၁၈ နှစ်သားတုန်း က ဘီလ်ဂိတ် ရဲ့ CV Form

ဘီလ်ဂိတ် ကို အားလုံးပဲ သိကြမှာပါ။ အားလုံးသိကြခဲ့တဲ့အတိုင်းပါပဲ..။ဘီလ်ဂိတ်ဆိုတာ က မိုက်ကရိုဆော့ဖ် ကို တည်ထောင်ခဲ့တဲ့သူပါ။ နည်းပညာကို စိတ်ဝင်စားကြတဲ့လူတိုင်း ဘီလ်ဂိတ်၊ စတိဗ်ဂျော့ဘ် နဲ့ မက်ဇူကာဘတ် ကို စောင့်ကြည့်ရပြီး သတင်းတွေကို အားကျကျေနပ်စွာ ဖတ်ရှုရတဲ့အထဲမှာ ဘီလ်ဂိတ်ဟာ မိုက်ကရိုဆော့ဖ် ကို သူ့ရဲ့ သူငယ်ချင်း ပေါလ်အယ်လင် နဲ့ တည်ထောင်ခဲ့ဖူးတယ် ဆိုတာပါပဲ။

အားလုံးမသိကြတဲ့နောက်ကွယ်က အကြောင်းကတော့ ဘီလ်ဂိတ်ဟာ မီးပွိုင့်စနစ်တစ်ခုကို အရင်ဆုံး ရေးသားခဲ့ပြီး ကုမ္ပဏီထောင်ဖို့ အရင်းအနှီးရှာခဲ့ဖူးတဲ့အကြောင်းပါ။ နောက်ထပ်ပြီး အားလုံး မသိကြတဲ့အချက်တစ်ခုကတော့ ဘိလ်ဂိတ် ဟာ ကွန်ပျူတာ ပြတိုက်တစ်ခု မှာ အလုပ်လျှောက်ခဲ့ဖူးတယ် ဆိုတာပါ။

အမှန်ပါပဲ။ ဒီနေ့မှာ အချမ်းသာဆုံး ပုဂ္ဂိုလ်အဖြစ် ရပ်တည်နေခဲ့တဲ့ ဘီလ်ဂိတ်ဟာ သူရဲ့ ၁၈ နှစ်သား အရွယ်မှာ ပထမဆုံးလျှောက်ခဲ့ဖူးတဲ့ အလုပ်ဟာ Seattle’s Living Computer Museum ဖြစ်ပါတယ်။ Living Computer Museum ဟာ သုတေသနအခန်းနဲ့ ပြတိုက် သဘောမျီုး တွဲထားတဲ့ ကုမ္ပဏီကြီးတစ်ခု ဖြစ်ပြီး အရှေ့က Seattle ကတော့ နေရပ်ကို ရည်ညွန်းတာပါ။ ဝါရှင်တန်ဒီစီ အခြေစိုက် ဖြစ်ပါတယ်။

သူရဲ့ CV Form ဟာ သမားရိုးကျ CV Form တစ်ခု သာ ဖြစ်ပါတယ်။ ဒီကနေ့မှာသာ ဘီလ်ဂိတ်စ် ဟာ မချမ်းသာခဲ့ရင် ဒါမှမဟုတ် မအောင်မြင်ခဲ့ရင် ဒီ CV Form ဟာ ပြင်ပကမ္ဘာကို ပေါ်ပေါက်လာစရာ အကြောင်းရင်း ရှိမှာမဟုတ်ပါဘူး။ဒါပေမယ့် သူရဲ့ CV Form ဟာ သူရဲ့ ရိုးသားမှုကိုရော ၊ သူရဲ့ အရည်အချင်းကိုရော ပြနေတဲ့အတွက် ဒစ်ဂျစ်တယ် တိုင်းမ် ပရိသတ်တွေအတွက် နမူနာ ယူစရာ တစ်ခု အနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။ Form ဟာ ၁၉၇၄ ခုနှစ်ကတည်းက တည်ရှိခဲ့တာ ဖြစ်ပြီး အဲဒီအချိန်မှာပဲ ပေါလ်အယ်လင် နဲ့ အလုပ်လုပ်လက်စ ရှိနေဆဲ အချိန်ကာလတစ်ခု ဖြစ်ပါတယ်။ အဲဒီအချိတ်တုန်းက သူရဲ့ အသားတင်ကြွယ်ဝမှုဟာ ပေါင် ၁၃၀ မျှသာ ရှိခဲ့ပါတယ်။

Form မှာ သူဟာ System Analyst ဒါမှမဟုတ် System Programmer အဖြစ် အလုပ်လုပ်ကိုင်ချင်ကြောင်း ရေးသားထားပြီး ဟားဗတ်မှာ  ပထမနှစ် တက်ရောက်နေဆဲ လို့ ရေးသားထားပါတယ်။

ဘီလ်ဂိတ် ကံဆိုးခဲ့ပါတယ်။ အဲဒီ အလုပ်က သူ့ကို အရေးတောင် မလုပ်ခဲ့ဘဲ အင်တာဗျူးတောင် ခေါ်မတွေ့ခဲ့ပါဘူး။ ဒါပေမယ့် ဘီလ်ဂိတ် ကံကောင်းခဲ့ပါတယ်။ အဲဒီလို လျစ်လျူရှုခံခဲ့ရမှု က သူ့ကို ကိုယ်ပိုင် အလုပ်နဲ့ အောင်မြင်စေဖို့ တွန်းအား ဖြစ်လာခဲ့ပါတယ်။

(အားလုံးအတွက် ဒေါင်းလုပ်ရယူကာ သိရှိစေဖို့ Facebook Commentbox မှာ ဖောင်ကို ဖော်ပြပေးထားပါတယ်။)

Ref : The Gurdian

 

 

 

 

%d bloggers like this: