ကမ္ဘာ့ အရှည်ဆုံး အီလက်ထရစ် ကားလမ်းမကို သြစတြေးလျမှာ တည်ဆောက်မည်

သြစတြေးလျက ကမ္ဘာ့ အရှည်ဆုံး အီလက်ထရစ် ကားလမ်းမကို တည်ဆောက်မယ့် စီမံကိန်းကို ကြေညာလိုက်ပါတယ်။ စီမံကိန်းကို Electric Super Highway လို့ အမည်ပေးထားပြီး ကားလမ်းမဟာ မြို့ပေါင်း ၁၈ မြို့ကို ဖြတ်သန်းသွားမှာ ဖြစ်ပါတယ်။ ကားလမ်းမမှာ အီလက်ထရစ်ကားများအတွက် လျှင်မြန်စွာ အားသွင်းနိုင်တဲ့ စတေရှင်များစွာကိုလည်း တည်ဆောက်ပေးထားမှာ ဖြစ်ပါတယ်။

“ ဒီစီမံကိန်းကို ရည်ရွယ်ချက် မြင့်မားစွာ ဖန်တီးထားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အနာဂတ်မှာ သဘာဝ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေတဲ့ ဓါတ်ငွေ့များ ထုတ်လွှင့်မှုကို လျှော့ချချင်တဲ့အတွက် အီလက်ထရစ်ကား တော်လှန်ဆန်းသစ်မှုမှာ လူတွေ တတ်နိုင်သလောက် ပါဝင်ဖို့ အလိုရှိပါတယ်။ “ လို့ လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ဖြစ်သူ Steven Miles က ရေးသားထားပါတယ်။

သြစတြေးလျနိုင်ငံ Queensland မှာ တည်ဆောက်မှာ ဖြစ်ပြီး ပြည်နယ် အစိုးရက ပြည်နယ် တစ်ခုထဲမှာ တည်ဆောက်ထားတဲ့ ကမ္ဘာ့ အရှည်ဆုံး အီလက်ထရစ် ကားလမ်း ဖြစ်လာမယ်လို့ ကြေညာထားပါတယ်။ ကားလမ်းဟာ အရှည် ၂၀၀၀ ကီလိုမီတာ (၁၂၄၂ မိုင်) ရှိပြီး ပြည်နယ်ရဲ့ တောင်ဘက်နယ်စပ် Gold Coast ကနေ မြောက်ဘက်စွန်းရှိ Cairns အထိ မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။

လူတွေ အီလက်ထရစ်ကားများကို သုံးစွဲဖို့ အားပေးချင်တဲ့အတွက် အစောပိုင်းမှာ လမ်းအသုံးပြုခ ကောက်ခံမှာ မဟုတ်ဘူးလို့ Miles က ပြောပါတယ်။ သြစတြေးလျမှာ အီလက်ထရစ်ကားများအတွက် အားသွင်းစက်ပေါင်း များစွာ ရှိပြီး EVs ကို မိနစ် ၃၀ အတွင်း အားသွင်းပေးနိုင်တဲ့ လျှင်မြန်တဲ့ အားသွင်းစက်များကတော့ အနည်းငယ်သာ ရှိပါသေးတယ်။

ref : mashable

%d bloggers like this: