အူရီဒူးမြန်မာမှ မွန်ပြည်နယ်တွင် ကိုယ်ပိုင်အမှတ်တံဆိပ် အရောင်းဆိုင်များ တိုးချဲ့ဖွင့်လှစ်

အူရီဒူးမြန်မာမှ သုံးစွဲသူများအား အရည်အသွေးမြင့်ဝန်ဆောင်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဖြူးပေးအပ်နိုင်ရန်အတွက် မွန်ပြည်နယ်တွင် အူရီဒူးအမှတ်တံဆိပ်အရောင်းဆိုင်တွေကို အခု ဇူလိုင်လ ၂၀၁၇ ခုနှစ်အတွင်းမှာ ထပ်မံတိုးချဲ့ဖွင့်လှစ်လိုက်တယ် လို့ သိရပါတယ်။

အူရီဒူးမြန်မာမှ သုံးစွဲသူတွေရဲ့ လိုအပ်ချက်ကြောင့် အခု လို မွန်ပြည်နယ်မှာ ဝန်ဆောင်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ရရှိနိုင်အောင် ဆောင်ရွက်လိုက်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီ ဝန်ဆောင်မှုတွေထဲမှာ ဆင်းကတ်ရောင်းချခြင်းဝန်ဆောင်မှု။ ဆင်းကတ်မှတ်ပုံတင်ခြင်းဝန်ဆောင်မှု၊ ဆင်းကတ် ပျောက်ဆုံးခြင်း၊ပျက်စီးခြင်း နှင့် လဲလှယ်ခြင်းဝန်ဆောင်မှု၊ ငွေဖြည့်ကတ်ရောင်းချခြင်းဝန်ဆောင်မှု၊ ငွေဖြည့်ကတ်ပျက်စီးခြင်းလဲလှယ်ေဆာင်ရွက်ပေးခြင်းဝန်ဆောင်မှု၊ ဖုန်းနှင့် ဆက်စပ်ပစ္စည်းများ ရောင်းချခြင်းဝန်ဆောင်မှု၊ စောင့်စားချိန်ခါ တေးသီချင်းဝန်ဆောင်မှု နှင့် အခြားဖုန်းအတွင်း အက်ပလီကေးရှင်း (My Ooredoo App, စိုက်ပျိုး အက်ပလီကေးရှင်း၊ App Zone စသည့် အက်ပလီကေးရှင်းများ) ဝန်ဆောင်မှုတွေ ရရှိနိုင်တယ် လို့ ဆိုပါတယ်။

အူရီဒူးမြန်မာအနေဖြင့် အူရဒူးသုံးစွဲသူတွေ အခက်အခဲ မရှိစေဖို့ နဲ့ သတင်းအချက်အလက်တွေကို အချိန်နဲ့ တပြေးညီ သိရှိစေဖို့အခုလိုမျိုး နယ်ဒေသတွေအများအပြားမှာ အရောင်းဆိုင်အများပြား ကို ထပ်မံပြီ းတိုးချဲ့ဖွင့်လှစ်သွားမှာ ဖြစ်တယ် လို့ သတင်းထုတ်ပြန်ထားပါတယ်။

 

Ref : Ooredoo Myanmar

%d bloggers like this: