0 Shares 606 Views 2 Comments

ဈေးကြီးဖုန်းတွေအားလုံးရဲ့မဟာပြိုင်ဘက် Xiaomi Mi5

Feb 27, 2016
0 606 2

တရုတ်နည်းပညာကုမ္ပဏီ Xiaomi ဟာပြီးခဲတဲ့ ဗုဒ္ဓဟူးနေ့တုန်းက သူတို့ရဲ့နောက်ဆုံးမျိုးဆက်သစ်စမတ်ဖုန်း Mi 5 ကို စပိန်နိုင်ငံဘာစီလိုနာမှာကျင်းပပြုလုပ်ခဲ့တဲ့ MWC မှာထုတ်ပြန်ကြေငြာခဲ့ပါတယ်။ သူတို့ပြောကြားချက်အရ Mi 5 စမတ်ဖုန်းတွေကိုလာမယ့် မတ်လ ၁ရက်နေ့က စတင်ပြီး တရုတ်နိုင်ငံမှာ ရောင်းချတော့မှာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

Xiaomi Mi 5 ဟာ ၂၀၁၄ခုနှစ်ကထုတ်လုပ်ခဲ့တဲ့ Mi 4 ထွက်ရှိပြီး နှစ်နှစ်အကြာမှာ ထွက်ရှိခဲ့တာဖြစ်ပြီး Mi 4 ဟာ အလုံးရေလေးသန်းနီးပါးရောင်းချခဲ့ရပြီး ကုမ္ပဏီရဲ့ရောင်းအားအကောင်းဆုံးဖုန်းတွေထဲက တစ်မျိုးဖြစ်ခဲ့တယ်လို့ အဆိုတွေအရသိရပါတယ်။ ဒီလိုအောင်မြင်ခဲ့တာဟာ အသစ်ထွက်ရှိလာတဲ့မျိုးဆက်သစ် Mi 5 ကိုထုတ်လုပ်အောင်မြင်နိုင်ဖို့အတွက် အများကြီးအရေးပါခဲ့တယ်လို့ ပြောခဲ့ပါတယ်။ Xiaomi ဟာ Mi 5 မှာ နောက်ထပ်မယုံနိုင်ဖွယ်ရာ ပြုလုပ်ချက်တွေထပ်မံဖြည့်သွင်းခဲ့ပြီး အဲ့ဒီထဲက ငါးမျိုးကို မိတ်ဆက်ပေးလိုက်ပါတယ်။

သုံးဘက်မြင်ကြွေကိုယ်ထည်

xiaomi mi 5 announce 11

Xiaomi ဟာ Mi 5 ကို သူတို့ရဲ့ လေ့လာတွေ့ရှိမှုတွေအတိုင်း ဆန်းသစ်တဲ့ ဒီဇိုင်းဖြစ်တဲ့ သုံးဘက်မြင်ကြွေကိုယ်ထည် (3D Ceramic Body) နဲ့ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ Xiaomi ရဲ့ ဒုတိယဥက္ကဌ Hugo Barra ကတော့ Mi 5 မှာ အသုံးပြုထားတဲ့ ကြွေထည်ကို ပန်းကန်တွေမှာလည်းတွေ့နိုင်မှာဖြစ်ပေမယ့် Mi 5 မှာတော့ အကောင်းစားနာနိုဇာကိုနီးယားကြွေကို အသုံးပြုထားတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ သူကပဲဆက်ပြီးတော့ ကြွေထည်နဲ့တည်ဆောက်ထားတဲ့ပုံစံဟာ နောက်ပိုင်းမှာ ကျောက်တွေနဲ့ပြုလုပ်တဲ့ဟန်းဆက်တွေရဲ့ အကြမ်းထည်ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

လက်ဗွေရာဖတ်လုံခြုံရေးစနစ်

xiaomi mi 5 announce19
Fingerprint Scanner ပါဝင်မှုဟာလည်း နောက်ပိုင်းနှစ်တွေရဲ့ မိုဘိုင်းလ်ဖုန်းတွေမှာ ခေါင်းစီးတစ်ခုဖြစ်လာတဲ့ အရာတစ်ခုဖြစ်လာပေမယ့် Xiaomi ကတော့ ဒီခေါင်းစဉ်အောက်ကိုဝင်လာဖို့ အနည်းငယ် နောက်ကျခဲ့တယ်လို့ ဆိုရမှာပါ။ Mi 5 ကတော့ ဒီတစ်ခါမှာ ဖိနှိပ် Home Button တစ်ခုပါဝင်လာပြီး Fingerprint Scanner အဖြစ်လည်း အလုပ်လုပ်မှာ ဖြစ်ပါတယ်။

