0 Shares 173 Views

iPhone ကို Unlock လုပ်ပေးရန် FBI တောင်းဆိုမှုကို Apple မှမလုပ်ပေးနိုင်ကြောင်း တရားဝင်ငြင်းဆို

Feb 27, 2016
0 173

FBI နဲ့ Apple ကြားက အရှုပ်ထုပ်တွေကတော့ ပြီးဆုံးသေးခြင်းမရှိသလို တဖြည်းဖြည်းနဲ့လည်း ပိုမို တင်းမာလာခဲ့ပါတယ်။ ဒီဆီလီကွန်တောင်ကြားကုမ္ပဏီကြီးအနေနဲ့ ပြီးခဲတဲ့ကြာသပတေးနေ့က အမေရိကန်ပြည်ထောင်စု ဆန်ဘာနာဒီနိုမှာဖြစ်ပွားခဲ့တဲ့ တရားခံတွေရဲ့ iPhone ကို Unlock ပြုလုပ်စေတဲ့ ကိစ္စနဲ့ပတ်သက်ပြီး တရားရုံးကို စာမျက်နှာ ၆၅ မျက်နှာရှည်လျားတဲ့ အစီရင်ခံစာ တစ်စောင်တင်သွင်းခဲ့ပါတယ်။

ပြီးခဲ့တဲ့ အပတ်က တရားရုံးဟာ Apple ကို လူသတ်သမားတွေရဲ့ဖုန်းကို စုံထောက်တွေ iPhone Unlock လုပ်လို့ရအောင် ချိုးဖျက်ဝင်ရောက်ဖို့အတွက် iOS Version အသစ်ရေးဆွဲပေးဖို့ အမိန့်ပေးခဲ့ပါတယ်။ Apple ကသူတို့ရဲ့ ဆော့ဖ်ဝဲကို အစိုးရအနေနဲ့ အလွဲသုံးစားအသုံးပြုမှာကို စိုးရိမ်နေတာလည်း ဖြစ်ပြီး နောက်ပိုင်း လက်လွဲလက်ပြောင်းများရာကနေ တစ်ကမ္ဘာလုံးမှာရှိနေတဲ့ iPhone သုံးစွဲသူအားလုံးရဲ့ လုံခြုံရေးကို ကျိုးပေါက်မှာကို စိုးရိမ်တာဖြစ်ပါတယ်။

ဆီလီကွန်တောင်ကြားရဲ့ ပုံရိပ်ကြီးမားတဲ့ ကုမ္ပဏီကြီးတွေဟာ Apple ရဲ့ CEO Tim Cook ရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံခဲ့ကြပြီး Tim Cook က iOS ကိုချိုးဖောက်ဖို့ ပြုလုပ်တာဟာ ဆော့ဖ်ဝဲညီမျှချက်တွေရဲ့ ကင်ဆာ လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်ကို Twitter, Facebook, Microsoft တို့လိုကုမ္ပဏီကြီးတွေက ထောက်ခံခဲ့ကြတာလည်းဖြစ်ပါတယ်။

Ref: TechnoBuffalo

You may be interested

Xiaomi Mi A1 ရဲ့ Rose Gold Model ကို အိန္ဒိယမှာ ရောင်းချ
Android, HUBS, Mobiles & Tablets
166 shares31 views

Xiaomi Mi A1 ရဲ့ Rose Gold Model ကို အိန္ဒိယမှာ ရောင်းချ

Ko Thuya - Nov 20, 2017

ရှောင်မီက Mi A1 ရဲ့ Rose Gold Model ကို အိန္ဒိယမှာ ရောင်းချပေးလိုက်ပြီလို့ ကြေညာလိုက်ပါတယ်။ Mi.com ကနေ ရောင်းချပေးမှာ ဖြစ်ပါတယ်။ Mi A1 ကို အိန္ဒိယမှာစက်တင်ဘာလတွင် မိတ်ဆက်ခဲ့ပြီး အနက်နဲ့ ရွှေရောင်များ ရောင်းချပေးခဲ့ပါတယ်။…

၁ မိနစ်အတွင်း အားအပြည့်ဖြည့်နိုင်မယ့် အီလက်ထရစ်ကားကို တီထွင်မည်
Automobiles, NEWS
372 shares31 views

၁ မိနစ်အတွင်း အားအပြည့်ဖြည့်နိုင်မယ့် အီလက်ထရစ်ကားကို တီထွင်မည်

Ko Thuya - Nov 20, 2017

ယခင် Tesla ရဲ့ အတိုင်ပင်ခံနဲ့ နာမည်ကျော် ဒီဇိုင်နာ ဖြစ်သူ Henrik Fisker က Fisker အမည်ရ ဇိမ်ခံ အီလက်ထရစ်ကား ကုမ္ပဏီကို တည်ထောင်ထားပါတယ်။ အခုတော့ သူက ကမ္ဘာ့ ထိပ်တန်း အီလက်ထရစ်ကား ထုတ်လုပ်သူ Tesla…

ပိုကောင်းတဲ့ iris scanner, မျက်နှာအတည်ပြုစနစ်တွေနဲ့ထွက်ရှိလာမယ့် Samsung Galaxy S9
NEWS, Uncategorized
187 shares298 views

ပိုကောင်းတဲ့ iris scanner, မျက်နှာအတည်ပြုစနစ်တွေနဲ့ထွက်ရှိလာမယ့် Samsung Galaxy S9

Nwe Oo - Nov 20, 2017

Samsung ရဲ့နောက်ထွက်မယ့် flagship ဖုန်းတွေကတော့ ပိုပြီးအဆင့်မြှင့်တင်ထားတဲ့ အတည်ပြုစနစ်တွေနဲ့ ထွက်ရှိလာနိုင်ပါတယ်။ ETNews ကသတင်းအရဆိုရင်တော့ ပိုကောင်းလာတဲ့ ဆော့ဖ်ဝဲလ်တွေနဲ့အတူ Galaxy S9 ရဲ့ မျက်ဝန်းဖတ်စနစ်နဲ့ မျက်နှာအတည်ပြုနည်းပညာကို ပိုမိုမြန်ဆန်လာအောင်ဖန်တီးနေကြောင်း သိရပါတယ်။ ကိုရီးယားသတင်းတစ်ခုကတော့ Galaxy S စီးရီးရဲ့နောက်လာမယ့် စမတ်ဖုန်းဟာ…

Leave a Comment

Most from this category