ကမ္ဘာ့အကြီးဆုံး LED TV ကို မှာယူနိုင်

လူ ၆ ယောက်စာ အရပ်ရှိတဲ့ ကမ္ဘာ့အကြီးဆုံး LED TV ကို ဆမ်ဆောင်းက ထုတ်လုပ်နိုင်ခဲ့ပြီး လက်မအားဖြင့် ၃၄ လက်မ အရွယ်ရှိတယ် လို့ သိရပါတယ်။ လေဆာ LED TV တွေထဲမှာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး အရွယ်အစား ဖြစ်တယ် လို့ နောက်ပိုင်း အကဲဖြတ်ချက်တွေအရ သိရပါတယ်။

ကြည်လင်တောက်ပမှု အရည်အသွေး နဲ့ ပုံထွက်ရှင်းလင်းပြတ်သားမှုတွေဟာ သမားရိုးကျ TV တွေထက် ၁၀၀ ရာခိုင်နှုန်း ပိုမိုကောင်းမွန်တယ်လို့ ဆမ်ဆောင်းက ထုတ်ဖော်ပြောကြားခဲ့ပြီး 4K ရုပ်ထွက် အရည်အသွေးတွေကို အကောင်းဆုံး ထုတ်ဖော်ပေးနိုင်တယ် လို့ ဆိုပါတယ်။

အခု TV ကြီးကို ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေက တောင်ကိုရီးယားနိုင်ငံ၊ Lotte Cinema မှာ တပ်ဆင်ခဲ့ပြီး ရုပ်ရှင်ရုံအဖြစ် အသုံးပြုခဲ့ပေမယ့် တခြား ဖြေဖျော်ရေးလုပ်ငန်းတွေမှာလည်း သုံးစွဲသွားမယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ဈေးကွက်ထဲကို အမှာစာ မတောင်းခံသေးပေမယ့် ဒီလို အရွယ်အစား နဲ့ အရည်အသွေးတွေကို ကုမ္ပဏီကို တိုက်ရိုက်မှာကြားနိုင်တဲ့အပြင် ဈေးနှုန်းသက်သာစွာနဲ့ ရောင်းချပေးမယ် လို့ ဆိုပါတယ်။ အခု ဖော်ပြတဲ့ ကမ္ဘာ့အကြီးဆုံး TV ဟာ ပြီးခဲ့တဲ့ မတ်လ ကတည်း ကသတင်းထွက်ခဲ့ပေမယ့် ဈေးနှုန်းနဲ့အတူတူ ပြင်ပကို ရောင်းချပေးမယ့် သတင်းကတော့ အခု မှ ထွက်ပေါ်လာခဲ့ပြီး မင်းပွဲစိုးပွဲ နဲ့ အရေးကြီးတဲ့ နိုင်ငံအခမ်းအနားတွေမှာ ဖြစ်ဖြစ် ၊ ကြီးမားတဲ့ ကုမ္ပဏီတွေမှာ ဖြစ်ဖြစ် ထားရှိသုံးစွဲနိုင်မှာဖြစ်ပြီး လာမည့် ၂၀၁၈ နှစ်သစ်ကူးအကြို မှာ ထပ်မံ အသုံးပြုသွားမှာ ဖြစ်တယ် လို့ သိရပါတယ်။

Ref : samsung

%d bloggers like this: