စတိဗ်ဂျော့ဘ်ရဲ့ ဇနီး နဲ့ အတူနေချစ်သူ တို့ စတိဗ်ဂျော့ဘ်ရဲ့ရွက်လှေကြီး နဲ့ အတူတူ–

ဖေ့စ်ဘုတ် သူဌေး မက်ဇူကာဘတ် ဟာ တစ်ပတ်တစ်ခါ သူ့သတင်းတွေကို ထုတ်ပြန်လေ့ရှိပါတယ်။ အဲဒီလိုပါပဲ မိုက်ခရိုဆော့ဖ် သူဌေး ဘီလ်ဂိတ်ဟာလည်း မြန်မာစံတော်ချိန် မနက် ၂း၀၀ ဆိုရင် ဖေ့စ်ဘုတ် အင်တာနက် သုံးစွဲပြီး သတင်းနဲ့ သူရဲ့ ပုဂ္ဂိုလ်ရေးပိုင်းဆိုင်ရာ လုပ်ဆောင်ချက်ကလေးတွ လုပ်ကိုင်လေ့ရှိပါတယ်။

တီထွင်သူတွေအကြားမှာ အမြဲလို လူမြင်ကွင်း ရှေ့ကို ထွက်ပေါ်လာဖို့ ခဲယှဉ်းလေ့ရှိတာက Apple,iPhone,iPad တို့ရဲ့ ဂေါ့ဖ်ဖားသား ကြီး စတိဗ်ဂျော့ဘ် ပါပဲ။ သူ့မိသားစုဟာလည်း စတိဗ် နဲ့ ထပ်တူလို အမြဲလို သိုသိုသိပ်သိပ်နေလေ့ရှိပြီး မီဒီယာတွေကို ရှောင်ရှားလေ့ရှိပါတယ်။ စတိဗ်ဂျော့ဘ် ရဲ့ လျို့ဝှက်ချက်တွေ အကြောင်း ကို ဒီမှာ ရေးခဲ့ဖူးပါတယ်။
စတိဗ်ဂျော့ဘ် ရဲ့ လျီု့ဝှက်ချက် ၄၀

အခုတော့ဖြင့် အားလုံးက အံ့အားသင့်စေမယ့် သတင်းတစ်ခု ကို ဒေးလီးမေးလ် က လူသိရှင်ကြား ထုတ်ဖော်ခဲ့ပါတယ်။ အဲဒါကတော့ တခြား မဟုတ်ပါဘူး ..။ စတိဗ်ဂျော့ဘ် ရဲ့ ကျန်ရစ်သူ ဇနီး ဖြစ်သူ Laurene Powell Jobs ဟာ သူရဲ့ အတူနေချစ်သူဖြစ်တဲ့ Adrain Fenty နဲ့ အတူတူ ခရိုအေးရှား မှာ အပန်းဖြေနေတဲ့ ပုံရိပ်တွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ အဲဒီ အပန်းဖြေမငမှာ ပိုဝဲလ ်ရဲ့ ၁၉ နှစ် အရွယ် သမီး ဖြစ်သူ Eve လည်း ပါဝင်ခဲ့ပါတယ်။ ဒါဟာ လင်သေ မုဆိုးမ တစ်ယောက်အတွက် သမားရိုးကျ သတင်းတစ်ပုဒ် ဖြစ်ခဲ့ပေမယ့် Apple ချစ်သူတွေ စိတ်ကသိကအောက် ဖြစ်ရမယ့် အချက်ကတော့ သူတို့ အပန်းဖြေခဲ့တာဟာ စတိဗ်ဂျော့ဘ် ရဲ့ မဖြစ်မြောက်ခဲ့တဲ့ စိတ်ကူးတစ်ခု ဖြစ်တဲ့ Apple Yacht ကြီးပေါ်မှာ ဖြစ်နေလို့ပါပဲ။

Venus လို့ အမည်ပေးထားတဲ့ ရွက်လှေဟာ အခုအချိန်မှာတော့ ၅၂ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဇနီးဖြစ်သူ Powell ပိုင်ဆိုင်မှု ရရှိခဲ့ပြီး ၂၅၆ ပေ အလျားရှိပါတယ်။ ခရိုအေးရှား မှာ အားလပ်ရက် အပန်းဖြေဖို့ အတွက် သုံးစွဲခဲ့တာ ဖြစ်ပါတယ်။ စတိဗ် နဲ့ ပိုဝဲလ် ဟာ သား၊ သမီး ၃ ဦး ထွန်းကားခဲ့ပြီး  Reed (သား) Eve(သမီး)  နဲ့ Erin (သမီး) စသဖြင့် အမည်နာမ အသီးသီး ရှိခဲ့ပေမယ့် ကနဦး မွေးဖွားခဲ့တဲ့ လီဆာကတော့ အသိအမှတ်ပြုမခံခဲ့ဖူး လို့ ဆိုပါတယ်။ ပိုဝဲလ် နဲ့ စတိဗ်ဟာ ၁၉၉၁ ခုနှစ် မတ်လ မှာ လက်ထပ်ခဲ့ပေမယ့် ကနဦး သမီးဖြစ်သူ လီဆာကလည်း အဲဒီ လက်ထပ်ပွဲကို အသိအမှတ်မပြုခဲ့ဖူးလို့ ဆိုပါတယ်။

အမှန်ပါပဲ ..။ စတိဗ်ဂျော့ဘ် ဟာ စိတ်ကူးကြမ်းပေါင်းမြောက်များစွာကို ပိုင်ဆိုင်ခဲ့ပြီး အရွယ်မတိုင်ခင် ၅၅ နှစ် အရွယ်မှာ ဆုံးပါးခဲ့ရတာမို့ တချို့ အိပ်မက်တွေ ဟာ အကောင်အထည် မပေါ်နိုင်ခဲ့ပါဘူး ။ Apple ရွက်လှေဆိုတာဟာ စတိဗ်ရဲ့ အိပ်မက်တစ်ခု ပါပဲ။ အခုအချိန်မှာတော့ ကနဦး အတိုင်း ရှိနေသေးတဲ့ Apple Yacht ဟာ ဒေါ်လာ သန်း ၁၀၀ တန်ကြေး ရှိပါတယ်။ ၂၀၀၈ ခုနှစ်တတည်းက အဲဒီ ရွက်လှေပေါ်မှာ နည်းပညာပိုင်း ပစ္စည်းမျီုးစုံ ထည့်သွင်းပြီး ကမ္ဘာပတ်ချင်တဲ့ လူချမ်းသာတွေကို ရောင်းချဖို့ ဆိုတဲ့ စိတ်ကူးကို စတိဗ်ဂျော့ဘ် မက်ခဲံဖူးတဲ့အကြောင်း တင်ပြလိုက်ရပါတယ်။

 

Ref : DM

%d bloggers like this: