Samsung Galaxy S7 နဲ့ S7 Edge တို့အတွက်ကီးဘုတ်ကာဗာ

ပြီးခဲ့တဲ့ MWC 2016 ပွဲမှာ Galaxy S7 နဲ့ S7 Edge စမတ်ဖုန်းတွေကို ထုတ်ဖော်ပြသသွားခဲ့တာကို သိပြီးဖြစ်ပါတယ်။ ဒီတောင်ကိုရီးယားနည်းပညာကုမ္ပဏီအနေနဲ့ Galaxy စမတ်ဖုန်းတွေနဲ့ တွဲဖက်အသုံးပြုဖို့ Accessories တွေကိုပါထပ်မံပူးတွဲ မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီအထဲက အသစ်ထပ်မံထုတ်လုပ်ထားတဲ့ ကီးဘုတ်ပါဝင်တဲ့ ကာဗာကိုလည်း Samsung ကမိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ ဒီ ပစ္စည်းအသစ်အတွက် ဈေးနှုန်းကိုတော့ Samsung ကထုတ်ပြန်ကြေညာခဲ့ခြင်းမရှိပါဘူး။ အခုထုတ်လုပ်လိုက်တဲ့ ကီးဘုတ်ကာဗာဟာ တပ်ဆင်သုံးစွဲမယ်ဆိုရင် BlackBerry ရဲ့ ကီးဘုတ်ပါဝင်တဲ့ ဖုန်းတစ်လုံးလိုလို ထင်စရာဖြစ်ပါတယ်။

samsung galaxy s7 & s7 edge keyboard cover1

ကီးဘုတ်ကာဗာကိုဟန်းဆက်မှာ တပ်ဆင်အသုံးပြုမယ်ဆိုရင် ကာဗာကကီးဘုတ်ဟာ မျက်နှာပြင်ရဲ့အောက်ဘက်မှာရှိနေမှာဖြစ်ပါတယ်။ တပ်ဆင်သုံးစွဲနေတဲ့အချိန်မှာ ဖုန်းရဲ့မျက်နှာပြင်ဟာ ကီးဘုတ်ကာဗာနဲ့ လိုက်လျောညီထွေဖြစ်အောင်အလိုအလျောက်ပြုပြင်ပြောင်းလဲပေးမှာ ဖြစ်ပါတယ်။ Samsung က ဒီကီးဘုတ်ကာဗာတွေကို Samsung Galaxy S6 Edge + နဲ့ Galaxy Note 5 တို့လို မော်ဒယ်အမြင့်စားဖုန်းတွေအတွက်ပါ မိတ်ဆက်ပေးခဲ့ပါတယ်။

နောက်ထပ် ကြေညာပြသခဲ့တဲ့ Accessory ကတော့ ဖုန်းတွေရဲ့ ဘက်ထရီသက်တမ်းကို တိုးမြှင့်ပေးမယ့် နောက်ကျောဖုံးဖြစ်ပါတယ်။ Samsung က ဒီနောက်ကျောဖုံးတွေရဲ့ ဒီဇိုင်းကို Samsung Galaxy S7 နဲ့ S7 Edge တို့မှာ အသုံးပြုဖို့အတွက်သာ မိတ်ဆက်ခဲ့တာလည်းဖြစ်ပြီး ကျောကပ်ဘက်ထရီနောက်ကျောဖုံးတွေဟာ 5100mAh နဲ့ 10200mAh ဆိုပြီး နှစ်မျိုးရှိမှာ ဖြစ်ပါတယ်။

samsung backpack battery

Ref: Gadgets360

%d bloggers like this: