Vivo ၏ ၁၆ ခုနှင့် ၁၇ ခုမြောက် Official Showroom သစ်ကြီးနှစ်ခုကို တောင်ကြီးနှင့် မြစ်ကြီးနားမြို့တို့တွင် ထပ်မံ ဖွင့်လှစ်

ဈေးကွက်ထဲမှာ နာမည်ရနေတဲ့ Vivo ဟာ သြဂုတ်လ ၁ ရက်နေ့မှာ တောင်ကြီး၊ မြစ်ကြီးနားတွေမှာ Showroom သစ်နှစ်ခုကို စည်ကားသိုက်မြိုက်စွာဖြင့် ထပ်မံဖွင့်လှစ်ခဲ့တယ် လို့ သိရပါတယ်။

အဲဒီ Showroom သစ်နှစ်ခုရဲ့ Grand Opening Promotion အဖြစ် ဝယ်ယူအားပေးကြသည့် customer အားလုံးအတွက် ဗလာမပါ ကံစမ်းမဲကို နှစ်ကြိမ်တိုင် ကံစမ်းနိုင်မည့် အခွင့်အရေးကိုလည်း ပြုလုပ်ပေးထားခဲ့တယ် လို့ ဆိုပါတယ်။

တောင်ကြီး Showroom သစ်ကို ထပ်မံဖွင့်လှစ်ရာတွင်လည်း ဆုမဲများအဖြစ် ပထမဆု Vivo Y55 (၁)လုံး၊ ဒုတိယဆု ရေခဲသေတ္တာ (၁)လုံး၊ တတိယဆု Water Cooler (၁)လုံးနှင့် နှစ်သိမ့်ဆုများအဖြစ် ပန်ကာ (၅)လုံး တို့ကို ပေးအပ်သွားမည့်အပြင် ငွေကျပ် (၃၀၀၀) နှင့်အထက် တန်ဖိုးရှိတဲ့ ဗလာမပါ ကံစမ်းမဲ (၂၀၀) ကျော်ကိုလည်း စီစဉ် ပြုလုပ်ပေးထားကြောင်း သိရပါတယ်။

မြစ်ကြီးနား Showroom Grand opening Promotion ဆုမဲများအဖြစ် ပထမဆု ဆိုင်ကယ် (၁)စီး၊ ဒုတိယဆု ရေခဲသေတ္တာ (၁)လုံး၊ တတိယဆု Water Cooler (၁)လုံးနှင့် နှစ်သိမ့်ဆုများအဖြစ် ပန်ကာ (၅)လုံး တို့ကို ပေးအပ်သွားမည့်အပြင် ငွေကျပ် (၃၀၀၀) နှင့်အထက် တန်ဖိုးရှိသည့် ဗလာမပါ ကံစမ်းမဲ (၂၀၀) ကျော်ကိုလည်း စီစဉ် ပြုလုပ်ပေးထားကြောင်း သိရပါတယ်။

တောင်ကြီး၊ မြစ်ကြီးနားတွေက သုံးစွဲသူတွေအတွက် သြဂုတ်လ ၁ ရက်နေ့ ညနေ ၆ နာရီတွင် ပထမအကြိမ်အဖြစ် ကံစမ်းမဲများ ဖောက်ပေးလိုက်ပြီး၊ သြဂုတ်လ ၁၀ ရက်နေ့မှာလည်း ဒုတိယအကြိမ်အဖြစ် ထပ်မံပြီး ကံစမ်းမဲတွေ ဖောက်ပေးသွားဦးမည် ဖြစ်ကြောင်း သိရပါတယ်။

အဲဒီအပြင် Showroom Member တွေအတွက်လည်း ဖုန်း သန့်ရှင်းရေးပြုလုပ်ပေးခြင်း၊ ဖုန်းမှန်ကပ် အခမဲ့တပ်ပေးခြင်း၊ နှစ်သက်ဖွယ်ရာ မှတ်တမ်းတင် အလှဓာတ်ပုံများ ရိုက်ကူးပေးပြီး ဓာတ်ပုံထုတ်ပေးခြင်း၊ ဖုန်းများအား System Update ပြုလုပ်ပေးခြင်း၊ အခမဲ့ Download ပြုလုပ်ပေးခြင်း၊ လာရောက်သူတိုင်းအား ကော်ဖီ၊ ရေနွေးကြမ်း တို့ဖြင့် ပျူငှာစွာ ဧည့်ခံပေးခြင်းတွေကိုလည်း ပြလုပ်ပေးလျက်ရှိတယ် လို့ သတင်းရရှိပါတယ်။

 

Ref : VivoMyanmar

%d bloggers like this: