MPT ရဲ့ Happy Data Combo Pack

Youtube ဗီဒီယိုတွေကို မထစ်မငေါ့ပဲ ကြည့်နိုင်ပြီး Pyone Play မှာ MRTV-4 နဲ့ Channel 7 က အစီအစဉ်ကောင်းတွေကိုလည်း တစ်စုတစ်စည်းတည်းကြည့်ရှုနိုင်ဖို့ အတွက် ဒေတာ အပိုလက်ဆောင်တွေကို ရယူနိုင်မယ့် Happy Data Combo Pack တွေကို MPT က မိတ်ဆက်ပေးလိုက်ပါတယ်။

Happy Data Combo Pack ကို ငွေကျပ် ၄၀၀ နှုန်းကနေစပြီး ၃ သောင်းကျပ်တန်အထိ ကြိုက်နှစ်သက်တဲ့ Pack ကို ရွေးချယ်ဝယ်ယူနိုင်တယ် လို့ ဆိုပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ လူသုံးများတဲ့ Facebook , Viber တွေအအတွက်လည်း ဒေတာ လက်ဆောင်တွေကို ရယူနိုင်မှာ ဖြစ်တယ် လို့ ဆိုပါတယ်။

 

Happy Data Combo Pack တွေကို တခြား Package တွေလို MPT ရဲ့ prepaid/postpaid GSM/ွျှCDMA အသုံးပြုသူများအပြင် LTE+ အသုံးပြုသူများအားလုံး ရယူနိုင်မှာ ဖြစ်တယ် လို့ ဆိုပါတယ်။ Data တွေနဲ့  အခြားသော ပရိုမိုးရှင်း Data Package တွေကိုလည်း ဆက်လက်ဝယ်ယူ အသုံးပြုနိုင်မှာ ဖြစ်တယ် လို့ ဆိုပါတယ်။

Ref : MPT

%d bloggers like this: