0 Shares 50 Views

MasterCard အသုံးပြုသူတွေအနေနဲ့ Selfie ရိုက်ပြီး ငွေပေးချေနိုင်တော့မည်

Feb 28, 2016
0 50

ခရက်ဒစ်ကတ်လိမ်လည်အသုံးပြုမှုတွေကို တိုက်ဖျက်ဖို့နေရာမှာ Selfie ဟာ အဓိကအသုံးဝင်တဲ့ tool တစ်ခု ဖြစ်လာပါတော့မယ်။

MasterCard ကုမ္ပဏီဟာ ဒီတစ်ပတ်ထဲမှာပဲ “Selfie Pay” ဆိုတဲ့ ဆယ်လ်ဖီငွေချေမှုစနစ်ကို MWC ပွဲမှာ တရားဝင် မိတ်ဆက်သွားခဲ့ပြီး၊ MasterCard ကိုင်သူတွေအနေနဲ့ မိမိ selfie ဓာတ်ပုံ ဒါမှမဟုတ် လက်ဗွေရာကို အသုံးချကာ၊ မိုဘိုင်းကနေ အွန်လိုင်းငွေပေးချေမှုတွေကို လုပ်ဆောင်နိုင်တော့မှာဖြစ်ပါတယ်။

MasterCard ကုမ္ပဏီဟာ Selife Pay ကို လွန်ခဲ့တဲ့ဆောင်းရာသီမှာ စတင်စမ်းသပ်ခဲ့တာဖြစ်ပြီး၊ အောင်မြင်မှုတွေ ရရှိခဲ့ပြီးနောက်၊ အခုအခါ အမေရိကန်၊ ကနေဒါ၊ ယူကေနဲ့ တခြားဥရောပနိုင်ငံအချို့မှာ လာမယ့်လအနည်းငယ်အတွင်း လက်တွေ့အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။

‘Selfie ငွေချေမှုစနစ်’ ကို အသုံးပြုဖို့အတွက် ပထမဦးစွာ Master Card app ကို ဒေါင်းလုဒ်ဆွဲရယူရမှာ ဖြစ်ပါတယ်။၊ အသုံးပြုသူအနေနဲ့ သူတို့ရဲ့ ခရက်ဒစ်ကတ်အချက်အလက်တွေကို ပုံမှန်အတိုင်းပဲ ဖြည့်စွက်ရမှာ ဖြစ်ပြီး၊ နောက်တစ်ဆင့်မှာ ဖုန်းနဲ့ Selfie ရိုက်တာ၊ ဒါမှမဟုတ် ဖုန်းကလက်ဗွေရာစကင်နာမှာ လက်ဗွေဖတ် တာတွေကို ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

ဒီ app ဟာ Selfie ဓာတ်ပုံနဲ့ လက်ဗွေရာတို့မှာ ပါဝင်တဲ့၊ လူတစ်ယောက်နဲ့တစ်ယောက် မတူညီတဲ့ ဇီဝလက္ခဏာအမှတ်အသားတွေကို စကင်ဖတ်နိုင်ပြီး၊ အွန်လိုင်းငွေပေးချေမှုပြုလုပ်ရာမှာ တကယ့် MasterCard ပိုင်ရှင်လားဆိုတာ ခွဲခြားသိနိုင်မှာဖြစ်ပါတယ်။

ရိုက်ပြီးသားဓာတ်ပုံကို ကင်မရာရှေ့မှာ ထောင်ပြပြီး၊ Selfie သဏ္ဍာန်အတုပြုလုပ်မှုတွေအတွက်၊ Selfie ရိုက်ကူးတဲ့အကြိမ်တိုင်းမှာ မျက်တောင်ခတ်ပေးဖို့ လိုအပ်တယ်လို့ MasterCard ကုမ္ပဏီက ဆိုပါတယ်။ ဒီ့အပြင် ဗီဒီယိုတစ်ခုနဲ့ app ကို လှည့်စားတာမျိုးမလုပ်နိုင်အောင်အတွက်လည်း အထူးပရိုဂရမ်တစ်ခု ဆွဲထားတယ်လို့ သိရပါတယ်။

