ref: 11 Alive

 

 

 

 

You may be interested

iPhone X ကို ကြိုတင်မှာယူမှု သန်း ၅၀ ကျော် ရှိနိုင်
Apple, HUBS, Mobiles & Tablets
0 shares0 views

iPhone X ကို ကြိုတင်မှာယူမှု သန်း ၅၀ ကျော် ရှိနိုင်

Ko Thuya - Sep 26, 2017

သုတေသနအဖွဲ့အစည်း KGI ရဲ့ ခွဲခြမ်းစိတ်ဖြာသူ Ming-Chi Kuo က Apple iPhone X ရဲ့ ကြိုတင်အမှာစာဟာ သန်း ၄၀ ကနေ ၅၀ ကျော်ရှိမယ်လို့ ခန့်မှန်းလိုက်ပါတယ်။ သူက “ ၂၀၁၄ ခုနှစ်ထုတ် iPhone…

Wear24 smartwatch ကို လွန်ခဲ့တဲ့လေးလလောက်က ရောင်းချခဲ့ပြီး ဘက်ထရီပြဿနာကြောင့် Android Police မှ မဝယ်ယူကြဖို့ တားမြစ်
smartwatch
0 shares7 views

Wear24 smartwatch ကို လွန်ခဲ့တဲ့လေးလလောက်က ရောင်းချခဲ့ပြီး ဘက်ထရီပြဿနာကြောင့် Android Police မှ မဝယ်ယူကြဖို့ တားမြစ်

Zar Ni Nyein Tun - Sep 26, 2017

Verizon Wireless ရဲ့ 4G LTE-connect ဖြစ်တဲ့ Wear24 ကို မေလက $ 300 နဲ့ စတင်ေ၇ာင်းချခဲ့တာဖြစ်ပါတယ်။ဒီ smartwatch ဟာ Google ရဲ့ Android Wear 2 software နဲ့ 1.4-inch…

Vivo မှ Selfie အသားပေး နောက်ဆုံးပေါ် V7+အား မြန်မာဈေးကွက်သို့ ယူဆောင်လာ
Tech Update, Vivo
103 shares144 views

Vivo မှ Selfie အသားပေး နောက်ဆုံးပေါ် V7+အား မြန်မာဈေးကွက်သို့ ယူဆောင်လာ

Zar Ni Nyein Tun - Sep 26, 2017

 သက်တမ်းအရ နုပေမယ့် ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်းတံဆိပ် အတွင်းသို့ ဝင်ရောက်လာသော Vivo က သူ့ရဲ့နောက်ဆုံးပေါ် flagship V7+ ကို မြန်မာပြည်ဈေးကွက်မှာ မနေ့က မိတ်ဆက်လိုက်တာဖြစ်ပါတယ်။။ V7+ က စမတ်ဖုန်းလောကမှာ ပထမဆုံးဖြစ်တဲ့ FullViewTM မျက်နှာပြင်နဲ့ အတူ 24MPရှိ…

Leave a Comment

Most from this category