Quick Charge 3.0

xiaomi mi 5 announce26

နောက်ထပ် ထပ်မံပြောရမယ့် အရာကတော့ Mi 4 မှာ ထည့်သွင်းထားတဲ့ Quick Charge 2.0 ကို Mi 5 မှာ 3.0 အထိမြှင့်တင်ထားတာကိုလည်းတွေ့ရပြီး ၇၅ရာခိုင်နှုန်းအထိ အားသွင်းချိန်ကို လျှော့ချလိုက်တာဖြစ်ပါတယ်။ Quick Charge 3.0 က Mi 5 မှာ ၂၀ရာခိုင်နှုန်းအထိ ပိုမိုမြန်ဆန်တယ်လို့ သိရပါတယ်။ ကုမ္ပဏီရဲ့ အဆိုအရ Quick Charge 3.0 ဟာ Mi 5 ကို ငါးမိနစ်အားသွင်းရုံနဲ့ ၂.၅နာရီကြာအောင်သုံးလို့ရမှာဖြစ်ပါတယ်။ အား ၈၀ ကနေ ၉၀ ရာခိုင်နှုန်းအထိ ရရှိဖို့အတွက် တစ်နာရီလောက်သာအားသွင်းရမှာဖြစ်ပါတယ်။

ကင်မရာဆင်ဆာ

xiaomi mi 5 announce27

Xiaomi ဟာ Mi 5 ကိုတရားဝင်မကြေညာခင် နမူနာရိုက်ချက်တွေကို ရိုက်ကူးပြသခဲ့ပါတယ်။ Mi 5 မှာ 16-Megapixel ရှိတဲ့ Sony ရဲ့ IMX298 ကင်မရာဆင်ဆာကိုအသုံးပြုထားတဲ့ ကင်မရာနဲ့ PDAF (Phase Detection Autofocus) လို့ခေါ်တဲ့ ရွေ့လျားမှုတွေကို အလိုအလျောက်ဆုံချက်ရှာဖွေပေးတဲ့ နည်းပညာနဲ့ LED မီးသီးတို့ပါဝင်လာခဲ့ပါတယ်။ ကျောဘက်ကင်မရာမှာ ဝင်ရိုးလေးခုနဲ့ ထိန်းညှိပေးမယ့် တည်ငြိမ်မြင်ကွင်းပုံရိပ်နည်းပညာ (Optical Image Stabilisation) နဲ့ သလင်းကျောက်ဖန်သားမှန်ဘီလူးကို အသုံးပြုထားပါတယ်။ Xiaomi ကတော့ သူတို့ရဲ့ OIS နည်းပညာကို Apple ရဲ့ iPhone 6s နဲ့ iPhone 6s Plus နည်းပညာတို့နဲ့ နှိုင်းယှဉ်ဖော်ပြခဲ့ပါတယ်။ 4K ဗီဒီယို တွေရိုက်ကူးနိုင်စွမ်းရှိတယ်လို့ဆိုပါတယ်။ ရှေ့ဘက်ကင်မရာကတော့ 4-Ultrapixel နဲ့ 2-micron pixels ရှိတဲ့ 2.0 Aperture ထောက်ပံ့ ကင်မရာဖြစ်ပါတယ်။ Xiaomi က Mi 5 ဟာ အလင်းအားနည်းတဲ့အချိန်မှာ အကောင်းဆုံးရိုက်ကူးနိုင်တဲ့ ပထမဆုံး DTI (Deep Trench Isolation) နည်းပညာထောက်ပံ့ထားတဲ့ ကင်မရာကိုတပ်ဆင်ထားတယ်လို့ဆိုခဲ့ပါတယ်။

