မီယာမီကမ်းခြေ က လင်းလက်တောက်ပလာပြန်လာတဲ့ Blu Vivo 8

အမေရိကန် ဖလော်ရီဒါ၊ မီယာမီကမ်းခြေမြို့ အခြေစိုက် Blu ကုမ္ပဏီ ဟာ သူရဲ့ ခုနှစ်မြောက် ထုတ်ကုန်နေရာမှာ အမှတ်စဉ် ၇ ကို ကျော်လွှားပြီး Blu Vivo 8 အဖြစ် အများပြည်သူရှေ့ကို ချပြခဲ့ပြီး Amazon မှာ ဒေါ်လာ ၃၀၀ ( မြန်မာငွေ ၄ သိန်းခန့်ဝန်းကျင်) နဲ့ ဝယ်ယူလို့ ရရှိနိုင်ပြီ လို့ ဆိုပါတယ်။

အမေရိကန် ကုမ္ပဏီဖြစ်တဲ့ BLU Products ဟာ ဒီဇိုင်းပိုင်းအရ အရမ်းလန်းတဲ့ ထုတ်ကုန်တွေကို ထုတ်လုပ်နေခဲ့တဲ့ ကုမ္ပဏီဖြစ်ပြီး ဈေးသက်သာတဲ့ မိုဘိုင်းဖုန်းတွေနဲ့ မိုဘိုင်းဖုန်းဆက်စပ်ပစ္စည်းတွေကို ရောင်းချခဲ့ပြီး အခုလည်း သက်သာတဲ့ ဈေးနှုန်း၊ အဆင့်မြင့်ထုတ်ကုန်အရည်အသွေးတွေနဲ့ ဈေးကွက်ထဲကို ဖြန့်ကြက်ခဲ့တာ ဖြစ်ပါတယ်။

အသစ်ထုတ်လိုက်တဲ့ Blu Vivo 8 ဟာ Coring Gorilla Glass 3.0 သုံးစွဲထားတဲ့ မျက်နှာပြင် ဟာ နိမ့်ပါးတယ် လို့ ဆိုနိုင်ပေမယ့် အကျယ်  ၅.၅ လက်မ ရှိပြီး 64 GB သိုလှောင်နိုင်စွမ်း Onboard ပေးထားပါတယ်။ 4GB RAM ကို သုံးစွဲထားပြီး 4G LTE အဆင်သင့်ဖြစ်နေစေပါတယ်။ 1080p Res ရှိတဲ့ မျက်နှာပြင် ဟာ Full HD မျက်နှာပြင် ရရှိမှာ ဖြစ်ပါတယ်။ ဘော်ဒီကိုယ်ထည်တစ်ခုလုံး နီးပါး ဟာ (87 % လို့ ဆိုပါတယ်။) သတ္တုကိုယ်ထည် နဲ့ တည်ဆောက်ထားပြငီး MediaTek 6755 P10 2.0 Octa core processor ပါရှိပြီး Fingerprint sensor ဟာ မရှိမဖြစ် ထည့်သွင်းပေးထားပါတယ်။ အရှေ့ကင်မရာ 16 MP၊ နောက် ကင်မရာ 13MP ရှိပြီး ကင်မရာ ရဲ့ ဆင်ဆာ ဟာ Sony IMX258 နည်းပညာ သုံးစွဲထားပါတယ်။

ဘက်ထရီကတော့ 4010 mAh ထည့်သွင်းထားပါတယ်။ GSM နက်ဝက်ဖြစ်ပြီး အမေရိကတလွှားမှာ အကောင်းဆုံး ကွန်ယက် လို့ ခေါ်ဆိုနိုင်တဲ့ T-Mobile , AT&T စတာတွေ နဲ့ ချိတ်ဆကလို့ ရနိုင်မယ် လို့ ဆိုပါတယ်။ Android ကတော့ 7.0 Nougat ပါ။

Ref : Androoidcom, Phonearena

%d bloggers like this: