စမတ်ဖုန်းတွေမှာ ထည့်သွင်းနိုင်တဲ့ 256GB ဆံ့ မမ်မိုရီချစ်ပြားအသစ်ကို Samsung မိတ်ဆက်ပြသ
ကျွန်တော်တို့ စမတ်ဖုန်းတွေဟာ သိပ်မကြာတော့တဲ့တစ်ချိန်မှာ storage 256 GB တပါတည်း ပါလာတော့မှာ ဖြစ်ပြီး၊ ဒေတာတွေကို စိတ်ကြိုက် ဖုန်းထဲမှာသိမ်းထားနိုင်တော့မှာဖြစ်ပါတယ်။
ကိုရီးယားအခြေစိုက်နည်းပညာကုမ္ပဏီ Samsung ဟာ 256GB ရှိတဲ့ flash memory ချစ်ပြားတွေကို စမတ်ဖုန်းတွေ၊ တက်ဘလက်တွေအတွက် ဈေးကွက်ဝင်ထုတ်လုပ်နေပြီဖြစ်ကြောင်း၊ ကြာသပတေးနေ့မှာ ကြေငြာသွားခဲ့ပါတယ်။
ဒီချစ်ပြားအသစ်တွေဟာ ကျွန်တော်တို့ဖုန်းတွေမှာ လက်ရှိထည့်သွင်းထားတဲ့ microSD ကတ် အရွယ်အစားလောက်တောင်မရှိပေမယ့်၊ Samsung ရဲ့ အဆင့်မြင့်နည်းပညာအသစ် V-Nand နည်းပညာကို အသုံးပြုထားတာကြောင့် ဒေတာ 256 GB အထိ ပိုများများ သိမ်းဆည်းနိုင်မှာဖြစ်ပါတယ်။
ဒီ မမ်မိုရီချစ်ပြားအသစ်ဟာ အမြန်နှုန်းမှာလည်း PC တွေမှာ တပ်ဆင်ထားတဲ့ SSD hard disk တွေထက် နှစ်ဆပိုမို မြန်ဆန်ပြီး၊ တစ်စက္ကန့်ကို 850 MB အထိ ဒေတာကူးပြောင်းနိုင်တယ်လို့ Samsung က ဂုဏ်ယူစွာ ပြောဆိုခဲ့ပါတယ်။
ဒါဟာ 5GB ပမာဏရှိတဲ့ Full-HD ၉၀ မိနစ်စာဗီဒီယိုကားကြီးတစ်ကားကို ၁၂ စက္ကန့်အတွင်း ကူးပြောင်းနိုင်တဲ့ အမြန်နှုန်းပါ။ USB 3.0 နည်းပညာပါဝင်လာတဲ့ စမတ်ဖုန်းတွေ ပေါ်ထွက်လာခြင်းနဲ့အတူ ယခုလို ဒေတာပမာဏအများအပြားဆန့်တဲ့ ချစ်ပြားတွေပေါ်ထွက်လာခြင်းက စမတ်ဖုန်းတွေရဲ့ အနာဂတ်ကို အကြီးအကျယ်ပြောင်းလဲမယ့် အလားအလာရှိနေပါတယ်။ ဒီ့အပြင် 360 ဗီဒီယိုတွေခေတ်စားလာတာကြောင့် လည်း ဖုန်းတွေမှာ 360 ဒီဂရီဗီဒီယိုတွေ အများအပြားသိမ်းထားနိုင်ဖို့ လုံလောက်တဲ့ဒေတာ storage ကို အသည်းအသန် လိုအပ်လျက်ရှိပါတယ်။
Samsung ကုမ္ပဏီဟာ ၂၀၁၅ ခုနှစ်၊ဖေဖော်ဝါရီလတုန်းကလည်း 128 GB UFS မမ်မိုရီချစ်တွေကို ရရှိနိုင်ပြီ ဖြစ်ကြောင်း ကြေငြာခဲ့ပြီး၊ တစ်နှစ်အတွင်းမှာ အခုလိုမြန်မြန်ဆန်ဆန်နဲ့ 256GB မမ်မိုရီချစ်တွေကို ထုတ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။
Ref: PC Magazine
You may be interested

iPhone user တွေမျက်စိထိခိုက်မှုကို ကာကွယ်ပေးနိုင်ဖို့ မူပိုင်ခွင့်ရသွားပြီဖြစ်တဲ့ Apple
Nwe Oo Thant - Apr 20, 2018[Zawgyi] Apple ကတော့ iPhone user တွေရဲ့မျက်လုံးထိခိုက်မှုကို ကာကွယ်ပေးနိုင်မယ့်မူပိုင်ခွင့်တစ်ခုတင်ခဲ့တာ အခုတော့ခွင့်ပြုချက်ရသွားခဲ့ပါပြီ။ user တွေအနေနဲ့ အမှောင်ထဲမှာဖုန်းကိုဖွင့်လိုက်ရင် display ကချက်ချင်းကြီးလင်းလာပြီး စက္ကန့်နည်းနည်းကြာမှ အလင်းပမာဏကို ပတ်ဝန်းကျင်အလင်းနဲ့သင့်သလိုချိန်ပြီးဖြည်းဖြည်းချင်းလျှော့ပေးတာပါ။ ဖြည်းဖြည်းချင်းတော့လျှော့ပေးတယ်ဆိုပေမယ့်လည်း display စဖွင့်ဖွင့်ချင်း စူးရှတဲ့အလင်းကိုမြင်လိုက်ရတဲ့အချိန်မှာတင် မျက်စိကိုထိခိုက်သွားပါပြီ။ အခု Apple…

Adobe Photoshop Express နဲ့ Snapseed တို့ကို နှိုင်းယှဉ် သုံးသပ်ခြင်း
Ko Thuya - Apr 20, 2018Android အတွက် Photo Editing Apps များစွာ ရှိတဲ့အထဲကမှ နာမည်အကြီးဆုံး နှစ်ခုက Adobe Photoshop Express နဲ့ Snapseed တို့ ဖြစ်ကြပါတယ်။ အဲဒီ App နှစ်ခုမှာ စွမ်းဆောင်ချက်များစွာ ပါရှိကြပြီး အားသာချက်၊ အားနည်းချက်…

Android Messaging App အနေနဲ့ထွက်လာတော့မယ့် Google ရဲ့ “Chat”
Nwe Oo Thant - Apr 20, 2018[Zawgyi] Google ကတော့ တစ်ခုသော မက်ဆေ့ခ်ျပို့စနစ်ကိုထုတ်လုပ်ဖို့စီစဉ်နေပါပြီ။ သူ့ကိုတော့ “Chat” လို့ခေါ်မှာဖြစ်ပြီး ဒီနှစ်ကုန်ပိုင်းလောက်မှာ ဖုန်းတွေရဲ့ default Android Messages app အနေနဲ့ထည့်သွင်းလာတော့မှာပါ။ Google ရဲ့ Allo ဆိုတဲ့ မက်ဆေ့ခ်ျ app လေးကလည်း ပြီးခဲ့တဲ့၂နှစ်လောက်က…
Most from this category

Leave a Comment
You must be logged in to post a comment.