ထိပ်တန်းအရည်အသွေးပရိုဆက်ဆာ

snapdragon 820 processor

Xiaomi Mi 5 ဟာ Snapdragon 820 ကိုထောက်ပံ့ပေးထားတာဖြစ်ပြီး အဆိုပါ Chipset ကို ပထမဆုံး Brand တွေထဲက တစ်ခုဖြစ်ပါတယ်။ တရုတ်ကုမ္ပဏီအနေနဲ့ ဒီ MWC ပွဲမှာ Samsung ရဲ့ Galaxy S7 နဲ့ Galaxy S7 Edge, LG ရဲ့ G5 တို့နဲ့ Snapdragon 820 ထောက်ပံ့ထားတဲ့ ပစ္စည်းတွေကိုထုတ်ဖော်သွားခဲ့ပြီးနောက်ပိုင်း ထပ်မံထွက်ပေါ်လာတာဖြစ်ပါတယ်။

ထွက်ပေါ်ထားတဲ့ သတင်းတွေအရ Mi 5 ကို Version သုံးမျိုးနဲ့ ထုတ်လုပ်မှာဖြစ်ပြီး စံပုံစံနဲ့ 3GB RAM, 32GB Inbuild Storage ကဈေးနှုန်းဒေါ်လာ ၃၀၀၊ အမြင့်စား Version နဲ့ 3GB RAM, 64GB Inbuild Storage ကဈေးနှုန်း ဒေါ်လာ ၃၅၂ ကျသင့်မှာဖြစ်ပါတယ်။ နောက်ထပ်တစ်မျိုးဖြစ်တဲ့ 4GB RAM, 128GB Inbuild Storage Version ကတော့ ဒေါ်လာ ၄၁၃ခန့်ရှိမယ်လို့ သိရပါတယ်။

Ref: Gadgets360

You may be interested

လူသိနည်းတဲ့ Google ရဲ့ အလန်းစား App များ
FEATURES, Softwares & Application
177 shares54 views

လူသိနည်းတဲ့ Google ရဲ့ အလန်းစား App များ

Ko Thuya - Jun 20, 2018

Google ရဲ့ Gmail, Maps စတဲ့ Apps များကိုတော့ စာဖတ်သူများ သိရှိကြပါတယ်။ ဒါပေမယ့် Google ဟာ Android Apps များစွာကို ဖန်တီးပေးထားပါတယ်။ အဲဒီအထဲကမှ သင် မသိတဲ့ Google ရဲ့ အကောင်းစား Android…

Xiaomi Mi 8 နဲ့ Mi 8 SE အတွက် MIUI 9.5 ROM ရပြီ
Mobiles & Tablets, NEWS
260 shares55 views

Xiaomi Mi 8 နဲ့ Mi 8 SE အတွက် MIUI 9.5 ROM ရပြီ

Ko Thuya - Jun 20, 2018

Xiaomi က Mi 8 နဲ့ Mi 8 SE တို့ရဲ့ China Stable Version များအတွက် MIUI 9.5 ROM ကို ဖြန့်ချီပေးလိုက်ပါတယ်။ သူတို့ရဲ့ ဗားရှင်းအမည်များကတော့ V9.5.6.0 (OEACNFA) နဲ့…

Steam မှာ $19.99 ထိဈေးလျှော့ပေးလိုက်တဲ့ PlayerUnknown’s Battlegrounds
Uncategorized
118 shares48 views

Steam မှာ $19.99 ထိဈေးလျှော့ပေးလိုက်တဲ့ PlayerUnknown’s Battlegrounds

Nwe Oo - Jun 20, 2018

[Zawgyi] PUBG Corp. ကတော့ စထွက်ကတည်းက ခုချိန်ထိ PlayerUnknown’s Battleground ဂိမ်းကိုဆော့နေတဲ့သူပေါင်း သန်း ၄၀၀ ရှိနေပြီလို့ ဖော်ပြလိုက်ပါပြီ။ တစ်လတစ်လကို Log in ဝင်ဆော့တဲ့သူပေါင်း ၂၂၇သန်းလောက်တောင်ရှိနေပြီး ဒီထက်ပိုများလာဖို့အတွက် အခုဆို Steam မှာ $29.99…

2 Responses

Leave a Comment

Most from this category