ခရက်ဒစ်ကတ်လိမ်လည်အသုံးပြုမှုမြင့်တက်လာတာနဲ့အမျှ၊ ကုမ္ပဏီတွေအနေနဲ့၊ passcode ၊ PIN နံပါတ်တွေထက် ပိုမိုစိတ်ချရတဲ့ biometric နည်းပညာတွေကို တိုးမြှင့်အသုံးပြုလာကြပြီး၊ MasterCard အနေနဲ့ နောက်ပိုင်းမှာ အသုံးပြုသူရဲ့ နှလုံးခုန်မှုကနေထွက်ရှိတဲ့ လျှပ်စစ်ဆစ်ဂနယ်ကိုဖတ်ပြီး အသုံးပြုသူကို အတည်ပြုသွားဖို့လည်း ရှိတယ်လို့သိရပါတယ်။

Ref: Mashable

You may be interested

Brazzers က Porn ကြည့်ဖို့ အထူးဒီဇိုင်းထုတ်ထားတဲ့ စမတ်ဖုန်းကို ဖန်တီးနေ
Mobiles & Tablets, NEWS
0 shares0 views

Brazzers က Porn ကြည့်ဖို့ အထူးဒီဇိုင်းထုတ်ထားတဲ့ စမတ်ဖုန်းကို ဖန်တီးနေ

Ko Thuya - Oct 22, 2017

လူကြီးဖျော်ဖြေရေး ၀က်ဆိုက်များဟာ Virtual Reality လို အဆင့်မြင့် နည်းပညာများကို အသုံးပြုနေကြပါတယ်။ အခုလည်း နာမည်ကျော် အပြာဝက်ဆိုက် Brazzers က Porn ကြည့်ဖို့ အထူးဖန်တီးထားတဲ့ စမတ်ဖုန်းကို ဖန်တီးနေပါတယ်။ အဲဒီ ဖုန်းကို Brazzers Peach လို့…

iPhone 9 မှာ iPhone X ရဲ့ Features အားလုံးပါပြီး ဈေးသက်သာမည်
Apple, HUBS, Mobiles & Tablets
265 shares45 views

iPhone 9 မှာ iPhone X ရဲ့ Features အားလုံးပါပြီး ဈေးသက်သာမည်

Ko Thuya - Oct 22, 2017

iPhone X ရဲ့ တန်ဖိုးအနည်းဆုံး မော်ဒယ်ဟာ ဒေါ်လာ ၁၀၀၀ ရှိတဲ့အတွက် အလွန် ဈေးကြီးတဲ့ ဖုန်း ဖြစ်ပါတယ်။ iPhone X ကို နိုဝင်ဘာလ ၃ ရက်နေ့မှာ စတင် ရောင်းချပေးမှာ ဖြစ်ပေမယ့် အလုံအလောက် ရောင်းချနိုင်ခြင်း…

Google က ပွာတိုရီကိုမှာ မိုးပျံဘောလုံးများဖြင့် အင်တာနက် ထုတ်လွှင့်ပေး
Google, HUBS, NEWS
83 shares2 views

Google က ပွာတိုရီကိုမှာ မိုးပျံဘောလုံးများဖြင့် အင်တာနက် ထုတ်လွှင့်ပေး

Ko Thuya - Oct 22, 2017

Google က အမေရိကန် ဆက်သွယ်ရေးကော်မရှင် (FCC) ထံကနေ ခွင့်ပြုချက် ရရှိပြီးနောက်မှာ ပွာတိုရီကိုမှာ မိုးပျံဘောလုံးများဖြင့် အင်တာနက် ထုတ်လွှင့်ပေးတဲ့ အစီအစဉ်ကို စတင်လိုက်ပါတယ်။ Google က ကျွန်းရဲ့ ဧရိယာအချို့ကို အင်တာနက်ထုတ်လွှင့်ပေးဖို့အတွက် AT&T နဲ့ ပူးပေါင်းလိုက်ပြီလို့ ပြီးခဲ့တဲ့…

Leave a Comment

Most from this category