ပြင်သစ်အခြေစိုက် အွန်လိုင်းဟိုတယ်ဘွတ်ကင်ဝန်ဆောင်မှု ဝက်ဆိုက်ဒ် Jovago မှ ဝက်ဆိုက်ဒ်အသုံးပြုသူများအတွက် Jovago Travel Smart အမည်ရ လျော့ဈေးနှစ်ထပ်ကွမ်းရရှိမည့် ပရိုမိုးရှင်းအစီအစဉ်သစ်ကို မိတ်ဆက်ပေးလိုက်ပြီ ဖြစ်ကြောင်း ယနေ့ထုတ်ပြန်ကြေညာသည်။
အဆိုပါအစီအစဉ်သစ်အရ Jovago င့် Jovago Mobile App တို့ကို ရှိနှင့်ပြီး အကောင့်ဖြင့် ဝင်ရောက်အသုံးပြုသူများနှင့် အကောင့်သစ်ဖွင့်လှစ်အသုံးပြုသူများအား လျော့ဈေး ထပ်မံပေးအပ်မည် ဖြစ်သည်။ Login ဝင်အသုံးပြုသူများအနေဖြင့် မူလလျော့ဈေးနှူန်းထားတစ်ရပ် အပေါ်တွင် Jovago Travel Smart အစီအစဉ်မှ ပေးအပ်သည့် လျော့ဈေးနှူန်းထားတစ်ရပ်ကို ရယူ ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။ Login ဝင်ရောက်ခြင်းမရှိသော သာမန်အသုံးပြုသူများအနေဖြင့် မူလ လျော့ဈေး နှူန်းထားကိုသာ မြင်တွေ့ရမည် ဖြစ်သည်။
ယခုလက်ရှိတွင် Jovago နှင့် ဟိုတယ်များပူးပေါင်းကာ ရာခိုင်နှုန်း ၇၀ ကျော်အထိ လျော့ဈေးများ ဖြင့် တည်းခိုနိုင်မည့် Monsoon around Myanmar ပရိုမိုးရှင်းနှင့် Bagan Pagoda Festival ပရိုမိုရှင်းများကို လုပ်ဆောင်လျှက်ရှိရာ ပုဂံ၊ ဘားအံ၊ ပြင်ဦးလွင်နှင့် ကလော အစရှိသည့် မြို့များရှိ ဟိုတယ်များအား Jovago ဝက်ဆိုက်ဒ်မှတဆင့် ဟိုတယ်ဘွတ်ကင်ပြုလုပ်သည့် ခရီးသွားများ အနေဖြင့် သြဂုတ်လကုန်အထိ သက်သာသောဈေးနှုန်းများဖြင့်တည်းခိုနိုင်မည်ဖြစ်သည်။
Ref : Jovago
You must log in to post a comment.